
ဘရာဇီးဂန္တဝင် တိုက်စစ်မှူးဟောင်းကြီး ရော်နယ်ဒိုက လက်ရှိအချိန်မှာ
ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးက ဘန်ဇီမာဖြစ်ပြီး
သူ့နောက်မှာမှ လီဝန်ဒေါစကီးက ရပ်တည်နေတယ်လို့
ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် (၃၄) နှစ်အရွယ် ဘန်ဇီမာဟာ ဒီရာသီမှာ
ရီးရဲလ်မက်ဒရစ်အတွက် (၂၈) ပွဲကစား၊
သွင်းဂိုး (၂၄) ဂိုးသွင်းယူပေးထားပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းရဲ့အဓိကတိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးဟာ
ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကကျင်းပခဲ့တဲ့ဆုပေးပွဲမှာ FIFA The Best ဆုကိုရရှိခဲ့တာပါ။
ရော်နယ်ဒိုကြီးက “ဘန်ဇီမာက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဆိုတာ
သံသယဖြစ်စရာမရှိပါဘူး။ သူပြီးရင်တော့လီဝန်ဒေါစကီးက ဒုတိယပေါ့”
“သိပ်မကြာခင်ဟာလန်းက နံပါတ်(၁)ဖြစ်လာပါလိမ့်မယ်။
ဒါပေမယ့်အခုချိန်မှာတော့ဟာလန်းက ရှေ့ကပြောခဲ့တဲ့
တိုက်စစ်မှူး၂ယောက်ရဲ့ နောက်မှာပဲရှိပါသေးတယ်”
“အမ်ဘာပေကလည်း တကယ့်ကိုတောင့်တင်းတဲ့ကစားသမားပါ။
ရီးရဲလ်မက်ဒရစ်နဲ့သူ တစ်နှစ်ကိုယူရိုသန်း-၅၀တန်ကြေးရှိတဲ့စာချုပ်
ချုပ်တော့မယ်လို့ဖတ်လိုက်ရပါတယ်။
ကျွန်တော်တို့တွေခေတ်မှားပြီးကစားခဲ့ကြတာပဲ”လို့ပြောခဲ့တာပါ။
ရော်နယ်ဒိုကြီးဟာ (၁၉၉၀) နှောင်းပိုင်းနဲ့ (၂၀၀၀) ပြည့်နှစ် အစောပိုင်းတွေမှာ
ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး ၊
၁၉၉၄ခုနှစ်နဲ့ ၂၀၀၂ခုနှစ်တွေမှာ ဘရာဇီးအသင်းနဲ့အတူ
ကမ္ဘာ့ဖလားအောင်မြင်မှုရရှိခဲ့ပြီး ၁၉၉၇ခုနှစ်နဲ့ ၂၀၀၂ခုနှစ်တွေမှာ
Ballon d’Or ဆုကိုရရှိခဲ့တာပါ။
zawgyi
ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးက ဘန္ဇီမာ ျဖစ္တယ္လို႔ ေရာ္နယ္ဒို ေျပာဆို
ဘရာဇီးဂႏၲဝင္ တိုက္စစ္မႉးေဟာင္းႀကီး ေရာ္နယ္ဒိုက လက္ရွိအခ်ိန္မွာ
ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးက ဘန္ဇီမာျဖစ္ၿပီး
သူ႔ေနာက္မွာမွ လီဝန္ေဒါစကီးက ရပ္တည္ေနတယ္လို႔
ဖြင့္ဟေျပာၾကားလိုက္ပါတယ္။
အသက္ (၃၄) ႏွစ္အ႐ြယ္ ဘန္ဇီမာဟာ ဒီရာသီမွာ
ရီးရဲလ္မက္ဒရစ္အတြက္ (၂၈) ပြဲကစား၊
သြင္းဂိုး (၂၄) ဂိုးသြင္းယူေပးထားပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕အဓိကတိုက္စစ္မႉးႀကီး ေရာဘတ္လီဝန္ေဒါစကီးဟာ
ၿပီးခဲ့တဲ့ဇန္နဝါရီလအတြင္းကက်င္းပခဲ့တဲ့ဆုေပးပြဲမွာ FIFA The Best ဆုကိုရရွိခဲ့တာပါ။
ေရာ္နယ္ဒိုႀကီးက “ဘန္ဇီမာက ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးဆိုတာ
သံသယျဖစ္စရာမရွိပါဘူး။ သူၿပီးရင္ေတာ့လီဝန္ေဒါစကီးက ဒုတိယေပါ့”
“သိပ္မၾကာခင္ဟာလန္းက နံပါတ္(၁)ျဖစ္လာပါလိမ့္မယ္။
ဒါေပမယ့္အခုခ်ိန္မွာေတာ့ဟာလန္းက ေရွ႕ကေျပာခဲ့တဲ့
တိုက္စစ္မႉး၂ေယာက္ရဲ႕ ေနာက္မွာပဲရွိပါေသးတယ္”
“အမ္ဘာေပကလည္း တကယ့္ကိုေတာင့္တင္းတဲ့ကစားသမားပါ။
ရီးရဲလ္မက္ဒရစ္နဲ႔သူ တစ္ႏွစ္ကိုယူ႐ိုသန္း-၅၀တန္ေၾကးရွိတဲ့စာခ်ဳပ္
ခ်ဳပ္ေတာ့မယ္လို႔ဖတ္လိုက္ရပါတယ္။
ကြၽန္ေတာ္တို႔ေတြေခတ္မွားၿပီးကစားခဲ့ၾကတာပဲ”လို႔ေျပာခဲ့တာပါ။
ေရာ္နယ္ဒိုႀကီးဟာ (၁၉၉၀) ေႏွာင္းပိုင္းနဲ႔ (၂၀၀၀) ျပည့္ႏွစ္ အေစာပိုင္းေတြမွာ
ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရတာျဖစ္ၿပီး ၊
၁၉၉၄ခုႏွစ္နဲ႔ ၂၀၀၂ခုႏွစ္ေတြမွာ ဘရာဇီးအသင္းနဲ႔အတူ
ကမာၻ႔ဖလားေအာင္ျမင္မႈရရွိခဲ့ၿပီး ၁၉၉၇ခုႏွစ္နဲ႔ ၂၀၀၂ခုႏွစ္ေတြမွာ
Ballon d’Or ဆုကိုရရွိခဲ့တာပါ။