ကလပ်အဆင့်မှာသာပြိုင်ဆိုင်မှုပြင်းထန်နေကြပေမယ့် သူတို့တွေအချင်းချင်းညီညွတ်ကြတဲ့ ဘရာဇီးသားတွေ

ပရီးမီးယားလိဂ်က ဘရာဇီးသားတွေဟာ ကလပ်အဆင့်မှာသာ

ပြိုင်ဆိုင်မှုပြင်းထန်နေကြပေမယ့် သူတို့တွေအချင်းချင်း

ညီညွတ်ကြတယ် ဆိုတာကို ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအပြန်ခရီးမှာ

ပြသလိုက်ကြပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းဟာ

မနေ့တုန်းကအာဂျင်တီးနား နဲ့ဂိုးမရှိသရေကျခဲ့ပေမယ့်

ဒီပွဲမတိုင်ခင်ကတည်းကခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ စနေနေ့မှာပြန်လည်စတင်တော့မှာဖြစ်လို့

ဒီဘရာဇီးသားတွေဟာ အင်္ဂလန်ကိုအမြန်ပြန်ရောက်ဖို့လိုနေတဲ့အတွက်

သီးသန့်ဂျက်လေယာဥ်နဲ့ အတူပြန်လာခဲ့ကြတာဖြစ်ပါတယ်။

သူတို့တွေကတော့ လီဗာပူးက ဖာမီနိုနဲ့ အဲလစ်ဆန်၊ မန်စီးတီးက

ဂျီးဆပ်နဲ့ အန်ဒါဆန်၊ မန်ယူက ဖရက်ဒ်နဲ့ လိဒ်ယူနိုက်တက် ရာဖင်ဟာ

တို့ဖြစ်ကြပါတယ်။ သူတို့တွေထဲမှာ ရာဖင်ဟာကလွဲလို့

ကျန်တဲ့သူတွေဟာသက်ဆိုင်ရာကလပ်တွေနဲ့အတူ ပရီးမီးယားလိဂ်

ချန်ပီယံဖြစ် နိုင်ချေရှိကြသူတွေချည်းပါဘဲ။ ဒီအတွက်ကလပ်အဆင့်မှာ

ပြိုင်ဆိုင်မှုပြင်းထန်ကြပေမယ့် အချင်းချင်းညီညွတ်ကြတာကို

လီဗာပူးဂိုးသမားအဲလစ်ဆန်ရဲ့ဆိုရှယ်မီဒီယာ ပေါ်မှာတင်ခဲ့တဲ့

ပုံကသက်သေပြနေပါတယ်။ သူ့ရဲ့အင်စတာဂရမ်ကနေ အဲလစ်ဆန်က

သူတိ့ ၆ ဦးတွဲရိုက်ထားတဲ့ဓါတ်ပုံကိုတင်ပြီး ‘အိမ်ပြန်ကြစို့’ ဆိုတဲ့စာကို

ရေးသားဖော်ပြခဲ့ပါတယ်။ ဒီဓါတ်ပုံမှာအဲလစ်ဆန်ဟာ ဝိုင်ခွက်ကို

ကိုင်ထားတာလည်းတွေ့ရပါတယ်။ ဒါပေ မယ့် ပရီးမီးယားလိဂ်က

ဘရာဇီးလက်ရွေးစင်တွေက ၉ ဦးအထိရှိနေပြီး ချဲလ်ဆီးက

သီယာဂိုဆေးလ်ဗား၊ စပါးက အီမာဆန်နဲ့ အာဆင် နယ်က ဂါဘရီရယ် တို့တော့

ဓါတ်ပုံထဲမှာမပါခဲ့လို့ ဒီ ၃ ဦးကကျန်တဲ့ ၆ ဦးနဲ့လေယာဥ်တစ်စီးတည်း

အတူမရှိလောက်ဘူးလို့ဆိုကြပါတယ်။

ဒီဘရာဇီးသားတွေဟာ စက်တင်ဘာနဲ့အောက်တိုဘာ နိုင်ငံတကာပွဲတွေကာလကအပြန်ခရီးမှာ

လေယာဥ်ခရီးစဥ်အချိန်ကြာမြင့်တာ၊ ကိုဗစ် စည်းမျဥ်းတွေနဲ့

ကြုံခဲ့ရတာတွေကြောင့် သူတို့နဲ့ပတ်သက်ပြီးအရှုပ်အထွေးတွေလည်

းရှိခဲ့ကြပါတယ်။ ဒါပေမယ့်လက်ရှိမှာသူတို့ အတွက် ကိုဗစ်စည်းမျဥ်းတွေ

လျှော့ပေါ့ပေးထားလို့ ပြဿနာမရှိတော့တဲ့အပြင်

နောက်ထပ်နိုင်ငံတကာပွဲကာလကလည်း ၂၀၂၂ မတ်လ မှာဖြစ်လို့

ကလပ်တွေအတွက်ကာလအတိုင်းအတာတစ်ခုအထိ စိတ်အေးရတော့မှာဖြစ်ပါတယ်။

zawgyi

ကလပ္အဆင့္မွာသာၿပိဳင္ဆိုင္မႈျပင္းထန္ေနၾကေပမယ့္ သူတို႔ေတြအခ်င္းခ်င္းညီၫြတ္ၾကတဲ့ ဘရာဇီးသားေတြ

ပရီးမီးယားလိဂ္က ဘရာဇီးသားေတြဟာ ကလပ္အဆင့္မွာသာ

ၿပိဳင္ဆိုင္မႈျပင္းထန္ေနၾကေပမယ့္ သူတို႔ေတြအခ်င္းခ်င္း

ညီၫြတ္ၾကတယ္ ဆိုတာကို ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျပန္ခရီးမွ

ာ ျပသလိုက္ၾကပါတယ္။ ဘရာဇီးလက္ေ႐ြးစင္အသင္းဟာ

မေန႔တုန္းကအာဂ်င္တီးနား နဲ႔ဂိုးမရွိသေရက်ခဲ့ေပမယ့္

ဒီပြဲမတိုင္ခင္ကတည္းကေျခစစ္ပြဲေအာင္ျမင္ထားၿပီးျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ စေနေန႔မွာျပန္လည္စတင္ေတာ့မွာျဖစ္လို႔

ဒီဘရာဇီးသားေတြဟာ အဂၤလန္ကိုအျမန္ျပန္ေရာက္ဖို႔လိုေနတဲ့အတြက္

သီးသန႔္ဂ်က္ေလယာဥ္နဲ႔ အတူျပန္လာခဲ့ၾကတာျဖစ္ပါတယ္။

သူတို႔ေတြကေတာ့ လီဗာပူးက ဖာမီႏိုနဲ႔ အဲလစ္ဆန္၊ မန္စီးတီးက

ဂ်ီးဆပ္နဲ႔ အန္ဒါဆန္၊ မန္ယူက ဖရက္ဒ္နဲ႔ လိဒ္ယူႏိုက္တက္ ရာဖင္ဟာ

တို႔ျဖစ္ၾကပါတယ္။ သူတို႔ေတြထဲမွာ ရာဖင္ဟာကလြဲလို႔

က်န္တဲ့သူေတြဟာသက္ဆိုင္ရာကလပ္ေတြနဲ႔အတူ ပရီးမီးယားလိဂ္

ခ်န္ပီယံျဖစ္ ႏိုင္ေခ်ရွိၾကသူေတြခ်ည္းပါဘဲ။ ဒီအတြက္ကလပ္အဆင့္မွာ

ၿပိဳင္ဆိုင္မႈျပင္းထန္ၾကေပမယ့္ အခ်င္းခ်င္းညီၫြတ္ၾကတာကို

လီဗာပူးဂိုးသမားအဲလစ္ဆန္ရဲ႕ဆိုရွယ္မီဒီယာ ေပၚမွာတင္ခဲ့တဲ့

ပုံကသက္ေသျပေနပါတယ္။ သူ႔ရဲ႕အင္စတာဂရမ္ကေန အဲလစ္ဆန္က

သူတိ့ ၆ ဦးတြဲ႐ိုက္ထားတဲ့ဓါတ္ပုံကိုတင္ၿပီး ‘အိမ္ျပန္ၾကစို႔’ ဆိုတဲ့စာကို

ေရးသားေဖာ္ျပခဲ့ပါတယ္။ ဒီဓါတ္ပုံမွာအဲလစ္ဆန္ဟာ ဝိုင္ခြက္ကို

ကိုင္ထားတာလည္းေတြ႕ရပါတယ္။ ဒါေပ မယ့္ ပရီးမီးယားလိဂ္က

ဘရာဇီးလက္ေ႐ြးစင္ေတြက ၉ ဦးအထိရွိေနၿပီး ခ်ဲလ္ဆီးက

သီယာဂိုေဆးလ္ဗား၊ စပါးက အီမာဆန္နဲ႔ အာဆင္ နယ္က ဂါဘရီရယ္ တို႔ေတာ့

ဓါတ္ပုံထဲမွာမပါခဲ့လို႔ ဒီ ၃ ဦးကက်န္တဲ့ ၆ ဦးနဲ႔ေလယာဥ္တစ္စီးတည္း

အတူမရွိေလာက္ဘူးလို႔ဆိုၾကပါတယ္။ ဒီဘရာဇီးသားေတြဟာ

စက္တင္ဘာနဲ႔ေအာက္တိုဘာ ႏိုင္ငံတကာပြဲေတြကာလကအျပန္ခရီးမွာ

ေလယာဥ္ခရီးစဥ္အခ်ိန္ၾကာျမင့္တာ၊ ကိုဗစ္ စည္းမ်ဥ္းေတြနဲ႔

ႀကဳံခဲ့ရတာေတြေၾကာင့္ သူတို႔နဲ႔ပတ္သက္ၿပီးအရႈပ္အေထြးေတြလည္

းရွိခဲ့ၾကပါတယ္။ ဒါေပမယ့္လက္ရွိမွာသူတို႔ အတြက္ ကိုဗစ္စည္းမ်ဥ္းေတြ

ေလွ်ာ့ေပါ့ေပးထားလို႔ ျပႆနာမရွိေတာ့တဲ့အျပင္

ေနာက္ထပ္ႏိုင္ငံတကာပြဲကာလကလည္း ၂၀၂၂ မတ္လ မွာျဖစ္လို႔

ကလပ္ေတြအတြက္ကာလအတိုင္းအတာတစ္ခုအထိ စိတ္ေအးရေတာ့မွာျဖစ္ပါတယ္။