ကမ္ဘာ့အချောမောဆုံး ဒိုင်လူကြီးအဖြစ် တင်စားလို့ရလောက်တဲ့အလှတွေနဲ့ နာမည်ကျော်လာတဲ့ ထိုင်းမလေး Krongkwan

ထိုင်နိုင်ငံရဲ့ ဘောလုံးကွင်းတွေထဲမှာ အားကစားသမားတွေနဲ့အတူ ပြေးလွှားနေတဲ့

ခပ်ချောချော အမျိုးသမီးဒိုင်တစ်ယောက်ကို သတိထားမိပါသလား။

သူမဟာ အခုအချိန်မှာ အားကစားလောကထဲ တစ်ဖြည်းဖြည်းနာမည်ကျော်လာနေပါပြီ။

သူမရဲ့ နာမည်က Krongkwan ဖြစ်ပြီး အသက် (၂၄)နှစ်သာရှိသေးတဲ့

ထိုင်းမိန်းမပျိုလေးတစ်ယောက်လည်းဖြစ်ပါတယ်။

ချောမောလှပတဲ့ ရုပ်ရည်ရှိသူဖြစ်တာကြောင့်လည်း

Instagram မှာ Follower တွေ နေ့စဉ်တိုးလာနေပါတယ်။

“Ying”လို့ သူမရဲ့သူငယ်ချင်းတွေက ခေါ်ဆိုကြတဲ့သူမဟာ

ဘောလုံးအားကစားကို နှစ်သက်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

အသက် ၁၅ နှစ်အောက် ပြည်နယ်တွင်း လူငယ်ပြိုင်ပွဲတွေမှာပါဝင်ကစားခဲ့ဖူးပြီး

သူ့ငယ်ဘဝမှာ မှတ်မှတ်ရရ အဖြစ် မေဂျာ ဖူဆယ် ချန်ပီယံ ပွဲမှာလည်း ပါဝင်ကစားခဲ့ဖူးသူပါ။

သူမဟာ ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ဒေသမှာရှိတဲ့

Sakon Nakhon ကနေ ဘွဲရရှိထားသူလည်းဖြစ်ပါတယ်။

Krongkwan ဟာ ဘောလုံးပွဲတွေကိုနှစ်သက်ပေမယ့် သူမရဲ့ဝါသနာကတော့

ဝီစီကိုင်ပြီးကွင်းထဲမှာ ကစားသမားတွေကို စီမံခန့်ခွဲ ပေးရတာကို ပိုပြီးနှစ်သက်ပါတယ်။

Krongkwan ဟာ အခုအခါ အပျော်တမ်းဘောလုံးပွဲတွေနဲ့ တိုင်းအဆင့်ဘောလုံးပွဲတွမှာ

ကွင်းလယ်ဒိုင်လူကြီးအဖြစ်တာဝန်ယူဆောင်ရွက်နေပါပြီ။

သူမဟာ ထိုင်းမှာ တိုင်းလက်ရွေးစင်အဆင့် ဘောလီဘောအားကစားမယ်တစ်ဦးဖြစ်ပေမယ့်

ဘောလုံးပွဲတွေမှာ ကွင်းလယ်ဒိုင်တစ်ဦးအဖြစ် ပြောင်းလဲဆောင်ရွက်ခဲ့ရာကနေ

တစ်ဖြည်းဖြည်းနာမည်ကျော်လာခဲ့တာပါ။

စမတ်ကျလွန်းတဲ့အပြင် ကျော့ရှင်းလွန်းတဲ့ ခန္ဓာကိုယ်အနေအထား၊

ချောမွေ့ရှင်းသန့်လွန်းတဲ့အသားအရေကြောင့်လည်း Krongkwan ဟာ

ဘောလုံးဒိုင်လူကြီးတစ်ဦးထက် မော်ဒယ်တစ်ဦးပမာ ထင်မှတ်ရပါတယ်။

ဒါကြောင့်လည်း သူမရဲ့ ချောမောလှပလွန်းတဲ့ ရုပ်ရည်သွင်ပြင်ကို

ပရိသတ်တွေက သတ်ထားမိရာကနေ အခုအခါ ဘောလုံးပွဲထက်

သူမရဲ့ ရုပ်ရည်လှပမှုကို လာကြည့်တဲ့ ပရိသတ်ကေ ပိုများလာ နေပြီလို့လည်း ဆိုကြပါတယ်။

Krongkwan ဟာ ကွင်းထဲမှာ ဆုံးဖြတ်ချက် ပြတ်သားသူတစ်ယောက်လည်း ဖြစ်ပြီး

ဥပဒေပကစားတဲ့ ကစားသမားတွေအပေါ်မှာလည်း

ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေချမှတ်ဖို့ ဝန်မလေးသူလည်းဖြစ်ပါတယ်။

တော်တန်ရုံကစားသမားကတော့ Krongkwan ပြစ်ဒဏ်ပေးတဲ့အခါ

ဆန့်ကျင့်မယ့်ပုံမပေါ်လောက်ဘဲ သူမရဲ့ အလှအပမှာပဲ မျောပါသွားမယ့်သဘောရှိပါတယ်။

ထိုင်းပရိသတ်တစ်ချို့ကတော့ Krongkwan ကို

ကမ္ဘာ့အချောမောဆုံး ဒိုင်လူကြီးတစ်ဦးအဖြစ်တောင် တင်စားနေကြပါပြီ။

ပရိသတ်တွေအနေနဲ့လည်း Krongkwan ဒိုင်လုပ်မယ့်ပွဲမျိုးမှာ ပါဝင်ကစားခွင့်ရမယ်ဆိုရင်

ဘယ်လို ခံစားရမလဲ မသိဘူးနော် ။

Krongkwanကို စိတ်ဝင်စားတဲ့ပရိသတ်တွေအနေနဲ့

သူမအသုံးပြုနေတဲ့ Instagram အကောင့် krongkwan_18 ကိုလည်း

Follow လုပ်ထားသင့်ပါတယ်။

zawgyi






































