ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို ရွှေ့ဆိုင်းပေးဖို့ ဖီဖာထံ တောင်းဆိုထားတဲ့ ယူကရိန်း

ယူကရိန်း အသင်းဟာ မတ်လ ၂၃ရက်နေ့မှာ ကစား မယ့်

စကော့တလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်ကို

ရွှေ့ဆိုင်းပေးဖို့ ဖီဖာထံ တောင်းဆိုထား ပါ တယ်။

ရုရှားရဲ့ ကျူးကျော်မှုကြောင့် ယူကရိန်းမှာ ထိခိုက်မှုတွေ များနေပါတယ်။

စကော့တလန်နဲ့ ယူကရိန်းပွဲစဉ်က အနိုင်ရတဲ့အသင်းအနေ နဲ့

ဝေးလ် ဒါမှမဟုတ် ဩစတြီးယားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး

နိုင်ပွဲရတဲ့အသင်းက ယခုနှစ်ကုန်မှာ ကစားမယ့်

ကာတာ ကမ္ဘာ့ဖလားပွဲကို ယှဉ်ပြိုင်ခွင့်ရရှိသွားမှာ ဖြစ်ပါတယ်။

ယူ ကရိန်း လက်ရွေးစင် အများစုဟာ မွေးရပ်မြေကလပ်တွေ မှာပဲ

ဘောလုံးကစားလေ့ရှိကြပြီး ယူကရိန်း ပရီးမီးယား လိဂ်ကို

စစ်ပွဲကြောင့် ရပ်နားထားခဲ့ရပါတယ်။

ဖီဖာကတော့ယူကရိန်းရဲ့ တောင်းဆိုချက်အပေါ် သင့်တော်တဲ့ အဖြေရှာဖို့

ယူအီးအက်ဖ်အေ၊ စကော့တလန် ဘောလုံးအဖွဲ့ချုပ်တို့နဲ့

ဆွေးနွေးလျက် ရှိနေပါတယ်။စကော့တလန်နဲ့ ဩစတြီး ယားတို့ဟာ

၁၉၉၈ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား မကစား ဖူးသလို ဝေးလ်ကလည်း

၁၉၅၈ခုနှစ်နောက်ပိုင်း မကစား ခဲ့ဖူးပါဘူး။ယူကရိန်းဟာ ၁၉၉၂ခုနှစ်မှာ

ဖီဖာအဖွဲ့ဝင် ဖြစ်လာပြီး ၁၉၉၈ခုနှစ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့ပေမဲ့

၂၀၀၆ခုနှစ်မှာသာ ထပ်မံ ပြိုင်ဆိုင်ခွင့် ရခဲ့ပါတယ်။

ဒါပေမဲ့ ယူကရိန်းဟာ ယူရိုမှာတော့ ပုံမှန် ယှဉ်ပြိုင်ခွင့်ရပြီး

ပြီးခဲ့တဲ့ နွေရာသီက အင်္ဂလန်ကို ကွာတားဖိုင်နယ်မှာ ရှုံးပြီး ထွက်ခဲ့ရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမဲခွဲပွဲကို ဧပြီလ(၁)ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး

ပြိုင်ပွဲကိုတော့ နိုဝင်ဘာ(၂၁)ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဖီဖာ ဟာ ရုရှား ကို ပိတ်ပင်ထားတာကြောင့်

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအောဖ့် အဆင့် ပွဲစဉ်တွေကို

ဘယ်လိုစီစဉ်မလဲဆိုတာ စောင့်ကြည့်ရဦးမှာလည်းဖြစ်ပါတယ်။

စကော့တလန် ဟာ ဇွန်လမှာ ကျင်းပမယ့် နေးရှင်းလိဂ် B မှာ

ယူကရိန်း၊အာမေးနီးယား၊အိုင်ယာလန် တို့နဲ့

တစ်အုပ်စုတည်းကျရောက်နေတာလည်းဖြစ်ပါတယ်။

zawgyi

ကမာၻ႔ဖလား ေျခစစ္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္ကို ေ႐ႊ႕ဆိုင္းေပးဖို႔ ဖီဖာထံ ေတာင္းဆိုထားတဲ့ ယူကရိန္း

ယူကရိန္း အသင္းဟာ မတ္လ ၂၃ရက္ေန႔မွာ ကစား မယ့္

စေကာ့တလန္နဲ႔ ကမာၻ႔ဖလား ေျခစစ္ပြဲ ဆီမီးဖိုင္နယ္ပြဲစဥ္ကို

ေ႐ႊ႕ဆိုင္းေပးဖို႔ ဖီဖာထံ ေတာင္းဆိုထား ပါ တယ္။

႐ုရွားရဲ႕ က်ဴးေက်ာ္မႈေၾကာင့္ ယူကရိန္းမွာ ထိခိုက္မႈေတြ မ်ားေနပါတယ္။

စေကာ့တလန္နဲ႔ ယူကရိန္းပြဲစဥ္က အႏိုင္ရတဲ့အသင္းအေန နဲ႔

ေဝးလ္ ဒါမွမဟုတ္ ဩစႀတီးယားနဲ႔ ရင္ဆိုင္ရမွာ ျဖစ္ၿပီး

ႏိုင္ပြဲရတဲ့အသင္းက ယခုႏွစ္ကုန္မွာ ကစားမယ့္

ကာတာ ကမာၻ႔ဖလားပြဲကို ယွဥ္ၿပိဳင္ခြင့္ရရွိသြားမွာ ျဖစ္ပါတယ္။

ယူ ကရိန္း လက္ေ႐ြးစင္ အမ်ားစုဟာ ေမြးရပ္ေျမကလပ္ေတြ မွာပဲ

ေဘာလုံးကစားေလ့ရွိၾကၿပီး ယူကရိန္း ပရီးမီးယား လိဂ္ကို

စစ္ပြဲေၾကာင့္ ရပ္နားထားခဲ့ရပါတယ္။

ဖီဖာကေတာ့ယူကရိန္းရဲ႕ ေတာင္းဆိုခ်က္အေပၚ သင့္ေတာ္တဲ့ အေျဖရွာဖို႔

ယူအီးအက္ဖ္ေအ၊ စေကာ့တလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔နဲ႔

ေဆြးေႏြးလ်က္ ရွိေနပါတယ္။စေကာ့တလန္နဲ႔ ဩစႀတီး ယားတို႔ဟာ

၁၉၉၈ခုႏွစ္ေနာက္ပိုင္း ကမာၻ႔ဖလား မကစား ဖူးသလို ေဝးလ္ကလည္း

၁၉၅၈ခုႏွစ္ေနာက္ပိုင္း မကစား ခဲ့ဖူးပါဘူး။ယူကရိန္းဟာ ၁၉၉၂ခုႏွစ္မွာ

ဖီဖာအဖြဲ႕ဝင္ ျဖစ္လာၿပီး ၁၉၉၈ခုႏွစ္မွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ ရခဲ့ေပမဲ့

၂၀၀၆ခုႏွစ္မွာသာ ထပ္မံ ၿပိဳင္ဆိုင္ခြင့္ ရခဲ့ပါတယ္။

ဒါေပမဲ့ ယူကရိန္းဟာ ယူ႐ိုမွာေတာ့ ပုံမွန္ ယွဥ္ၿပိဳင္ခြင့္ရၿပီး

ၿပီးခဲ့တဲ့ ေႏြရာသီက အဂၤလန္ကို ကြာတားဖိုင္နယ္မွာ ရႈံးၿပီး ထြက္ခဲ့ရပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမဲခြဲပြဲကို ဧၿပီလ(၁)ရက္မွာ ျပဳလုပ္သြားမွာျဖစ္ၿပီး

ၿပိဳင္ပြဲကိုေတာ့ ႏိုဝင္ဘာ(၂၁)ရက္မွာ စတင္က်င္းပသြားမွာျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဖီဖာ ဟာ ႐ုရွား ကို ပိတ္ပင္ထားတာေၾကာင့္

ကမာၻ႔ဖလားေျခစစ္ပြဲ ပေလးေအာဖ့္ အဆင့္ ပြဲစဥ္ေတြကို

ဘယ္လိုစီစဥ္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာလည္းျဖစ္ပါတယ္။

စေကာ့တလန္ ဟာ ဇြန္လမွာ က်င္းပမယ့္ ေနးရွင္းလိဂ္ B မွာ

ယူကရိန္း၊အာေမးနီးယား၊အိုင္ယာလန္ တို႔နဲ႔

တစ္အုပ္စုတည္းက်ေရာက္ေနတာလည္းျဖစ္ပါတယ္။