ကလပ်ပရိသတ်တွေနဲ့ ကလော့ပ်တို့ကြားက ခိုင်မာတဲ့ဆက်ဆံရေးကို ဖော်ပြနေတဲ့ ဖြစ်ရပ်တစ်ခု

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ပဲလေ့စ်ကို အနိုင်ရပြီးတဲ့နောက်

လီဗာပူးနည်းပြတစ်ယောက်ဂျာဂင်ကလော့ပ်တစ်ယောက်ပျော်နေပုံရပြီး

အသင်းပရိသတ်အချို့ကို ဘီယာပုလင်းတွေပေးခဲ့ပါတယ်။

လန်ဒန်မှာ သွားရောက်ကစားခဲ့တဲ့ အနီရောင်တွေဟာ အနိုင်ရတာနဲ့

ထိပ်ကအသင်းနဲ့ အမှတ်ကွာဟမှုကို လျှော့ချနိုင်မှာ သိနေပြီး

ကလော့ပ်ရဲ့အသင်းဟာ မန်စီးတီးထက်လည်း တစ်ပွဲပိုလျော့တာပါ။

အဲဒီပွဲမှာ အိမ်ရှင်အသင်းက အထူးသဖြင့် ဒုတိယပိုင်းမှာ

အစွမ်းကုန်တိုက်ပွဲဝင်ခဲ့ပေမယ့် လီဗာပူးဟာ သူတို့ရဲ့ပြိုင်ဘက်ကို

၃-၁ ဂိုးနဲ့အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အရေးပါတဲ့နိုင်ပွဲအပြီးမှာ ကလော့ပ်ဟာ ပျော်ရွှင်နေပုံရပြီး

အဝေးကွင်းလာရောက်ပေးတဲ့ပရိသတ်အချို့ကို

အသင်းဘတ်စ်ကားပေါ်က ဆင်းပြီး ဘီယာပုလင်းနှစ်လုံးပေးခဲ့တာပါ။

သူ့ရဲ့ဒီအပြုအမူနဲ့ပတ်သက်လို့ ဆိုရှယ်မီဒီယာပေါ်မှာ ချိုးကျူးနေကြပြီး

ကလပ်ပရိသတ်တွေနဲ့ ကလော့ပ်တို့ကြားက ခိုင်မာတဲ့ဆက်ဆံရေးကို

ဖော်ပြနေတဲ့ နောက်ထပ်ဖြစ်ရပ်တစ်ခုပါ။

အသင်းဘတ်စ်ကားပေါ်ကနေ ကလော့ပ် ဘီယာပုလင်းဆင်းပေးတာကို

ဆိုရှယ်မီဒီယာ influencer တစ်ယောက်က ဖုန်းနဲ့မှတ်တမ်းတင်ပြီး

လိုင်းပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

အခုလိုအပြုအမူကြောင့် လီဗာပူးပရိသတ်တွေဟာ

အသက် ၅၄ နှစ်အရွယ် အဲဒီဂျာမန်သားကို ပိုမိုချစ်ခင်နေကြပါတယ်။

ကလော့ပ်ဟာ ဒီရာသီမှာ လီဗာပူးကို ကာရာဘောင်းဖလားဗိုလ်လုပွဲဆီ

ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီမီးယားလိဂ်အမှတ်ပေးဇယားမှာလည်း

ချန်ပီယံပြေးလမ်းထဲ ဆက်ရှိစေနိုင်ခဲ့ပါတယ်။

လီဗာပူးဟာ နိုင်ငံတကာကြားဖြတ်ပြီးတာနဲ့ ကာဒစ်ဖ်နဲ့အက်ဖ်အေဖလား

ကစားရမှာဖြစ်ပြီး အဲဒါပြီးတာနဲ့ ပရီးမီးယားလိဂ်မှာ လက်စတာကို ဧည့်ခံရမှာပါ။

zawgyi

ကလပ္ပရိသတ္ေတြနဲ႔ ကေလာ့ပ္တို႔ၾကားက ခိုင္မာတဲ့ဆက္ဆံေရးကို ေဖာ္ျပေနတဲ့ ျဖစ္ရပ္တစ္ခု

ၿပီးခဲ့တဲ့တနဂၤေႏြေန႔မွာ ပဲေလ့စ္ကို အႏိုင္ရၿပီးတဲ့ေနာက္

လီဗာပူးနည္းျပတစ္ေယာက္ဂ်ာဂင္ကေလာ့ပ္တစ္ေယာက္ေပ်ာ္ေနပုံရၿပီး

အသင္းပရိသတ္အခ်ိဳ႕ကို ဘီယာပုလင္းေတြေပးခဲ့ပါတယ္။

လန္ဒန္မွာ သြားေရာက္ကစားခဲ့တဲ့ အနီေရာင္ေတြဟာ အႏိုင္ရတာနဲ႔

ထိပ္ကအသင္းနဲ႔ အမွတ္ကြာဟမႈကို ေလွ်ာ့ခ်ႏိုင္မွာ သိေနၿပီး

ကေလာ့ပ္ရဲ႕အသင္းဟာ မန္စီးတီးထက္လည္း တစ္ပြဲပိုေလ်ာ့တာပါ။

အဲဒီပြဲမွာ အိမ္ရွင္အသင္းက အထူးသျဖင့္ ဒုတိယပိုင္းမွာ

အစြမ္းကုန္တိုက္ပြဲဝင္ခဲ့ေပမယ့္ လီဗာပူးဟာ သူတို႔ရဲ႕ၿပိဳင္ဘက္ကို

၃-၁ ဂိုးနဲ႔အႏိုင္ရေအာင္ စြမ္းေဆာင္ႏိုင္ခဲ့ပါတယ္။

အေရးပါတဲ့ႏိုင္ပြဲအၿပီးမွာ ကေလာ့ပ္ဟာ ေပ်ာ္႐ႊင္ေနပုံရၿပီး

အေဝးကြင္းလာေရာက္ေပးတဲ့ပရိသတ္အခ်ိဳ႕ကို

အသင္းဘတ္စ္ကားေပၚက ဆင္းၿပီး ဘီယာပုလင္းႏွစ္လုံးေပးခဲ့တာပါ။

သူ႔ရဲ႕ဒီအျပဳအမူနဲ႔ပတ္သက္လို႔ ဆိုရွယ္မီဒီယာေပၚမွာ ခ်ိဳးက်ဴးေနၾကၿပီး

ကလပ္ပရိသတ္ေတြနဲ႔ ကေလာ့ပ္တို႔ၾကားက ခိုင္မာတဲ့ဆက္ဆံေရးကို

ေဖာ္ျပေနတဲ့ ေနာက္ထပ္ျဖစ္ရပ္တစ္ခုပါ။

အသင္းဘတ္စ္ကားေပၚကေန ကေလာ့ပ္ ဘီယာပုလင္းဆင္းေပးတာကို

ဆိုရွယ္မီဒီယာ influencer တစ္ေယာက္က ဖုန္းနဲ႔မွတ္တမ္းတင္ၿပီး

လိုင္းေပၚတင္ခဲ့တာ ျဖစ္ပါတယ္။

အခုလိုအျပဳအမူေၾကာင့္ လီဗာပူးပရိသတ္ေတြဟာ

အသက္ ၅၄ ႏွစ္အ႐ြယ္ အဲဒီဂ်ာမန္သားကို ပိုမိုခ်စ္ခင္ေနၾကပါတယ္။

ကေလာ့ပ္ဟာ ဒီရာသီမွာ လီဗာပူးကို ကာရာေဘာင္းဖလားဗိုလ္လုပြဲဆီ

ပို႔ေဆာင္ေပးႏိုင္ခဲ့ၿပီး ပရီမီးယားလိဂ္အမွတ္ေပးဇယားမွာလည္း

ခ်န္ပီယံေျပးလမ္းထဲ ဆက္ရွိေစႏိုင္ခဲ့ပါတယ္။

လီဗာပူးဟာ ႏိုင္ငံတကာၾကားျဖတ္ၿပီးတာနဲ႔ ကာဒစ္ဖ္နဲ႔အက္ဖ္ေအဖလား

ကစားရမွာျဖစ္ၿပီး အဲဒါၿပီးတာနဲ႔ ပရီးမီးယားလိဂ္မွာ လက္စတာကို ဧည့္ခံရမွာပါ။