ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ မန်စီးတီးလို လုပ်ပြနိုင်တာ ၂ သင်းပဲ ရှိ တယ်

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးနဲ့ နယူးကာဆယ်တို့ လုပ်နေသလိုမျိုး လိုက်လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က ပြော ဆိုလိုက်ပြီး ငွေကို ရေလိုသုံးနိုင်တာဆိုလို့ မန်စီးတီး၊ ပီအက်စ်ဂျီနဲ့ နယူးကာ ဆယ်တို့ပဲ ရှိတယ်လို့ ဆိုပါတယ်။

မန်စီးတီးကို ၂၀၀၈ ခုနှစ်မှာ အဘူဒါဘီ ယူနိုက်တက် စီးပွားရေးလုပ်ငန်းစုကြီးက အလုံးစုံ ဝယ်ယူပိုင်ဆိုင်လိုက်ပြီးတဲ့နောက် ကမ္ဘာ့ထိပ်တန်းအင်အားကြီး အသင်းတစ်သင်းဖြစ်အောင် ပျိုးထောင်ခဲ့သလို ပီအက်စ်ဂျီကိုလည်း ကာတာစီးပွားရေးလုပ်ငန်းရှင်တွေက ဝယ်ယူ လိုက်ပြီးတဲ့နောက် မက်ဆီ၊ နေမာ၊ အမ်ဘာပီစတဲ့ ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မှာဆိုရင်လည်း နယူးကာဆယ်ကို ဆော်ဒီအာရေဗျ လုပ်ငန်းရှင်တွေက ဝယ်ယူလိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ နွေဈေးကွက် တစ်ခုတည်းမှာတင် ကစားသမားခေါ်ယူမှုအတွက် ပေါင်သန်း ၂၀၀ ကျော် သုံးခဲ့တာပါ။

ဒါကြောင့် ပိုက်ဆံနဲ့ပတ်သက်ပြီး နောက်လှည့်ကြည့်စရာမလိုဘဲ သုံးနိုင်တာဆိုလို့ အဲဒီ ၃ သင်းပဲ ရှိတယ်လို့ ဂျာမန်သားနည်းပြက ဆိုပါတယ်။

လီဗာပူးအနေနဲ့ ချန်ပီယံလောင်း မန်စီးတီးလိုမျိုး လိုက်လုပ်ပြနိုင်ဖို့ရှိနိုင်လားဆိုတဲ့ မေးခွန်းကို ကလော့ပ်က ပြန်လည်ဖြေကြား ခဲ့ရာမှာတော့ ‘’ အဖြေကိုတော့ ခင်ဗျားကြိုက်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အဖြေက ခင်ဗျားမှာ ရှိပြီးသားပါ။ မန်စီးတီးကို ဘယ်သူမှ ယှဉ်လို့မရဘူး။ သူတို့မှာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းရှိတယ်။ ဈေးကွက်ထဲက အ ကောင်းဆုံးဆိုတဲ့ ကစားသမားကို ခေါ်လိုက်လို့ရတယ်။

ဘယ်လောက်ပဲကုန် ကုန်၊ သူတို့ ဝယ်ရုံပဲ။ မန်စီးတီးကလည်း ဒီအဖြေကိုတော့ ကြိုက်မှာ မဟုတ် ပါဘူး။ ဘယ်သူမှလည်း မကြိုက်လောက်ပါဘူး။

ဒါပေမဲ့ လီဗာပူးက သူတို့လို လိုက်လုပ်လို့ မရဘူး။ အဲဒါက မဖြစ်နိုင်ဘူးလေ။ ဒါက ရှင်းနေတာပဲလေ။ သူတို့လိုချင်တာကို ငွေပုံအောပြီး လုပ်နိုင်တာက ၃ သင်းပဲ ရှိပါတယ်။

ဒါက တရားဝင်ဖြစ်ပြီး အားလုံး အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒါက တကယ့် အဓိက အချက်ဖြစ်နေတယ်။ ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး။ ကျွန်တော့်ကို ဒါမျိုး လာမမေးပါနဲ့။ အဲဒီလိုမျိုး လိုက်လုပ်ဖို့က မဖြစ်နိုင်လို့ပါ’’ လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ကမာၻ႔ေဘာလုံး ဇာတ္ခုံေပၚမွာ မန္စီးတီးလို လုပ္ျပႏိုင္တာ ၂ သင္းပဲ ရွိ တယ္

ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ မန္စီးတီးနဲ႔ နယူးကာဆယ္တို႔ လုပ္ေနသလိုမ်ိဳး လိုက္လုပ္ဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က ေျပာ ဆိုလိုက္ၿပီး ေငြကို ေရလိုသုံးႏိုင္တာဆိုလို႔ မန္စီးတီး၊ ပီအက္စ္ဂ်ီနဲ႔ နယူးကာ ဆယ္တို႔ပဲ ရွိတယ္လို႔ ဆိုပါတယ္။

မန္စီးတီးကို ၂၀၀၈ ခုႏွစ္မွာ အဘူဒါဘီ ယူႏိုက္တက္ စီးပြားေရးလုပ္ငန္းစုႀကီးက အလုံးစုံ ဝယ္ယူပိုင္ဆိုင္လိုက္ၿပီးတဲ့ ေနာက္ ကမာၻ႔ထိပ္တန္းအင္အားႀကီး အသင္းတစ္သင္းျဖစ္ေအာင္ ပ်ိဳးေထာင္ ခဲ့သလို ပီအက္စ္ဂ်ီကိုလည္း ကာတာစီးပြားေရးလုပ္ငန္းရွင္ေတြက ဝယ္ယူ လိုက္ၿပီးတဲ့ေနာက္ မက္ဆီ၊ ေနမာ၊ အမ္ဘာပီစတဲ့ ကမာၻ႔ထိပ္တန္း ကစား သမားေတြကို ေခၚယူခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္မွာဆိုရင္လည္း နယူး ကာဆယ္ကို ေဆာ္ဒီအာေရဗ် လုပ္ငန္းရွင္ေတြက ဝယ္ယူလိုက္ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ ေႏြေဈးကြက္ တစ္ခုတည္းမွာတင္ ကစားသမား ေခၚယူမႈအတြက္ ေပါင္သန္း ၂၀၀ ေက်ာ္ သုံးခဲ့တာပါ။

ဒါေၾကာင့္ ပိုက္ဆံနဲ႔ပတ္သက္ၿပီး ေနာက္ လွည့္ၾကည့္စရာမလိုဘဲ သုံးႏိုင္တာဆိုလို႔ အဲဒီ ၃ သင္းပဲ ရွိတယ္လို႔ ဂ်ာမန္ သားနည္းျပက ဆိုပါတယ္။ လီဗာပူးအေနနဲ႔ ခ်န္ပီယံေလာင္း မန္စီးတီးလိုမ်ိဳး လိုက္လုပ္ျပႏိုင္ဖို႔ရွိႏိုင္လားဆိုတဲ့ ေမးခြန္းကို ကေလာ့ပ္က ျပန္လည္ေျဖၾကား ခဲ့ရာမွာေတာ့ ‘’ အေျဖကိုေတာ့ ခင္ဗ်ား ႀကိဳက္မွာ မဟုတ္ပါဘူး။

ဒါေပမဲ့ အေျဖက ခင္ဗ်ားမွာ ရွိၿပီးသားပါ။ မန္စီးတီးကို ဘယ္သူမွ ယွဥ္လို႔မရဘူး။ သူ တို႔မွာ ကမာၻေပၚက အေကာင္းဆုံးအသင္းရွိတယ္။

ေဈးကြက္ထဲက အ ေကာင္းဆုံးဆိုတဲ့ ကစားသမားကို ေခၚလိုက္လို႔ရတယ္။ ဘယ္ေလာက္ပဲကုန္ ကုန္၊ သူတို႔ ဝယ္႐ုံပဲ။ မန္စီးတီးကလည္း ဒီအေျဖကိုေတာ့ ႀကိဳက္မွာ မဟုတ္ ပါဘူး။ ဘယ္သူမွလည္း မႀကိဳက္ေလာက္ပါဘူး။

ဒါေပမဲ့ လီဗာပူးက သူတို႔လို လိုက္လုပ္လို႔ မရဘူး။ အဲဒါက မျဖစ္ႏိုင္ဘူးေလ။ ဒါက ရွင္းေနတာပဲေလ။ သူတို႔လိုခ်င္တာကို ေငြပုံေအာၿပီး လုပ္ႏိုင္တာက ၃ သင္းပဲ ရွိပါတယ္။ ဒါက တရားဝင္ျဖစ္ၿပီး အားလုံး အဆင္ေျပပါတယ္။

ဒါေပမဲ့ ဒါက တကယ့္ အဓိက အခ်က္ျဖစ္ေနတယ္။ ကြၽန္ေတာ့္အတြက္ ဘာျပႆနာမွ မရွိပါဘူး။ ကြၽန္ ေတာ့္ကို ဒါမ်ိဳး လာမေမးပါနဲ႔။ အဲဒီလိုမ်ိဳး လိုက္လုပ္ဖို႔က မျဖစ္ႏိုင္လို႔ပါ’’ လို႔ ေျပာဆိုခဲ့ပါတယ္။