
ဆော်ဒီကလပ်အယ်လ်နက်ဆာအသင်းနဲ့ ၂နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့တဲ့





ရော်နယ်ဒိုဟာ လုပ်ခလစာအမြင့်ဆုံးအားကစားသမားစာရင်းမှာ
မက္ကဆီကိုလက်ဝှေ့ကျော်ကာနယ်လိုအဲလ်ဗာရက်ဇ်ကို ကျော်ဖြတ်ပြီး





ထိပ်ဆုံးမှာ ပြတ်သားစွာရပ်တည်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ
ဆော်ဒီကလပ်နဲ့စာချုပ်မှာအကျိုးအမြတ်ခံစားခွင့်များစွာရရှိခဲ့ပြီး
အခြေခံလစာက တစ်နှစ်ကို ပေါင် ၆၁ သန်းလောက်ရှိမယ်လို့





ယူဆရပါတယ်။ ဒါပေမဲ့ စာချုပ်ထဲပါဝင်နေတဲ့ စီးပွားရေးအခွင့်အလမ်းနဲ့
အပိုဆုကြေးတွေထပ်ပေါင်းမယ်ဆိုရင်တော့ ရော်နယ်ဒိုဟာ





ဆော်ဒီကလပ်မှာ တစ်နှစ်ကို ပေါင် ၁၇၃ သန်းအထိဝင်ငွေရရှိမှာဖြစ်တယ်။
ကြောက်စရာကောင်းလွန်းတဲ့အကျိုးခံစားခွင့်ဖြစ်ပြီး
အားကစားသမားတွေထဲမှာတော့ ထာဝရလစာငွေအများဆုံးလို့





ဆိုရမှာဖြစ်တယ်။ ၂၀၂၂ ခုနှစ်အတွင်း Forbes မဂ္ဂဇင်းရဲ့အဆိုအရ
မက္ကဆီကိုလက်ဝှေ့ကျော် ကာနယ်လိုအဲလ်ဗာရက်ဇ်က ဝင်ငွေ





ပေါင်သန်း ၇၀ နဲ့ထိပ်ဆုံးမှာရှိနေခဲ့ပေမဲ့ အသင်းသစ်ရှာတွေ့ခဲ့တဲ့
ရော်နယ်ဒိုက ကာနယ်လိုထက် ပေါင်သန်း ၁၀၀ လောက်ပိုများတဲ့
ပမာဏတစ်ခုနဲ့ ထိပ်ဆုံးရောက်လာခဲ့တာပါ။ လုပ်ခလစာအမြင့်ဆုံး





အားကစားသမား ထိပ်ဆုံး ၁၀ဦးစာရင်းမှာတော့ ရော်နယ်ဒို
ဦးဆောင်လိုက်ပြီး ဒုတိယနေရာမှာ ကာနယ်လိုရပ်တည်နေသလို





မက်ဆီက ပေါင် ၆၂ သန်းနဲ့ တတိယနေရာမှာရှိနေပြီး
သူ့ရဲ့ပီအက်စ်ဂျီအသင်းဖော် နေမာက ပေါင် ၅၈ သန်းနဲ့
စတုတ္ထနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။





zawgyi
ကမာၻ႔လုပ္ခလစာအမ်ားဆုံး အားကစားသမားစာရင္းမွာ ထိပ္ဆုံးေနရာေရာက္လာခဲ့တဲ့ ေရာ္နယ္ဒို





ေဆာ္ဒီကလပ္အယ္လ္နက္ဆာအသင္းနဲ႔ ၂ႏွစ္ခြဲစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တဲ့
ေရာ္နယ္ဒိုဟာ လုပ္ခလစာအျမင့္ဆုံးအားကစားသမားစာရင္းမွာ
မကၠဆီကိုလက္ေဝွ႔ေက်ာ္ကာနယ္လိုအဲလ္ဗာရက္ဇ္ကို ေက်ာ္ျဖတ္ၿပီး





ထိပ္ဆုံးမွာ ျပတ္သားစြာရပ္တည္ျပခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ
ေဆာ္ဒီကလပ္နဲ႔စာခ်ဳပ္မွာအက်ိဳးအျမတ္ခံစားခြင့္မ်ားစြာရရွိခဲ့ၿပီး





အေျခခံလစာက တစ္ႏွစ္ကို ေပါင္ ၆၁ သန္းေလာက္ရွိမယ္လို႔
ယူဆရပါတယ္။ ဒါေပမဲ့ စာခ်ဳပ္ထဲပါဝင္ေနတဲ့ စီးပြားေရးအခြင့္အလမ္းနဲ႔
အပိုဆုေၾကးေတြထပ္ေပါင္းမယ္ဆိုရင္ေတာ့ ေရာ္နယ္ဒိုဟာ





ေဆာ္ဒီကလပ္မွာ တစ္ႏွစ္ကို ေပါင္ ၁၇၃ သန္းအထိဝင္ေငြရရွိမွာျဖစ္တယ္။
ေၾကာက္စရာေကာင္းလြန္းတဲ့အက်ိဳးခံစားခြင့္ျဖစ္ၿပီး





အားကစားသမားေတြထဲမွာေတာ့ ထာဝရလစာေငြအမ်ားဆုံးလို႔
ဆိုရမွာျဖစ္တယ္။ ၂၀၂၂ ခုႏွစ္အတြင္း Forbes မဂၢဇင္းရဲ႕အဆိုအရ
မကၠဆီကိုလက္ေဝွ႔ေက်ာ္ ကာနယ္လိုအဲလ္ဗာရက္ဇ္က ဝင္ေငြ





ေပါင္သန္း ၇၀ နဲ႔ထိပ္ဆုံးမွာရွိေနခဲ့ေပမဲ့ အသင္းသစ္ရွာေတြ႕ခဲ့တဲ့
ေရာ္နယ္ဒိုက ကာနယ္လိုထက္ ေပါင္သန္း ၁၀၀ ေလာက္ပိုမ်ားတဲ့





ပမာဏတစ္ခုနဲ႔ ထိပ္ဆုံးေရာက္လာခဲ့တာပါ။ လုပ္ခလစာအျမင့္ဆုံး
အားကစားသမား ထိပ္ဆုံး ၁၀ဦးစာရင္းမွာေတာ့ ေရာ္နယ္ဒို
ဦးေဆာင္လိုက္ၿပီး ဒုတိယေနရာမွာ ကာနယ္လိုရပ္တည္ေနသလို





မက္ဆီက ေပါင္ ၆၂ သန္းနဲ႔ တတိယေနရာမွာရွိေနၿပီး
သူ႔ရဲ႕ပီအက္စ္ဂ်ီအသင္းေဖာ္ ေနမာက ေပါင္ ၅၈ သန္းနဲ႔





စတုတၳေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။