ကမ္ဘာ့ဖလားအုပ်စုမဲခွဲပွဲအတွက် နိုင်ခြေအဆင့်သတ်မှတ်ခံခဲ့ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာ လာမယ့်ရက်သတ္တပတ်အတွင်း

ပြုလုပ်မယ့် ၂၀၂၂ ကမ္ဘာ့ဖလားမဲခွဲပွဲအတွက်
နိုင်ခြေအဆင့်သတ်မှတ်ခံခဲ့ရပေမယ့် ကာတာနိုင်ငံ၊
ဒိုဟာမြို့မှာ ပြုလုပ်မယ့် မဲခွဲပွဲမစခင် ၂၄ နာရီအလိုအထိ
နောက်ဆုံးအဆင့် ၄သင်းရှိတဲ့ နိုင်ခြေအဆင့်သတ်မှတ်ခံရမှု ထွက်ပေါ်ဦးမှာမဟုတ်ပါဘူး။
ဖီဖာက အတည်ပြုကြေညာချက်အရ ဧပြီလ ၁ ရက်နေ့မှာ

ပြုလုပ်မယ့် မဲခွဲပွဲမတိုင်ခင် တစ်ရက်အလိုမှာ ရှိနေမယ့်
ကမ္ဘာ့အဆင့်ရပ်တည်မှုအတိုင်း မဲခွဲပွဲမှာ နိုင်ခြေအဆင့်တွေကို
သတ်မှတ်သွားမှာဖြစ်ပြီး ယခုနိုင်ငံတကာရက်သတ္တပတ်အတွင်း
ကစားမယ့်ပွဲရလဒ်တွေအပေါ် မူတည်ကာ
ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အတည်ပြုမှာဖြစ်ပါတယ်။

နည်းပြ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ လက်ရှိအချိန်မှာ
ကမ္ဘာ့အဆင့် ၇ နေရာ ရောက်နေပြီး အိမ်ရှင်ကာတာနဲ့အတူ
ရပ်တည်မယ့် နိုင်ခြေအဆင့်ရ ၇သင်းထဲ ပါဝင်ခွင့်ရမှာ သေချာပါတယ်။
ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ပြင်သစ်၊ အာဂျင်တီးနားနဲ့ စပိန်တို့လည်း
နိုင်ခြေအဆင့်သတ်မှတ်ခံရမှာဖြစ်ပြီး အီတလီ ဒါမှမဟုတ်

ပေါ်တူဂီဖြစ်ဖြစ် ခြေစစ်ပွဲအောင်လာရင်လည်း အဲဒီအသင်း
နိုင်ခြေအဆင့်သတ်မှတ်ခံရမှာဖြစ်ပါတယ်။
တကယ်လို့ ၂သင်းစလုံး ခြေစစ်ပွဲမအောင်ဘူးဆိုရင်တော့
ဒိန်းမတ် ဒါမှမဟုတ် နယ်သာလန် တစ်သင်းသင်း
အစားထိုးနေရာဝင်ယူဖွယ်ရှိနေပါတယ်။

ဖီဖာဟာ တိုက်ကြီးတွေအလိုက် အုပ်စုမခွဲတော့ဘဲ
ကမ္ဘာ့အဆင့်ကို အခြေခံဖွယ်ရှိနေရာ အင်္ဂလန်အနေနဲ့
ဂျာမနီ၊ ဆွစ်ဇာလန်၊ ခရိုအေးရှား တစ်သင်သင်းနဲ့ တွေ့ဆုံရဖွယ်ရှိနေပါတယ်။
အုပ်စု ၈ခုအနက် ၅ခုမှာ ဥရောပအသင်း ၂သင်း ပါဝင်မှာဖြစ်ပြီး
လက်ကျန် ၃အုပ်စုမှာတော တစ်သင်းစီပါဝင်မှာဖြစ်ပါတယ်။

ကာတာနိုင်ငံက ကမ္ဘာဖလားပွဲတွေကို ကွင်း ၈ကွင်းမှာ
လက်ခံကျင်းပမှာဖြစ်ပြီး တစ်ကွင်းနဲ့ တစ်ကွင်း
အဝေးဆုံးသွားရမယ့်အကွာအဝေးကလည်း ၄၂မိုင်ပဲ ရှိပါတယ်။

Zawgyi

ကမၻာ့ဖလားအုပ္စုမဲခြဲပဲြအတြက္ ႏိုင္ေျခအဆင့္သတ္မွတ္ခံခဲ့ရတဲ့ အဂၤလန္
အဂၤလန္အသင္းဟာ လာမယ့္ရက္သတၱပတ္အတြင္း
ျပဳလုပ္မယ့္ ၂၀၂၂ ကမၻာ့ဖလားမဲခြဲပြဲအတြက္
ႏိုင္ေျခအဆင့္သတ္မွတ္ခံခဲ့ရေပမယ့္ ကာတာႏိုင္ငံ၊

ဒုိဟာၿမိဳ႕မွာ ျပဳလုပ္မယ့္ မဲခြဲပြဲမစခင္ ၂၄ နာရီအလိုအထိ
ေနာက္ဆုံးအဆင့္ ၄သင္းရွိတဲ့ ႏိုင္ေျခအဆင့္သတ္မွတ္ခံရမႈ ထြက္ေပၚဦးမွာမဟုတ္ပါဘူး။
ဖီဖာက အတည္ျပဳေၾကညာခ်က္အရ ဧၿပီလ ၁ ရက္ေန႔မွာ
ျပဳလုပ္မယ့္ မဲခြဲပြဲမတုိင္ခင္ တစ္ရက္အလုိမွာ ရွိေနမယ့္
ကမၻာ့အဆင့္ရပ္တည္မႈအတုိင္း မဲခြဲပြဲမွာ ႏိုင္ေျခအဆင့္ေတြကို

သတ္မွတ္သြားမွာျဖစ္ၿပီး ယခုႏိုင္ငံတကာရက္သတၱပတ္အတြင္း
ကစားမယ့္ပြဲရလဒ္ေတြအေပၚ မူတည္ကာ
ကမၻာ့အဆင့္သတ္မွတ္ခ်က္ကို အတည္ျပဳမွာျဖစ္ပါတယ္။
နည္းျပ ေဆာက္ဂိတ္ရဲ႕အဂၤလန္အသင္းဟာ လက္ရွိအခ်ိန္မွာ
ကမၻာ့အဆင့္ ၇ ေနရာ ေရာက္ေနၿပီး အိမ္ရွင္ကာတာနဲ႔အတူ

ရပ္တည္မယ့္ ႏုိင္ေျခအဆင့္ရ ၇သင္းထဲ ပါ၀င္ခြင့္ရမွာ ေသခ်ာပါတယ္။
ဘယ္လ္ဂ်ီယံ၊ ဘရာဇီး၊ ျပင္သစ္၊ အာဂ်င္တီးနားနဲ႔ စပိန္တုိ႔လည္း
ႏိုင္ေျခအဆင့္သတ္မွတ္ခံရမွာျဖစ္ၿပီး အီတလီ ဒါမွမဟုတ္
ေပၚတူဂီျဖစ္ျဖစ္ ေျခစစ္ပြဲေအာင္လာရင္လည္း အဲဒီအသင္း
ႏိုင္ေျခအဆင့္သတ္မွတ္ခံရမွာျဖစ္ပါတယ္။

တကယ္လုိ႔ ၂သင္းစလုံး ေျခစစ္ပြဲမေအာင္ဘူးဆုိရင္ေတာ့
ဒိန္းမတ္ ဒါမွမဟုတ္ နယ္သာလန္ တစ္သင္းသင္း
အစားထိုးေနရာ၀င္ယူဖြယ္ရွိေနပါတယ္။
ဖီဖာဟာ တုိက္ႀကီးေတြအလုိက္ အုပ္စုမခြဲေတာ့ဘဲ
ကမၻာ့အဆင့္ကို အေျခခံဖြယ္ရွိေနရာ အဂၤလန္အေနနဲ႔

ဂ်ာမနီ၊ ဆြစ္ဇာလန္၊ ခရိုေအးရွား တစ္သင္သင္းနဲ႔ ေတြ႕ဆုံရဖြယ္ရွိေနပါတယ္။
အုပ္စု ၈ခုအနက္ ၅ခုမွာ ဥေရာပအသင္း ၂သင္း ပါ၀င္မွာျဖစ္ၿပီး
လက္က်န္ ၃အုပ္စုမွာေတာ တစ္သင္းစီပါ၀င္မွာျဖစ္ပါတယ္။
ကာတာႏုိင္ငံက ကမၻာဖလားပြဲေတြကို ကြင္း ၈ကြင္းမွာ
လက္ခံက်င္းပမွာျဖစ္ၿပီး တစ္ကြင္းနဲ႔ တစ္ကြင္း

အေ၀းဆုံးသြားရမယ့္အကြာအေ၀းကလည္း ၄၂မိုင္ပဲ ရွိပါတယ္။