
ကာတာကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားအသင်းမှာ





လူမည်းကိုယ်စားပြုကင်းမဲ့ခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့
ရင်ဆိုင်နေရတယ်လို့ sportbible ကဖော်ပြလိုက်ပါတယ်။





အဖြူရောင်ပေါ်မှာ အပြာရောင်အစင်းကြောင်းပါဝင်တဲ့
ဝတ်စုံပိုင်ရှင်တွေဟာဘောလုံးနဲ့ပက်သတ်လို့အကောင်းဆုံး
စွမ်းဆောင်နိုင်ခဲ့ကြပေမဲ့ သူတို့ရဲ့အောင်မြင်မှုပုံရိပ်ကိုကြည့်ပြီး





လူတိုင်းမပျော်နိုင်ခဲ့ပါဘူး။ ကာတာကမ္ဘာ့ဖလားမှာ
လူမည်းကိုယ်စားပြုကင်းမဲ့ခဲ့အတွက် အမေရိကန်မီဒီယာသမား





တစ်ယောက်ဖြစ်တဲ့ ဂျိုးဘတ်ဒန်က အာဂျင်တီးနားကိုဝေဖန်
လိုက်တာဖြစ်တယ်။ “မက်ဆီနဲ့ သူတို့အတွက်ကြွေးကြော်လိုက်ပါ။
အာဂျင်တီးနားအနိုင်ရသွားတယ်၊ အမှန်ပဲလား။





ကျွန်တော် ဒါကိုအဆုံးအထိထိုင်ကြည့်ခဲ့ပြီး အံ့မခန်းပါပဲ။
သူတို့ ပင်နယ်တီတစ်လုံးတော့လွဲချော်ခဲ့ပါတယ်။





ဒါက စိတ်ဖိစီးစရာဖြစ်ပါတယ်။ ဒါပေမဲ့ လူမည်းတွေ
အတွက်တော့ ဒါကအရမ်းကိုထူးဆန်းနေပါတယ်” လို့
ဂျိုးဘတ်ဒန်က ဆိုခဲ့ပါတယ်။ ဂျိုးဘတ်ဒန်နဲ့အတူ အစီအစဉ်မှာ





ပါဝင်ခဲ့သူက “အာဂျင်တီးနားအတွက်ပါဝင်ကစားတဲ့
လူမည်းကစားသမားမရှိဘူးလေ” လို့ ကြားဖြတ်





ဝင်ပြောရာမှာတော့ ဂျိုးဘတ်ဒန်က “အာဂျင်တီးနားလူမျိုးတွေရဲ့
ပုံရိပ်အားလုံးဟာ အနက်ရောင်ကိုယ်စားပြုခြင်းမရှိပါဘူး။
ဒါကိုပဲ လူတွေကထူးခြားတယ်လို့မြင်ကြတာပါ။





ကျွန်တော်ဖတ်ဖူးတဲ့အချက်အလက်တွေအရတော့
သူတို့မှာလူမည်းဦးရေစာရင်းရှိနေပါတယ်။





ဒါပေမဲ့ အဲ့ဒီလွတ်လပ်ခွင့်ကို ကိုယ်စားပြုတာမျိုးမတွေ့ရဘူး” လို့
ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့်တော့ အာဂျင်တီးနားတွေဟာ
လူမည်းတွေကိုနိုင်ငံတွင်းမှာစနစ်တကျဖယ်ရှားခဲ့တယ်လို့





ဂျိုးဘတ်ဒန်က ဆိုပါတယ်။ အာဂျင်တီးနားသမ္မတဟာ
၁၈၆၈ ကနေ ၁၈၇၄ ခုနှစ်အထိလျှို့ဝှက်လူမျိုးသုဉ်း





သတ်ဖြတ်မှုတွေအတွက်ကျယ်ပြန့်စွာဖော်ပြခံခဲ့ရပါတယ်။
၁၈၇၅ အရောက်မှာတော့ နိုင်ငံအတွင်းမှာ လူမည်း
အနည်းငယ်သာရှိတော့တဲ့အတွက် ပြည်လုံးကျွတ်





သန်းခေါင်စာရင်း ကောက်ယူရာမှာ အာဖရိကမျိုးနွယ်စုတွေကို
စာရင်းသွင်းပေးဖို့အတွက်ကိုတောင် အနှောက်အယှက်





မရှိတော့တဲ့အနေအထားအထိဖြစ်သွားခဲ့တယ်လို့
ဂျိုးဘတ်ဒန်က ထောက်ပြပြောဆိုခဲ့ပါတယ်။
zawgyi





ကမာၻ႔ဖလားေအာင္ပြဲမွာ ‘လူမည္းကိုယ္စားျပဳမရွိျခင္း’ အတြက္ မက္ဆီနဲ႔ အာဂ်င္တီးနားအသင္း ေဝဖန္ခံေနရ
ကာတာကမာၻ႔ဖလားခ်န္ပီယံအာဂ်င္တီးနားအသင္းမွာ





လူမည္းကိုယ္စားျပဳကင္းမဲ့ခဲ့တာေၾကာင့္ ေဝဖန္မႈေတြနဲ႔
ရင္ဆိုင္ေနရတယ္လို႔ sportbible ကေဖာ္ျပလိုက္ပါတယ္။
အျဖဴေရာင္ေပၚမွာ အျပာေရာင္အစင္းေၾကာင္းပါဝင္တဲ့





ဝတ္စုံပိုင္ရွင္ေတြဟာေဘာလုံးနဲ႔ပက္သတ္လို႔အေကာင္းဆုံး
စြမ္းေဆာင္ႏိုင္ခဲ့ၾကေပမဲ့ သူတို႔ရဲ႕ေအာင္ျမင္မႈပုံရိပ္ကိုၾကည့္ၿပီး





လူတိုင္းမေပ်ာ္ႏိုင္ခဲ့ပါဘူး။ ကာတာကမာၻ႔ဖလားမွာ
လူမည္းကိုယ္စားျပဳကင္းမဲ့ခဲ့အတြက္ အေမရိကန္မီဒီယာသမား
တစ္ေယာက္ျဖစ္တဲ့ ဂ်ိဳးဘတ္ဒန္က အာဂ်င္တီးနားကိုေဝဖန္





လိုက္တာျဖစ္တယ္။ “မက္ဆီနဲ႔ သူတို႔အတြက္ေႂကြးေၾကာ္လိုက္ပါ။
အာဂ်င္တီးနားအႏိုင္ရသြားတယ္၊ အမွန္ပဲလား။





ကြၽန္ေတာ္ ဒါကိုအဆုံးအထိထိုင္ၾကည့္ခဲ့ၿပီး အံ့မခန္းပါပဲ။
သူတို႔ ပင္နယ္တီတစ္လုံးေတာ့လြဲေခ်ာ္ခဲ့ပါတယ္။
ဒါက စိတ္ဖိစီးစရာျဖစ္ပါတယ္။ ဒါေပမဲ့ လူမည္းေတြ





အတြက္ေတာ့ ဒါကအရမ္းကိုထူးဆန္းေနပါတယ္” လို႔
ဂ်ိဳးဘတ္ဒန္က ဆိုခဲ့ပါတယ္။ ဂ်ိဳးဘတ္ဒန္နဲ႔အတူ အစီအစဥ္မွာ





ပါဝင္ခဲ့သူက “အာဂ်င္တီးနားအတြက္ပါဝင္ကစားတဲ့
လူမည္းကစားသမားမရွိဘူးေလ” လို႔ ၾကားျဖတ္
ဝင္ေျပာရာမွာေတာ့ ဂ်ိဳးဘတ္ဒန္က “အာဂ်င္တီးနားလူမ်ိဳးေတြရဲ႕





ပုံရိပ္အားလုံးဟာ အနက္ေရာင္ကိုယ္စားျပဳျခင္းမရွိပါဘူး။
ဒါကိုပဲ လူေတြကထူးျခားတယ္လို႔ျမင္ၾကတာပါ။





ကြၽန္ေတာ္ဖတ္ဖူးတဲ့အခ်က္အလက္ေတြအရေတာ့
သူတို႔မွာလူမည္းဦးေရစာရင္းရွိေနပါတယ္။
ဒါေပမဲ့ အဲ့ဒီလြတ္လပ္ခြင့္ကို ကိုယ္စားျပဳတာမ်ိဳးမေတြ႕ရဘူး” လို႔





ေျပာဆိုခဲ့ပါတယ္။ အထူးသျဖင့္ေတာ့ အာဂ်င္တီးနားေတြဟာ
လူမည္းေတြကိုႏိုင္ငံတြင္းမွာစနစ္တက်ဖယ္ရွားခဲ့တယ္လို႔





ဂ်ိဳးဘတ္ဒန္က ဆိုပါတယ္။ အာဂ်င္တီးနားသမၼတဟာ
၁၈၆၈ ကေန ၁၈၇၄ ခုႏွစ္အထိလွ်ိဳ႕ဝွက္လူမ်ိဳးသုဥ္း
သတ္ျဖတ္မႈေတြအတြက္က်ယ္ျပန႔္စြာေဖာ္ျပခံခဲ့ရပါတယ္။





၁၈၇၅ အေရာက္မွာေတာ့ ႏိုင္ငံအတြင္းမွာ လူမည္း
အနည္းငယ္သာရွိေတာ့တဲ့အတြက္ ျပည္လုံးကြၽတ္





သန္းေခါင္စာရင္း ေကာက္ယူရာမွာ အာဖရိကမ်ိဳးႏြယ္စုေတြကို
စာရင္းသြင္းေပးဖို႔အတြက္ကိုေတာင္ အေႏွာက္အယွက္
မရွိေတာ့တဲ့အေနအထားအထိျဖစ္သြားခဲ့တယ္လို႔





ဂ်ိဳးဘတ္ဒန္က ေထာက္ျပေျပာဆိုခဲ့ပါတယ္။