ကာတာနိုင်ငံဟာ အိုလံပစ်အားကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ်
လက်ခံကျင်းပနိုင်ရေးအတွက် ကမ်းလှမ်းမှုတွေပြုလုပ်ဖို့စီစဉ်နေပြီဖြစ်တယ်။
ပင်လယ်ကွေ့နိုင်ငံမှာ လက်တလောကျင်းပနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ
အောင်မြင်မှုနောက်ဆက်တွဲအနေနဲ့ ကာတာ တာဝန်ယူသူတွေဟာ
၂၀၃၆ အိုလံပစ်ပြိုင်ပွဲကိုလေလံဆွဲဖို့စဉ်းစားလာတာဖြစ်တယ်။
နိုင်ငံတကာအိုလံပစ်ကော်မတီဘက်က လေလံအနိုင်ရတဲ့နိုင်ငံကို
ဘယ်အချိန်ကြေညာမလဲဆိုတာ မသိရသေးပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို
လက်ခံနိုင်ခဲ့ပြီးနောက် ကာတာဟာရှေ့တစ်လှမ်းတိုးလာနိုင်မှာတော့
သေချာနေပါတယ်။ တကယ်လို့ သူတို့ရဲ့မျှော်လင့်ချက်တွေဖြစ်မယ်ဆိုရင်
ကာတာနိုင်ငံဟာ အိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ်ပထမဆုံးလက်ခံ
ကျင်းပခွင့်ရတဲ့ မွတ်ဆလင်နိုင်ငံဖြစ်လာဖို့ရှိနေပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲလိုပုံစံမျိုး အပူဒဏ်ကိုကာကွယ်နိုင်ဖို့အတွက်
ကာတာဟာ အိုလံပစ်ပြိုင်ပွဲကို နှစ်ကုန်ပိုင်းမှာကျင်းပခွင့်နဲ့
ပြောင်းလဲတောင်းဆိုသွားဖို့ရှိနေတာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက်
သီးသန့်တပ်ဆင်ခဲ့တဲ့ အဆင့်မြင့်လေးအေးပေးစက်စနစ်တွေဟာ
လာမယ့်ပြိုင်ပွဲတွေအတွက်အသုံးဝင်လာဖို့ရှိနေပါတယ်။
အလားအလာရှိတဲ့လေလံနဲ့ပတ်သတ်လို့ “ကမ္ဘာ့ဖလားအောင်မြင်ဟာ
ကာတာကိုခိုင်မာတဲ့အနေအထားရှိစေပါတယ်။ သူတို့လုပ်နိုင်တယ်ဆိုတာ
ပြခဲ့တယ်…ဒါဟာ အယူအဆသက်သေတွေပါပဲ။ ၂၀၀၆ အာရှအားကစား
ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တယ်၊ ၂၀၃၀ မှာလည်း
ထပ်မံလက်ခံဖို့ရှိနေတယ်။ ကစားကွင်း၊ မြေအောက်ရထား၊
လေဆိပ်အသစ်စတဲ့အခြေခံအဆောက်အဦအားလုံး သူတို့မှာ
ရှိပြီးသားဖြစ်နေတယ်” Reuters သတင်းဌာနအရင်းအမြစ်အရ
သိရပါတယ်။ လာမယ့် ၂၀၂၄ အိုလံပစ်ကိုတော့ ပြင်သစ်နိုင်ငံပါရီမှာ
ကျင်းပဖို့စီစဉ်ထားပြီး ၂၀၂၈ ကိုတော့ လော့စ်အိန်ဂျယ်လိစ်မှာ
ကျင်းပဖို့စီစဉ်ထားပြီး ၂၀၃၂ ပြိုင်ပွဲကိုတော့ ဘရစ္စဘိန်းမှာ
ကျင်းပဖို့ရှိနေတာဖြစ်တယ်။ အခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့
ကာတာနိုင်ငံရဲ့လူ့အခွင့်အရေးမှန်တမ်းနဲ့ လိင်တူဆက်ဆံမှုအမြင်တွေကြောင့်
ဝေဖန်ငြင်းခုန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်။ ဒါပေမဲ့ ပြိုင်ပွဲကို
အကောင်းဆုံးကျင်းပနေနိုင်တာကြောင့် ကာတာဟာ
အိုလံပစ်ပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရမယ့် အလားအလာကောင်းတွေရှိနေပါတယ်။
zawgyi
ကမ္ဘာ့ဖလားအောင်မြင်ပြီးနောက် ၂၀၃၆ အိုလံပစ်ပြိုင်ပွဲကို ကာတာက အိမ်ရှင်အဖြစ်လက်ခံကျင်းပလို