
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဂါရတ်ဘေးလ်ဟာ သူ့မိခင်နိုင်ငံ ဝေးလ်အသင်း
ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရင် ချန်ပီယံရှစ်ကလပ် တစ်ခုမှာ ကစားရဖို့ရှိနေပြီး
ခြေစစ်ပွဲမအောင်ခဲ့ရင်တော့ ကစားသမားဘဝကအနားယူရဖို့ရှိနေတယ်လို့ သိရပါတယ်။
၁၉၅၈ က တည်းက ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်ခဲ့တဲ့ ဝေးလ်ဟာ
၂၀၂၂ ပြိုင်ပွဲအတွက်ဩစတြီးယားနဲ့ play-off ကစားရမှာဖြစ်ပြီး
နိုင်ခဲ့ ရင် စကော့တလန် ဒါမှမဟုတ် ယူကရိန်း တို့ထဲက
တစ်သင်းနဲ့ထပ်တွေ့မှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားကို ကာတာနိုင်ငံမှာ လာမယ့်ဆောင်းရာသီမှာ
ကျင်းပသွားမှာဖြစ်ပါတယ်။
လက်ရှိမှာ ဘေးလ်ဟာ နွေရာသီမှာရီးရဲလ်နဲ့
စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဘေးလ်ဟာကမ္ဘာ့ဖလားမှာ
ဝင်ကစားဖို့ ဆန္ဒပြင်းထန်နေသူဖြစ်လို့ သူ့အ နေနဲ့
ကမ္ဘာ့ဖလားမှာပါလိုတယ်ဆိုရင် ဝေးလ်အခြေစိုက်
ချန်ပီယံရှစ်ကလပ်တွေဖြစ်တဲ့ ကာဒစ်ဖ် ဒါမှမဟုတ်
ဆွမ်ဆီးအသင်းနဲ့ ရေတိုစာချုပ် ချုပ်ပြီး ကြံ့ခိုင်မှုကောင်းမွန်နေဖို့နဲ့
ဘောလုံးနဲ့ကင်းကွာခြင်းမရှိစေဖို့ ကြိုးစားရမှာဖြစ်ပါတယ်။
ဝေးလ်သာခြေစစ်ပွဲ မအောင်ခဲ့ဘဲ သူ့ကိုလည်းခေါ်မယ့်ကလပ်မရှိတော့ရင်
ဘောလုံးသမားဘဝကနေနားရဖို့ရှိနေပါတယ်။
၂၀၁၃ ကစပါးကနေရီးရဲလ်ကိုရောက်လာတဲ့ ဘေးလ်ဟာ
မက်ဒရစ်မှာတော်တော်လေးအဆင်မပြေဖြစ်နေပြီး ၂၀၂၀-၂၁ ရာသီမှာ
စပါးကိုသွားပြီးအငှားပြန်ကစားခဲ့ရပါတယ်။ လက်ရှိမှာလည်း
သူဟာ ရီးရဲလ်အတွက် ၃ ပွဲသာကစားရသေးသူဖြစ်ပါတယ်။
စကိုင်း စပို့သတင်းထောက် ကာဗယ်ဆိုလ်ဟီကိုက” ဝေးလ်သာခြေစစ်ပွဲအောင်ခဲ့ရင်
ဘေးလ်အတွက်ကလပ်တစ်ခုမရှိလို့မဖြစ်ပါဘူး။
ရီး ရဲလ်နဲ့စာချုပ်ကလည်း နွေရာသီမှာကုန်တော့မှာဆိုတော့
သူဟာပရီးမီးယားလိဂ် ဒါမှမဟုတ် ချန်ပီယံရှစ်က ကလပ်တစ်ခုနဲ့
ရေ တိုစာချုပ် ချုပ်ရပါလိမ့်မယ်။ အသင်းလက်မဲ့ဖြစ်နေသူကိုတော့
ဘယ်နည်းပြကမှ ကမ္ဘာ့ဖလားလိုပြိုင်ပွဲအတွက်ရွေးမှာမဟုတ်ပါဘူး။
ဖြစ်နိုင်ချေကတော့သူ့အနေနဲ့ ဆွမ်ဆီးဒါမှာမဟုတ်ရင်
ကာဒစ်ဖ် ဆီသွားဖို့ပါဘဲ။ ဝေးလ်သာခြေစစ်ပွဲမအောင်ခဲ့ရင်တော့
ဘေးလ် အတွက် အနားယူဖို့အချိန်ကောင်းဖြစ်လာမှာပါ။
ကလပ်အဆင့်မှာ ဆုဖလားအတော်များများသူရခဲ့တဲ့အပြင်
သူသိပ်ကစားချင် တဲ့ ကမ္ဘာ့ဖလားလည်း မကစားရတော့ဘူးဆိုမှာတော့
အနားယူလိုက်တာပိုကောင်းမှာပါ” လို့ပြောသွားပါတယ်။
zawgyi
ကမာၻ႔ဖလား ေျခစစ္ပြဲမေအာင္ခဲ့ရင္ေတာ့ ကစားသမားဘဝကအနားယူရဖို႔ရွိတဲ့ ဂါရတ္ေဘးလ္
ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး ဂါရတ္ေဘးလ္ဟာ သူ႔မိခင္ႏိုင္ငံ ေဝးလ္အသင္း
ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ရင္ ခ်န္ပီယံရွစ္ကလပ္ တစ္ခုမွာ ကစားရဖို႔ရွိေနၿပီး
ေျခစစ္ပြဲမေအာင္ခဲ့ရင္ေတာ့ ကစားသမားဘဝကအနားယူရဖို႔ရွိေနတယ္လို႔ သိရပါတယ္။
၁၉၅၈ က တည္းက ကမာၻ႔ဖလားေျခစစ္ပြဲမေအာင္ခဲ့တဲ့ ေဝးလ္ဟာ
၂၀၂၂ ၿပိဳင္ပြဲအတြက္ဩစႀတီးယားနဲ႔ play-off ကစားရမွာျဖစ္ၿပီး
ႏိုင္ခဲ့ ရင္ စေကာ့တလန္ ဒါမွမဟုတ္ ယူကရိန္း တို႔ထဲက
တစ္သင္းနဲ႔ထပ္ေတြ႕မွာျဖစ္ပါတယ္။
၂၀၂၂ ကမာၻ႔ဖလားကို ကာတာႏိုင္ငံမွာ လာမယ့္ေဆာင္းရာသီမွာ
က်င္းပသြားမွာျဖစ္ပါတယ္။
လက္ရွိမွာ ေဘးလ္ဟာ ေႏြရာသီမွာရီးရဲလ္နဲ႔
စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာ ျဖစ္ပါတယ္။
အသက္ ၃၂ ႏွစ္ရွိၿပီျဖစ္တဲ့ ေဘးလ္ဟာကမာၻ႔ဖလားမွာ
ဝင္ကစားဖို႔ ဆႏၵျပင္းထန္ေနသူျဖစ္လို႔ သူ႔အ ေနနဲ႔
ကမာၻ႔ဖလားမွာပါလိုတယ္ဆိုရင္ ေဝးလ္အေျခစိုက္
ခ်န္ပီယံရွစ္ကလပ္ေတြျဖစ္တဲ့ ကာဒစ္ဖ္ ဒါမွမဟုတ္
ဆြမ္ဆီးအသင္းနဲ႔ ေရတိုစာခ်ဳပ္ ခ်ဳပ္ၿပီး ႀကံ့ခိုင္မႈေကာင္းမြန္ေနဖို႔နဲ႔
ေဘာလုံးနဲ႔ကင္းကြာျခင္းမရွိေစဖို႔ ႀကိဳးစားရမွာျဖစ္ပါတယ္။
ေဝးလ္သာေျခစစ္ပြဲ မေအာင္ခဲ့ဘဲ သူ႔ကိုလည္းေခၚမယ့္ကလပ္မရွိေတာ့ရင္
ေဘာလုံးသမားဘဝကေနနားရဖို႔ရွိေနပါတယ္။
၂၀၁၃ ကစပါးကေနရီးရဲလ္ကိုေရာက္လာတဲ့ ေဘးလ္ဟာ
မက္ဒရစ္မွာေတာ္ေတာ္ေလးအဆင္မေျပျဖစ္ေနၿပီး ၂၀၂၀-၂၁ ရာသီမွ
ာ စပါးကိုသြားၿပီးအငွားျပန္ကစားခဲ့ရပါတယ္။ လက္ရွိမွာလည္း
သူဟာ ရီးရဲလ္အတြက္ ၃ ပြဲသာကစားရေသးသူျဖစ္ပါတယ္။
စကိုင္း စပို႔သတင္းေထာက္ ကာဗယ္ဆိုလ္ဟီကိုက” ေဝးလ္သာေျခစစ္ပြဲေအာင္ခဲ့ရင္
ေဘးလ္အတြက္ကလပ္တစ္ခုမရွိလို႔မျဖစ္ပါဘူး။
ရီး ရဲလ္နဲ႔စာခ်ဳပ္ကလည္း ေႏြရာသီမွာကုန္ေတာ့မွာဆိုေတာ့
သူဟာပရီးမီးယားလိဂ္ ဒါမွမဟုတ္ ခ်န္ပီယံရွစ္က ကလပ္တစ္ခုနဲ႔
ေရ တိုစာခ်ဳပ္ ခ်ဳပ္ရပါလိမ့္မယ္။ အသင္းလက္မဲ့ျဖစ္ေနသူကိုေတာ့
ဘယ္နည္းျပကမွ ကမာၻ႔ဖလားလိုၿပိဳင္ပြဲအတြက္ေ႐ြးမွာမဟုတ္ပါဘူး။
ျဖစ္ႏိုင္ေခ်ကေတာ့သူ႔အေနနဲ႔ ဆြမ္ဆီးဒါမွာမဟုတ္ရင္
ကာဒစ္ဖ္ ဆီသြားဖို႔ပါဘဲ။ ေဝးလ္သာေျခစစ္ပြဲမေအာင္ခဲ့ရင္ေတာ့
ေဘးလ္ အတြက္ အနားယူဖို႔အခ်ိန္ေကာင္းျဖစ္လာမွာပါ။
ကလပ္အဆင့္မွာ ဆုဖလားအေတာ္မ်ားမ်ားသူရခဲ့တဲ့အျပင္
သူသိပ္ကစားခ်င္ တဲ့ ကမာၻ႔ဖလားလည္း မကစားရေတာ့ဘူးဆိုမွာေတာ့
အနားယူလိုက္တာပိုေကာင္းမွာပါ” လို႔ေျပာသြားပါတယ္။