ကမ္ဘာ့အကြီးမားဆုံးကလပ်အဖြစ် ရီးရဲလ်မက်ဒရစ် ရွေးချယ်ခံရ

ရီးရဲလ်မက်ဒရစ်ဟာ ပရိသတ်ပေါင်း ၃၄၀၀၀ ကျော်ရဲ့

မဲပေးရွေးချယ်မှုအရ ကမ္ဘာ့အကြီးမားဆုံး ဘောလုံးကလပ်အဖြစ်
ရွေးချယ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။
ရီးရဲလ်ဟာ လာလီဂါနဲ့ ချန်ပီယံလိဂ်မှာ အောင်မြင်မှုအရှိဆုံးအသင်းအဖြစ်
စံချိန်တင်ထားပြီး လာလီဂါချန်ပီယံ ၃၄ကြိမ်နဲ့
ချန်ပီယံလိဂ်ချန်ပီယံ ၁၃ ကြိမ် ရရှိထားပါတယ်။

SPORTbible ရဲ့တွစ်တာကနေ ဆန္ဒမဲတောင်းခံခဲ့ရာမှာ
၄၃ ရာခိုင်နှုန်းက ရီးရဲလ်ကို ကမ္ဘာ့အကြီးမားဆုံးကလပ်အဖြစ်
မဲပေးရွးချယ်ခဲ့ကြပြီး ယူနိုက်တက် ၃၃ ရာခိုင်နှုန်းနဲ့
ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အခုနောက်ပိုင်းနှစ်တွေမှာ

အောင်မြင်မှုရဖို့ ရုန်းကန်ခဲ့ရပေမယ့် ရွှေရောင်ကာလတွေမှာ
အော်မြင်မှုအများအပြား ရယူနိုင်ခဲ့ပြီး အထူးသဖြင့်
ဖာဂူဆန် တာဝန်ယူခဲ့တဲ့ ၂၆ နှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကရဲ့
ပြိုင်ဘက်ကင်းအသင်းအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဖာဂူဆန်ဟာ ၂၀၁၃ မှာ နည်းပြလောကကနေ

အနားယူသွားပြီးနောက် ယူနိုက်တက်လည်း အမှတ်ပေးချန်ပီယံဆု
မရသေးပေမယ့် အတိတ်ကာလ အောင်မြင်မှုတွေကြောင့်
အခုလို ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
တိယနေရာမှာတော့ ဘာစီလိုနာအသင်းက
၂၀ ရာခိုင်နှုန်းနဲ့ ရပ်တည်နေပြီး ဘွန်ဒက်စ်လီဂါ

အင်အားကြီး ဘိုင်ယန်မြူးနစ်က ၄ ရာခိုင်နှုန်းနီးပါးနဲ့
စတုတ္ထနေရာမှာ ရပ်တည်ခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါမှာ ၉နှစ်ဆက်
ချန်ပီယံဖြစ်ထားပြီး ဒီရာသီမှာလည်း ၁၀နှစ်ဆက်
ချန်ပီယံဖြစ်ဖို့ အတော်လေး အခြေအနေကောင်းနေပါတယ်။

ချန်ပီယံလိဂ်မှာ ၆ကြိမ် ဗိုလ်စွဲထားတဲ့ ဘိုင်ယန်ဟာ
ဒီရာသီချန်ပီယံလိဂ်မှာလည်း ချန်ပီယံဖြစ်ဖို့
ရေပန်းစားနေပြီး ကွာတားဖိုင်နယ်အဖြစ်
ဧပြီလအတွင်း ဗီလာရီးရဲလ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ကမၻာ့အႀကီးမားဆုံးကလပ္အျဖစ္ ရီးရဲလ္မက္ဒရစ္ ေရြးခ်ယ္ခံရ
ရီးရဲလ္မက္ဒရစ္ဟာ ပရိသတ္ေပါင္း ၃၄၀၀၀ ေက်ာ္ရဲ႕
မဲေပးေရြးခ်ယ္မႈအရ ကမၻာ့အႀကီးမားဆုံး ေဘာလုံးကလပ္အျဖစ္

ေရြးခ်ယ္ျခင္း ခံခဲ့ရေၾကာင္း သိရပါတယ္။
ရီးရဲလ္ဟာ လာလီဂါနဲ႔ ခ်န္ပီယံလိဂ္မွာ ေအာင္ျမင္မႈအရွိဆုံးအသင္းအျဖစ္
စံခ်ိန္တင္ထားၿပီး လာလီဂါခ်န္ပီယံ ၃၄ႀကိမ္နဲ႔
ခ်န္ပီယံလိဂ္ခ်န္ပီယံ ၁၃ ႀကိမ္ ရရွိထားပါတယ္။
SPORTbible ရဲ႕တြစ္တာကေန ဆႏၵမဲေတာင္းခံခဲ့ရာမွာ

၄၃ ရာခိုင္ႏႈန္းက ရီးရဲလ္ကို ကမၻာ့အႀကီးမားဆုံးကလပ္အျဖစ္
မဲေပးရြးခ်ယ္ခဲ့ၾကၿပီး ယူႏုိက္တက္ ၃၃ ရာခုိင္ႏႈန္းနဲ႔
ဒုတိယေနရာမွာ ရပ္တည္ခဲ့ပါတယ္။
ယူႏုိက္တက္ဟာ အခုေနာက္ပိုင္းႏွစ္ေတြမွာ
ေအာင္ျမင္မႈရဖို႔ ရုန္းကန္ခဲ့ရေပမယ့္ ေရႊေရာင္ကာလေတြမွာ

ေအာ္ျမင္မႈအမ်ားအျပား ရယူႏိုင္ခဲ့ၿပီး အထူးသျဖင့္
ဖာဂူဆန္ တာ၀န္ယူခဲ့တဲ့ ၂၆ ႏွစ္အတြင္း အဂၤလိပ္ေဘာလုံးေလာကရဲ႕
ၿပိဳင္ဘက္ကင္းအသင္းအျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
ဖာဂူဆန္ဟာ ၂၀၁၃ မွာ နည္းျပေလာကကေန
အနားယူသြားၿပီးေနာက္ ယူႏုိက္တက္လည္း အမွတ္ေပးခ်န္ပီယံဆု

မရေသးေပမယ့္ အတိတ္ကာလ ေအာင္ျမင္မႈေတြေၾကာင့္
အခုလို ဒုတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။
တိယေနရာမွာေတာ့ ဘာစီလုိနာအသင္းက
၂၀ ရာခုိင္ႏႈန္းနဲ႔ ရပ္တည္ေနၿပီး ဘြန္ဒက္စ္လီဂါ
အင္အားႀကီး ဘုိင္ယန္ျမဴးနစ္က ၄ ရာခိုင္ႏႈန္းနီးပါးနဲ႔

စတုတၳေနရာမွာ ရပ္တည္ခဲ့ပါတယ္။
ဘုိင္ယန္ျမဴးနစ္ဟာ ဘြန္ဒက္စ္လီဂါမွာ ၉ႏွစ္ဆက္
ခ်န္ပီယံျဖစ္ထားၿပီး ဒီရာသီမွာလည္း ၁၀ႏွစ္ဆက္
ခ်န္ပီယံျဖစ္ဖို႔ အေတာ္ေလး အေျခအေနေကာင္းေနပါတယ္။
ခ်န္ပီယံလိဂ္မွာ ၆ႀကိမ္ ဗိုလ္စြဲထားတဲ့ ဘုိင္ယန္ဟာ

ဒီရာသီခ်န္ပီယံလိဂ္မွာလည္း ခ်န္ပီယံျဖစ္ဖုိ႔
ေရပန္းစားေနၿပီး ကြာတားဖုိင္နယ္အျဖစ္
ဧၿပီလအတြင္း ဗီလာရီးရဲလ္နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။