ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဗီနီစီးယက်စ် ဟာဗလင်စီယာကို
အနိုင်ရခဲ့တဲ့ပွဲမှာ ကွင်းဘေးမှာချထားတဲ့ ကလပ်ရဲ့တံဆိပ်ကိုနင်းမိမှာစိုးလို့
ခုန်ကျော်လိုက်တဲ့အတွက် ပရိသတ်တွေကသူ့ကို
အကြီးအကျယ်သဘောကျနေပြီး ကလပ်အပေါ်အရမ်းကို
သိတတ်လေးစားသူအဖြစ် သတ်မှတ်နေကြပါတယ်။
ဒီပွဲမှာ အန်စလော့တီရဲ့အသင်းက ၄-၁ နဲ့နိုင်ခဲ့ပြီး
ဗီနီစီးယက်စ်က ၂ ဂိုးသွင်းကာသူ့ခြေစွမ်းကောင်းကို
ဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။
သူဟာပျက်သွားတဲ့ဘောလုံးကို ဗလင်စီယာကစားသမားတစ်ဦးနဲ့အတူ
လိုက်ယူဖို့ကြိုးစားတုန်းမှာ ဘေးထွက်ဘောဖြစ်သွားခဲ့ပြီး
အရှိန်မထိန်းနိုင်ခဲ့တဲ့ ဗီနီစီးယက်စ် ဟာလည်းကွင်းဘေးစည်းကို
ရောက်သွားလို့ ကလပ်တံဆိပ်ကိုနင်းမိမလိုဖြစ်ခဲ့တာပါ။
ဒါပေမယ့်လည်း အသက် ၂၁ နှစ်သာရှိသေးတဲ့ ဗီနီစီးယက်စ် က
ဒီတံဆိပ်အပေါ်လေးစားတဲ့အနေနဲ့ ခုန်ကျော်လိုက်တဲ့အတွက်
ပရိသတ်တွေက သူ့ကိုသဘောကျသွားကြတာဖြစ်ပါတယ်။
ဒါကြောင့်လည်းတွစ်တာပေါ်မှာသူ့ကိုချီးကျူးထောပနာသံတွေ
အများကြီးထွက်ပေါ်ခဲ့ရတာဖြစ်ပါတယ်။
တွစ်တာပေါ်ကပို့စ်တွေအရ ” ဒီတစ်ခုနဲ့ဘဲ ဗီနီစီးယက်စ် ဟာ
ရီးရဲလ်ရဲ့ ဂန္ထဝင်ဖြစ်လာတော့မယ်”၊ ”ဒါကိုမြင်လိုက်တာ ကျွန်တော်တစ်ယောက်တည်းလို့
ထင်ခဲ့သေးတာပါ။ အရူးအမူးကိုလေးစားပါတယ်”‘၊
” ဒီလိုငယ်ရွယ်တဲ့အသက်နဲ့ အခုလိုလုပ်ပြလိုက်တာဟာ
ဗီနီစီးယက်စ်အတွက်အများကြီးအဓိပ္ပါယ်
ရှိသွားစေပါတယ်” အစရှိသဖြင့်ဖော်ပြခဲ့ကြပါတယ်။
ဗီနီစီးယက်စ် ဟာဒီရာသီမှာခြေစွမ်းကောင်းပြသထားနိုင်ပြီး
ပြိုင်ပွဲအရပ်ရပ် ၂၆ ပွဲမှာ ၁၄ ဂိုးသွင်းကာ တစ်ဂိုးဖန်တီးပေးထားသူဖြစ်ပါတယ်။
သူ့ရဲ့အခုလိုလုပ်ရပ်ကို ကစားဖော်အချို့ကလည်းချီးကျူးခဲ့ကြပြီး
ငယ်ရွယ်သေးပေမယ့် လေးစားမှုရှိတဲ့စိတ်ထားမျိုး
ပိုင်ဆိုင်ထားသူလို့လည်း ဆိုခဲ့ကြပါတယ်။
ဒီပွဲမှာရီးရဲလ်အတွက်နောက်ထပ် ၂ ဂိုးကို ဗီနီစီးယက်စ် ရဲ့
ကစားဖော်ဖြစ်တဲ့ ဘင်ဇီမာက သွင်းယူခဲ့တာဖြစ်ပါတယ်။
zawgyi
ကလပ်ရဲ့တံဆိပ်ကိုနင်းမိမှာစိုးလို့ ခုန်ကျော်လိုက်တဲ့အတွက် ပရိသတ်တွေ သဘောကျတာခံနေရတဲ့ ဗီနီစီးယက်စ်