ကမ္ဘာ့ဖလား ကစားနေတဲ့အချိန်မှာ ပွေးမနေဖို့ ဟာလန်းကို မှာထားတဲ့ ဂွါဒီယိုလာ

ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ယှဉ်ပြိုင်ကစားနေတဲ့အချိန်မှာ တိုက်စစ်မှူး ဟာလန်းအနေနဲ့ ထင်ရာစိုင်းပြီး လုပ်ချင်ရာတွေ လျှောက်လုပ်မနေဖို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက သတိပေးခဲ့ပါတယ်။

ဟာလန်းရဲ့ နော်ဝေအသင်းဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့် မရတာကြောင့် မန်စီးတီးတိုက်စစ်မှူးဟာ အားလပ်ချိန်တွေ အများကြီး ရှိနေမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီလိုမျိုး နိုင်ငံတကာပြိုင်ပွဲတွေ ရှိနေချိန်မှာ ပရော်ဖက်ရှင်နယ်ကစားသမားပီပီ မိမိရဲ့ အကောင်းဆုံးပုံစံကို ဆက်ထိန်းထားရမှာဖြစ်ပြီး ပေါက်ပန်းလေးဆယ်တွေ လျှောက်လုပ်မနေဖို့နဲ့

နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးတဲ့အခါမှာ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်လို့ ဂွါဒီယိုလာက ပြောဆိုလိုက်တာပါ။

‘’သူက နော်ေ၀ ဒါမှမဟုတ်ရင် မာဘယ်လာမှာ ရှိနေမှာပါ။ မန်စီးတီးကို ပြန်လာတဲ့အခါမှာ သူ့အနေနဲ့ ဘာမှ လှည့်ကြည့်စရာမလိုအောင် ဖြစ်နေဖို့ ဆိုတာက သူဟာ မာဘယ်လာမှာ ပြုမူနေထိုင်ခဲ့တဲ့ အပေါ်မှာလည်း မူတည်ပါတယ်။

အဲဒီမှာ သူ့ရဲ့ အိမ်တစ်လုံး ရှိတယ်လေ။ သူ့အနေနဲ့ ဂေါက်ရိုက် ကစားမယ်လို့တော့ ကျွန်တော် မျှော်လင့်ထားပြီး ရှကီတွေလည်း စွတ်မထုဖို့နဲ့ အစားတွေလည်း မဟားတရားတွေ မလုပ်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။

ဒါက ကျွန်တော်တို့အနေနဲ့ ဆောင်းရာသီမှာ ကျင်းပတဲ့ ပထမဆုံး ကမ္ဘာ့ဖ လားပြိုင်ပွဲကို ကြုံရတာပါ။ ဒါကြောင့် ကစားသမားတွေအနေနဲ့ ဘယ်လိုပုံစံ တွေနဲ့ ပြန်လာကြမယ်ဆိုတာကို ကျွန်တော် မသိပါဘူး။

သူတို့တွေက ချန်ပီယံ တွေဆိုရင်တော့ ကစားသမားတွေအကုန်လုံးက အဆင်သင့် အနေအထားနဲ့ ရှိနေမှာပေါ့ဗျာ။

ဒီလိုမှ မဟုတ်ရင်လည်း ကျွန်တော့်ကစားသမားတွေ ကစားတဲ့အသင်းဟာ ပြိုင်ပွဲက ထွက်ခဲ့ရပြီး စောစောစီးစီး နားချိန်ရတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်’’ လို့ ဂွါဒီယိုလာက ဒေါ့တ်မန်နဲ့ ကစားမယ့် ချန်ပီ ယံလိဂ် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလား ကစားေနတဲ့အခ်ိန္မွာ ေပြးမေနဖို႔ ဟာလန္းကို မွာထားတဲ့ ဂြါဒီယိုလာ

ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ယွဥ္ၿပိဳင္ ကစားေနတဲ့အခ်ိန္မွာ တိုက္စစ္မႉး ဟာလန္း အေနနဲ႔ ထင္ရာစိုင္းၿပီး လုပ္ခ်င္ရာေတြ ေလွ်ာက္လုပ္မေနဖို႔ မန္စီးတီးနည္းျပ ဂြါဒီယိုလာက သတိေပးခဲ့ပါတယ္။

ဟာလန္းရဲ႕ ေနာ္ေဝအသင္းဟာ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ခြင့္ မရတာေၾကာင့္ မန္စီးတီးတိုက္စစ္မႉး ဟာ အားလပ္ခ်ိန္ေတြ အမ်ားႀကီး ရွိေနမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီလိုမ်ိဳး ႏိုင္ငံတကာၿပိဳင္ပြဲေတြ ရွိေနခ်ိန္မွာ ပေရာ္ဖက္ရွင္နယ္ကစားသမားပီပီ မိမိရဲ႕ အေကာင္းဆုံးပုံစံကို ဆက္ထိန္းထားရမွာျဖစ္ၿပီး ေပါက္ပန္းေလးဆယ္ေတြ ေလွ်ာက္လုပ္မေနဖို႔နဲ႔ ႏိုင္ငံတကာပြဲစဥ္ေတြၿပီးဆုံးတဲ့အခါမွာ အေကာင္းဆုံး ပုံစံကို ျပသႏိုင္ဖို႔ ႀကိဳးစားရမွာ ျဖစ္တယ္လို႔ ဂြါဒီယိုလာက ေျပာဆိုလိုက္တာ ပါ။

‘’သူက ေနာ္ေ၀ ဒါမွမဟုတ္ရင္ မာဘယ္လာ မွာ ရွိေနမွာပါ။ မန္စီးတီးကို ျပန္လာတဲ့အခါမွာ သူ႔အေနနဲ႔ ဘာမွ လွည့္ၾကည့္စရာမလိုေအာင္ ျဖစ္ေနဖို႔ ဆိုတာက သူဟာ မာဘယ္လာမွာ ျပဳမူေနထိုင္ခဲ့တဲ့ အေပၚမွာလည္း မူတည္ ပါတယ္။

အဲဒီမွာ သူ႔ရဲ႕ အိမ္တစ္လုံး ရွိတယ္ေလ။ သူ႔အေနနဲ႔ ေဂါက္႐ိုက္ ကစားမယ္လို႔ေတာ့ ကြၽန္ေတာ္ ေမွ်ာ္လင့္ထားၿပီး ရွကီေတြလည္း စြတ္မထုဖို႔ နဲ႔ အစားေတြလည္း မဟားတရားေတြ မလုပ္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ဒါက ကြၽန္ေတာ္တို႔အေနနဲ႔ ေဆာင္းရာသီမွာ က်င္းပတဲ့ ပထမဆုံး ကမာၻ႔ဖ လားၿပိဳင္ပြဲကို ႀကဳံရတာပါ။

ဒါေၾကာင့္ ကစားသမားေတြအေနနဲ႔ ဘယ္လိုပုံစံ ေတြနဲ႔ ျပန္လာၾကမယ္ဆိုတာကို ကြၽန္ေတာ္ မသိပါဘူး။

သူတို႔ေတြက ခ်န္ပီယံ ေတြဆိုရင္ေတာ့ ကစားသမားေတြအကုန္လုံးက အဆင္သင့္ အေနအထားနဲ႔ ရွိေနမွာေပါ့ဗ်ာ။

ဒီလိုမွ မဟုတ္ရင္လည္း ကြၽန္ေတာ့္ကစားသမားေတြ ကစား တဲ့အသင္းဟာ ၿပိဳင္ပြဲက ထြက္ခဲ့ရၿပီး ေစာေစာစီးစီး နားခ်ိန္ရတာမ်ိဳးလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္’’ လို႔ ဂြါဒီယိုလာက ေဒါ့တ္မန္နဲ႔ ကစားမယ့္ ခ်န္ပီ ယံလိဂ္ ပြဲႀကိဳ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။