ကမ္ဘာ့ဖလားအရယူနိုင်ပြီဆိုရင်တော့ အင်္ဂလန်ကစားသမားတွေ ထောပြီ

လာမယ့် ဒီဇင်ဘာလမှာ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲစဉ်မှာ အင်္ဂလန် အနေနဲ့ ချန်ပီယံဆုကို အရယူပြီး အင်္ဂလန်ကို ဘင်သံနဲ့ ပြန်နိုင်ခဲ့မယ်ဆိုရင်တော့

ကစားသမားတစ်ယောက်ချင်းစီဟာ ဆုကြေးငွေအဖြစ် တစ်ယောက် ကို ပေါင် ၅၀၀၀၀၀ စီ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ချန်ပီယံဆု ရပြီဆိုတာနဲ့ ကစားသမားတစ်ယောက်ချင်းစီတိုင်းကို

အက်ဖ်အေက ဆုကြေးအဖြစ် ပေါင် ၅၀၀၀၀၀ စီပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး စပွန်ဆာ ကုမ္ပဏီတွေကပေးတဲ့ အပိုဆုကြေးတွေနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ကစားသမားတစ်ယောက်ချင်းစီဟာ

ပေါင်သန်းနဲ့ချီပြီး ရရှိကြတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပေးခဲ့တဲ့ ဆုကြေးထက် နှစ်ဆကျော် တိုးမြှင့်ပေးခဲ့တာဖြစ်ပြီး

အခု ကမ္ဘာ့ ဖလားပြိုင်ပွဲမှာတော့ ကစားသမား ၂၆ ယောက်စာအတွက် ပေါင် ၁၃ သန်း လောက် ချီးမြှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် တော့ နည်းပြဖြစ်တဲ့

ဆောက်ဂိတ်ဟာ အထူးဆုကြေးအဖြစ် ပေါင် ၃ သန်း ရမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ကစားသမား တစ်ယောက်ချင်းစီကို တိုးမြှင့်ပေးတဲ့ ဆုကြေးဟာဆိုရင် ပြီးခဲ့တဲ့ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက

ပေးခဲ့တဲ့ ပေါင် ၂၁၅၀၀၀ ဆိုတဲ့ ဆုကြေးထက် သိသိသာသာကို မြင့်မားလာခဲ့တာဖြစ် ပါတယ်။ ဒါ့အပြင် အင်္ဂလန်ဟာ ဘရာဇီး၊ ဂျာမနီ၊ ဘယ်လ်ဂျီယံတို့လိုပဲ စပွန် စာ ဆုကြေး မြင့်မားတဲ့

အသင်းမျိုး ဖြစ်နေပြီး ဂျာစီ စပွန်ဆာ စာချုပ်ကနေ ရတဲ့ ဆုကြေးလည်း မြင့်မားနေပါတယ်။ လက်ရှိမှာတော့ Nike နဲ့ အကျိုးတူ ပူးပေါင်းထားတဲ့ ဘရာဇီးအသင်းဟာ ဂျာစီ စပွန်ဆာ

စာချုပ်ဆုကြေး အမြင့် မားဆုံး ဖြစ်နေပြီး တစ်နှစ်ကို ပေါင်သန်း ၃၀ ရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လည်း အင်္ဂလန်ဟာဆိုရင်လည်း Nike နဲ့ အကျိုးတူ ပူးပေါင်းထားတဲ့

အသင်း ဖြစ်နေတဲ့အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ကုမ္ပဏီဘက်က ပေးလာတဲ့ ဆုကြေးတွေကို ဘရာဇီးအသင်းနည်းတူ ရရှိခံစားခွင့် ရှိမှာဖြစ် တယ်လို့ Daily Mail က ဆိုပါတယ်။

(Zawgyi)

ကမာၻ႔ဖလားအရယူႏိုင္ၿပီဆိုရင္ေတာ့ အဂၤလန္ကစားသမားေတြ ေထာၿပီ

လာမယ့္ ဒီဇင္ဘာလမွာ ယွဥ္ၿပိဳင္မယ့္ ကမာၻ႔ဖလား ဗိုလ္လုပြဲစဥ္မွာ အဂၤလန္ အေနနဲ႔ ခ်န္ပီယံဆုကို အရယူၿပီး အဂၤလန္ကို ဘင္သံနဲ႔ ျပန္ႏိုင္ခဲ့မယ္ဆိုရင္ ေတာ့ ကစားသမားတစ္ေယာက္ခ်င္းစီဟာ

ဆုေၾကးေငြအျဖစ္ တစ္ေယာက္ ကို ေပါင္ ၅၀၀၀၀၀ စီ ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။ ခ်န္ပီယံဆု ရၿပီဆိုတာ နဲ႔ ကစားသမားတစ္ေယာက္ခ်င္းစီတိုင္းကို အက္ဖ္ေအက ဆုေၾကးအျဖစ္

ေပါင္ ၅၀၀၀၀၀ စီေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး စပြန္ဆာ ကုမၸဏီေတြက ေပးတဲ့ အပိုဆုေၾကးေတြနဲ႔ ေပါင္းလိုက္မယ္ဆိုရင္ေတာ့ ကစားသမားတစ္ေယာက္ ခ်င္းစီဟာ

ေပါင္သန္းနဲ႔ခ်ီၿပီး ရရွိၾကေတာ့မွာျဖစ္တယ္လို႔ သိရပါတယ္။ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲတုန္း က ေပးခဲ့တဲ့ ဆုေၾကးထက္ ႏွစ္ဆေက်ာ္

တိုးျမႇင့္ေပးခဲ့တာျဖစ္ၿပီး အခု ကမာၻ႔ ဖလားၿပိဳင္ပြဲမွာေတာ့ ကစားသမား ၂၆ ေယာက္စာအတြက္ ေပါင္ ၁၃ သန္း ေလာက္ ခ်ီးျမႇင့္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ အဂၤလန္သာ

ဗိုလ္စြဲခဲ့မယ္ဆိုရင္ ေတာ့ နည္းျပျဖစ္တဲ့ ေဆာက္ဂိတ္ဟာ အထူးဆုေၾကးအျဖစ္ ေပါင္ ၃ သန္း ရမွာ ျဖစ္ပါတယ္။ အခုလိုမ်ိဳး ကစားသမား တစ္ေယာက္ခ်င္းစီကို တိုးျမႇင့္ ေပးတဲ့

ဆုေၾကးဟာဆိုရင္ ၿပီးခဲ့တဲ့ ႐ုရွား ကမာၻ႔ဖလားၿပိဳင္ပြဲတုန္းက ေပးခဲ့တဲ့ ေပါင္ ၂၁၅၀၀၀ ဆိုတဲ့ ဆုေၾကးထက္ သိသိသာသာကို ျမင့္မားလာခဲ့တာျဖစ္ ပါတယ္။

ဒါ့အျပင္ အဂၤလန္ဟာ ဘရာဇီး၊ ဂ်ာမနီ၊ ဘယ္လ္ဂ်ီယံတို႔လိုပဲ စပြန္ စာ ဆုေၾကး ျမင့္မားတဲ့ အသင္းမ်ိဳး ျဖစ္ေနၿပီး ဂ်ာစီ စပြန္ဆာ စာခ်ဳပ္ကေန ရတဲ့ ဆုေၾကးလည္း ျမင့္မားေနပါတယ္။

လက္ရွိမွာေတာ့ Nike နဲ႔ အက်ိဳးတူ ပူးေပါင္းထားတဲ့ ဘရာဇီးအသင္းဟာ ဂ်ာစီ စပြန္ဆာ စာခ်ဳပ္ဆုေၾကး အျမင့္ မားဆုံး ျဖစ္ေနၿပီး တစ္ႏွစ္ကို ေပါင္သန္း ၃၀ ရွိတယ္လို႔ သိရပါတယ္။

ဒါေပမဲ့ လည္း အဂၤလန္ဟာဆိုရင္လည္း Nike နဲ႔ အက်ိဳးတူ ပူးေပါင္းထားတဲ့ အသင္း ျဖစ္ေနတဲ့အတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲခဲ့မယ္ဆိုရင္ ကုမၸဏီဘက္က ေပးလာတဲ့

ဆုေၾကးေတြကို ဘရာဇီးအသင္းနည္းတူ ရရွိခံစားခြင့္ ရွိမွာျဖစ္ တယ္လို႔ Daily Mail က ဆိုပါတယ္။