ကမ္ဘာ့အဆင့်နည်းပြ တန်ဟတ်နဲ့အတူ ဆုဖလားတွေရယူသွားမယ်လို့ ဖရက်ဒ် ကြုံးဝါး

ယူနိုက်တက်အသင်းကွင်းလယ်လူ ဖရက်ဒ်ဟာ နွေရာသီမှာ

ရောက်လာတော့မယ့် နည်းပြသစ် အဲရစ်တန်ဟတ်ကို
ချီးကျူးသွားခဲ့ပြီး ကမ္ဘာ့အဆင့်ရှိတဲ့ တန်ဟတ်ရဲ့
ဦးဆောင်မှုနဲ့အတူ မိမိတို့အသင်း ဆုဖလား ပြန်လည်
ရယူနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း အခိုင်အမာပြောပါတယ်။
တန်ဟတ်ဟာ ယခုရာသီအကုန်မှာ ယူနိုက်တက်ရဲ့

အမြဲတမ်းနည်းပြအဖြစ် တာဝန်ယူတော့မှာဖြစ်ပြီး
လက်ရှိယာယီနည်းပြ ရန်းနစ်က အသင်းရဲ့အကြံပေးအဖြစ်
ပြောင်းလဲတာဝန်ယူမှာဖြစ်ပါတယ်။
ဖရက်ဒ်က တန်ဟတ်ကို ကမ္ဘာ့အဆင့်မီနည်းပြအဖြစ်
ချီးကျူးခဲ့တာဖြစ်ပြီး ရာသီသစ်မှာ အသင်းကို

ဆုဖလားတွေ အများကြီးရစေဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
”တန်ဟတ် ရောက်လာမယ့်သတင်းက လုံးဝရှယ်ပဲ။
သူက ကမ္ဘာ့အဆင့်မီနည်းပြတစ်ဦးဖြစ်ပြီး
အသင်းကို အများကြီးအကူအညီပေးနိုင်ပါတယ်။
ကျွန်တော်ဟာ သူကိုင်တွယ်နေတဲ့ အေဂျက်စ်အသင်းရဲ့

ပွဲတွေကို ကြည့်ဖူးပြီး အေဂျက်စ်က ကစားပုံအရမ်းကောင်းပါတယ်။
တန်ဟတ်က အသင်းကို အများကြီး ကူညီပေးနိုင်ပြီး
ရာသီသစ်မှာ ဆုဖလားတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်”လို့
ဖရက်ဒ်က ပြောခဲ့ပါတယ်။
တန်ဟတ်ဟာ ယခုရာသီကုန်အထိ အေဂျက်စ်အသင်းနည်းပြအဖြစ်

ဆက်လက်တာဝန်ယူမှာဖြစ်ပြီး အသင်းက လိဂ်ဖလား
ရယူနိုင်ဖို့ အခြေအနေကောင်းနေသလို တကယ်လို့
ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် တန်ဟတ်လက်ထက်
၃ကြိမ်မြောက် အမှတ်ပေးချန်ပီယံဖြစ်လာမှာပါ။
အသက် ၅၂ နှစ်အရွယ်ရှိ တန်ဟတ်ဟာ ၂၀၁၉ ခုနှစ်က

လူငယ်အများစု ပါဝင်တဲ့အေဂျက်စ်နဲ့အတူ ချန်ပီယံလိဂ်မှာ
ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီးနောက်
နာမည်ကျော်လာခဲ့တာဖြစ်ပြီး ဖရက်ဒ်က
တန်ဟတ်ရဲ့အရည်အသွေးအပေါ် ကြိုတင်ရင်ခုန်နေပါတယ်။
ဖရက်ဒ်က ”အဓိကဦးစားပေးကတော့

အသင်းတိုးတက်ရေးဖြစ်သလို ချန်ပီယံဆုဖလားတွေကို
ဆက်လက်စိန်ခေါ်နိုင်ရေးပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်း ရှိရမယ့်နေရာကို
ပြန်ရောက်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
နည်းပြသစ်က ဒီရည်မှန်းချက်ပြည့်မြောက်နိုင်ဖို့

အများကြီးကူညီပေးနိုင်မှာလည်း သိပါတယ်”လို့ ပြောပါတယ်။

Zawgyi

ကမၻာ့အဆင့္နည္းျပ တန္ဟတ္နဲ႔အတူ ဆုဖလားေတြရယူသြားမယ္လုိ႔ ဖရက္ဒ္ ႀကံဳး၀ါး

ယူႏုိက္တက္အသင္းကြင္းလယ္လူ ဖရက္ဒ္ဟာ ေႏြရာသီမွာ
ေရာက္လာေတာ့မယ့္ နည္းျပသစ္ အဲရစ္တန္ဟတ္ကို
ခ်ီးက်ဴးသြားခဲ့ၿပီး ကမၻာ့အဆင့္ရွိတဲ့ တန္ဟတ္ရဲ႕
ဦးေဆာင္မႈနဲ႔အတူ မိမိတို႔အသင္း ဆုဖလား ျပန္လည္
ရယူႏိုင္လိမ့္မယ္လုိ႔ ယုံၾကည္ေၾကာင္း အခုိင္အမာေျပာပါတယ္။

တန္ဟတ္ဟာ ယခုရာသီအကုန္မွာ ယူႏုိက္တက္ရဲ႕
အၿမဲတမ္းနည္းျပအျဖစ္ တာ၀န္ယူေတာ့မွာျဖစ္ၿပီး
လက္ရွိယာယီနည္းျပ ရန္းနစ္က အသင္းရဲ႕အႀကံေပးအျဖစ္
ေျပာင္းလဲတာ၀န္ယူမွာျဖစ္ပါတယ္။
ဖရက္ဒ္က တန္ဟတ္ကို ကမၻာ့အဆင့္မီနည္းျပအျဖစ္

ခ်ီးက်ဴးခဲ့တာျဖစ္ၿပီး ရာသီသစ္မွာ အသင္းကို
ဆုဖလားေတြ အမ်ားႀကီးရေစဖို႔ ကူညီေပးႏိုင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေနပါတယ္။
”တန္ဟတ္ ေရာက္လာမယ့္သတင္းက လုံး၀ရွယ္ပဲ။
သူက ကမၻာ့အဆင့္မီနည္းျပတစ္ဦးျဖစ္ၿပီး
အသင္းကို အမ်ားႀကီးအကူအညီေပးႏိုင္ပါတယ္။

ကၽြန္ေတာ္ဟာ သူကိုင္တြယ္ေနတ့ဲ ေအဂ်က္စ္အသင္းရဲ႕
ပဲြေတြကို ၾကည့္ဖူးၿပီး ေအဂ်က္စ္က ကစားပုံအရမ္းေကာင္းပါတယ္။
တန္ဟတ္က အသင္းကို အမ်ားႀကီး ကူညီေပးႏိုင္ၿပီး
ရာသီသစ္မွာ ဆုဖလားေတြရယူႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္”လုိ႔
ဖရက္ဒ္က ေျပာခဲ့ပါတယ္။

တန္ဟတ္ဟာ ယခုရာသီကုန္အထိ ေအဂ်က္စ္အသင္းနည္းျပအျဖစ္
ဆက္လက္တာ၀န္ယူမွာျဖစ္ၿပီး အသင္းက လိဂ္ဖလား
ရယူႏုိင္ဖုိ႔ အေျခအေနေကာင္းေနသလုိ တကယ္လုိ႔
ခ်န္ပီယံျဖစ္ခဲ့မယ္ဆုိရင္ တန္ဟတ္လက္ထက္
၃ႀကိမ္ေျမာက္ အမွတ္ေပးခ်န္ပီယံျဖစ္လာမွာပါ။

အသက္ ၅၂ ႏွစ္အရြယ္ရွိ တန္ဟတ္ဟာ ၂၀၁၉ ခုႏွစ္က
လူငယ္အမ်ားစု ပါ၀င္တဲ့ေအဂ်က္စ္နဲ႔အတူ ခ်န္ပီယံလိဂ္မွာ
ဆီမီးဖုိင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္
နာမည္ေက်ာ္လာခဲ့တာျဖစ္ၿပီး ဖရက္ဒ္က
တန္ဟတ္ရဲ႕အရည္အေသြးအေပၚ ႀကိဳတင္ရင္ခုန္ေနပါတယ္။

ဖရက္ဒ္က ”အဓိကဦးစားေပးကေတာ့
အသင္းတုိးတက္ေရးျဖစ္သလုိ ခ်န္ပီယံဆုဖလားေတြကို
ဆက္လက္စိန္ေခၚႏိုင္ေရးပဲျဖစ္ပါတယ္။
ယူႏုိက္တက္အသင္း ရွိရမယ့္ေနရာကို
ျပန္ေရာက္ဖုိ႔ ႀကိဳးစားရမွာျဖစ္ပါတယ္။

နည္းျပသစ္က ဒီရည္မွန္းခ်က္ျပည့္ေျမာက္ႏိုင္ဖုိ႔
အမ်ားႀကီးကူညီေပးႏုိင္မွာလည္း သိပါတယ္”လုိ႔ ေျပာပါတယ္။