





ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ ရော်နယ်ဒိုအရန်ခုံထိုင်လိုက်ရတာနဲ့ပတ်သတ်လို့
အတူနေချစ်သူဂျော်ဂျီနာကတုံ့ပြန်လိုက်ပါပြီ။ တောင်ကိုရီးယားနဲ့ပွဲမှာ





လူစားလဲခံရပြီးနောက်ဒေါသတကြီးတုံ့ပြန်ခဲ့တဲ့ ရော်နယ်ဒိုလုပ်ရပ်ကို
နည်းပြဖာနန်ဒိုဆန်းတို့စ်က သဘောမကျခဲ့ပါဘူး။ ပွဲအပြီးမှာ ဒီကိစ္စတွေ
အဆုံးသတ်ပါတယ်လို့ပြောခဲ့ပေမဲ့ ဆွစ်ဇာလန်နဲ့ရှုံးထွက်ပွဲစဉ်မှာတော့





ဆန်းတို့စ်ဟာ ရော်နယ်ဒိုကိုပွဲထွက်စာရင်းကချန်လှပ်ခဲ့ပါတယ်။
သူ့နေရာအစားထိုးဝင်ကစားခဲ့တဲ့ ဂါန်ကာလိုရာမို့စ်ဟက်ထရစ်





သွင်းနိုင်တာက အားရစရာဖြစ်ခဲ့ပေမဲ့ ဂျော်ဂျီနာကတော့ လက်တွဲဖော်ကို
အရန်ခုံထားတာနဲ့ပတ်သတ်လို့ သဘောကျဟန်မရှိခဲ့ပါဘူး။
ပရိသတ်တွေဘက်က ကမ္ဘာ့အကောင်းဆုံးသမားသမားတစ်ယောက်ကို





မိနစ် ၉၀ ပြည့်ကြည့်ခွင့်မရတာကရှက်စရာကောင်းတယ်လို့
ဂျော်ဂျီနာကဆိုခဲ့တာဖြစ်တယ်။ အင်စတာဂရမ်စာမျက်နှာကတစ်ဆင့်





ဂျော်ဂျီနာက “ပေါ်တူဂီအတွက် ဂုဏ်ပြုချင်ပါတယ်။
ကစားသမား ၁၁ ယောက်နိုင်ငံတော်သီချင်းဆိုနေချိန်မှာအားလုံးက
မင်းကိုမျက်စိကျနေပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားရဲ့





ခြေစွမ်းကို မိနစ် ၉၀ ပြည့်ခံစားခွင့်မရတာက ရှက်ဖို့ကောင်းတယ်။
ပရိသတ်တွေက မင်းနာမည်ကိုအော်ဟစ်ပြီးအဆက်မပြတ်





တောင်းဆိုနေကြတယ်။ ဘုရားသခင်နဲ့ မင်းရဲ့ချစ်လှစွာသော
သူငယ်ချင်း ဖာနန်ဒိုဆန်းတို့စ်နဲ့လက်တွဲပြီး ငါတို့ကိုနောက်ထပ်
တစ်ညတုန်ခါအောင်လုပ်ပေးနိုင်ပါစေ” လို့ ရေးသားသွားခဲ့ပါတယ်။





ပေါ်တူဂီအနိုင်ရပေမဲ့ ဂျော်ဂျီနာကတော့ ရော်နယ်ဒိုဂိုးမသွင်းနိုင်လို့ ကျေနပ်ပုံမရပါဘူး။





zawgyi
ကမာၻ႔အေကာင္းဆုံးကစားသမားကို မိနစ္ ၉၀ ျပည့္မၾကည့္ရတာက ရွက္စရာပဲလို႔ ေရာ္နယ္ဒိုရဲ႕လက္တြဲေဖာ္ ေဂ်ာ္ဂ်ီနာ ခနဲ႔လိုက္ၿပီ
ဆြစ္ဇာလန္နဲ႔ပြဲစဥ္မွာ ေရာ္နယ္ဒိုအရန္ခုံထိုင္လိုက္ရတာနဲ႔ပတ္သတ္လို႔





အတူေနခ်စ္သူေဂ်ာ္ဂ်ီနာကတုံ႔ျပန္လိုက္ပါၿပီ။ ေတာင္ကိုရီးယားနဲ႔ပြဲမွာ
လူစားလဲခံရၿပီးေနာက္ေဒါသတႀကီးတုံ႔ျပန္ခဲ့တဲ့ ေရာ္နယ္ဒိုလုပ္ရပ္ကို





နည္းျပဖာနန္ဒိုဆန္းတို႔စ္က သေဘာမက်ခဲ့ပါဘူး။ ပြဲအၿပီးမွာ ဒီကိစၥေတြ
အဆုံးသတ္ပါတယ္လို႔ေျပာခဲ့ေပမဲ့ ဆြစ္ဇာလန္နဲ႔ရႈံးထြက္ပြဲစဥ္မွာေတာ့
ဆန္းတို႔စ္ဟာ ေရာ္နယ္ဒိုကိုပြဲထြက္စာရင္းကခ်န္လွပ္ခဲ့ပါတယ္။





သူ႔ေနရာအစားထိုးဝင္ကစားခဲ့တဲ့ ဂါန္ကာလိုရာမို႔စ္ဟက္ထရစ္
သြင္းႏိုင္တာက အားရစရာျဖစ္ခဲ့ေပမဲ့ ေဂ်ာ္ဂ်ီနာကေတာ့ လက္တြဲေဖာ္ကို





အရန္ခုံထားတာနဲ႔ပတ္သတ္လို႔ သေဘာက်ဟန္မရွိခဲ့ပါဘူး။
ပရိသတ္ေတြဘက္က ကမာၻ႔အေကာင္းဆုံးသမားသမားတစ္ေယာက္ကို
မိနစ္ ၉၀ ျပည့္ၾကည့္ခြင့္မရတာကရွက္စရာေကာင္းတယ္လို႔





ေဂ်ာ္ဂ်ီနာကဆိုခဲ့တာျဖစ္တယ္။ အင္စတာဂရမ္စာမ်က္ႏွာကတစ္ဆင့္
ေဂ်ာ္ဂ်ီနာက “ေပၚတူဂီအတြက္ ဂုဏ္ျပဳခ်င္ပါတယ္။





ကစားသမား ၁၁ ေယာက္ႏိုင္ငံေတာ္သီခ်င္းဆိုေနခ်ိန္မွာအားလုံးက
မင္းကိုမ်က္စိက်ေနပါတယ္။ ကမာၻ႔အေကာင္းဆုံးကစားသမားရဲ႕
ေျခစြမ္းကို မိနစ္ ၉၀ ျပည့္ခံစားခြင့္မရတာက ရွက္ဖို႔ေကာင္းတယ္။





ပရိသတ္ေတြက မင္းနာမည္ကိုေအာ္ဟစ္ၿပီးအဆက္မျပတ္
ေတာင္းဆိုေနၾကတယ္။ ဘုရားသခင္နဲ႔ မင္းရဲ႕ခ်စ္လွစြာေသာ





သူငယ္ခ်င္း ဖာနန္ဒိုဆန္းတို႔စ္နဲ႔လက္တြဲၿပီး ငါတို႔ကိုေနာက္ထပ္
တစ္ညတုန္ခါေအာင္လုပ္ေပးႏိုင္ပါေစ” လို႔ ေရးသားသြားခဲ့ပါတယ္။
ေပၚတူဂီအႏိုင္ရေပမဲ့ ေဂ်ာ္ဂ်ီနာကေတာ့ ေရာ္နယ္ဒိုဂိုးမသြင္းႏိုင္လို႔ ေက်နပ္ပုံမရပါဘူး။




