ကမ္ဘာ့ဖလားအပြီးမှာ တိုက်တန်းနစ်တိုက်ပွဲတွေချည်းဆက်နေတဲ့အပေါ် လီဗာပူးပရိသတ်တွေ အံ့ဩမကုန်နိုင်အောင်ဖြစ်နေ

ကာရာဘောင်းဖလားစတုတ္ထအဆင့်မှာတော့ လီဗာပူးဟာ မန်စီးတီးနဲ့ထိပ်တိုက်တွေ့ခဲ့ပါတယ်။ ချန်ပီယံလိဂ်မဲခွဲရာမှာ လက်ရှိချန်ပီယံရီးရဲလ်နဲ့ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ကာရာဘောင်းမှာ

မန်စီးတီးနဲ့ထပ်ကျခဲ့တဲ့ လီဗာပူးအသင်းကံကြမ္မာအပေါ် ပရိသတ်တွေကမေးခွန်းထုတ်နေကြပြီဖြစ်တယ်။ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီးရက်ပိုင်းအကြာမှာ

ကာရာဘောင်းဖလားစတုတ္ထအဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဖို့ရှိနေပြီး ကြိုးကြာနီတွေအတွက်တော့ တိုက်တန်းနစ် ပွဲစဉ်တွေချည်းဆက်နေတယ်လို့

ဗြိတိန်မီဒီယာတွေက တင်စားနေကြပါတယ်။ ပွဲကျပ်တွေဆက်နေတဲ့ လီဗာပူးနဲ့ ပတ်သတ်လို့ ပရိသတ်တစ်ယောက်က “ဒီလိုအရာနဲ့ထိုက်တန်အောင်

ငါတို့ဘာလုပ်မိခဲ့လဲမသိဘူး။ ချန်ပီယံလိဂ်မှာ ရီးရဲလ်၊ ကာရာဘောင်းမှာ မန်စီးတီး။ ငါတို့ကို လာနောက်နေတာလားမသိဘူး” လို့ ဆိုရှယ်မီဒီယာထက်မှာရေးသားခဲ့ပါတယ်။

ဒုတိယတစ်ယောက်ကတော့ ကလော့ပ်ရဲ့ဦးထုပ်နဲ့ မျက်မှန်တပ်ထားတဲ့ ကျားတစ်ကောင်ပုံရိပ်ကိုတင်ခဲ့ပြီး “ကမ္ဘာ့ဖလားကပြန်လာတာနဲ့ ချန်ပီယံလိဂ်မှာ

ရီးရဲလ်၊ ကာရာဘောင်းဖလားမှာ မန်စီးတီးနဲ့အဝေးကွင်း…” လို့ မှတ်ချက်ရေးသားခဲ့ ပါတယ်။ တတိယတစ်ယောက်ကတော့ “လီဗာပူးသမိုင်းမှာ

အရှည်လျားဆုံး ရက်သတ္တပါတ်ပါပဲ။ တနင်္လာနေ့မဲခွဲပွဲမှာ ရီးရဲလ်နဲ့ကျတယ်၊ FSG ဟာ ကလပ်ကို အရောင်းစာရင်းတင်ခဲ့တယ်။ ကာရာဘောင်းတွဲဆိုင်းမှာ

မန်စီးတီးနဲ့ကျတယ်၊ ဆောက်သမ်တန်နဲ့ပွဲသာ ကျန်ပါတော့တယ်” လို့ ရေးသားခဲ့ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားအၿပီးမွာ တိုက္တန္းနစ္တိုက္ပြဲေတြခ်ည္းဆက္ေနတဲ့အေပၚ လီဗာပူးပရိသတ္ေတြ အံ့ဩမကုန္ႏိုင္ေအာင္ျဖစ္ေန

ကာရာေဘာင္းဖလားစတုတၳအဆင့္မွာေတာ့ လီဗာပူးဟာ မန္စီးတီးနဲ႔ထိပ္တိုက္ေတြ႕ခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မဲခြဲရာမွာ လက္ရွိခ်န္ပီယံရီးရဲလ္နဲ႔ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ကာရာေဘာင္းမွာ

မန္စီးတီးနဲ႔ထပ္က်ခဲ့တဲ့ လီဗာပူးအသင္းကံၾကမၼာအေပၚ ပရိသတ္ေတြကေမးခြန္းထုတ္ေနၾကၿပီျဖစ္တယ္။ ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီးရက္ပိုင္းအၾကာမွာ

ကာရာေဘာင္းဖလားစတုတၳအဆင့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားရဖို႔ရွိေနၿပီး ႀကိဳးၾကာနီေတြအတြက္ေတာ့ တိုက္တန္းနစ္ပြဲစဥ္ေတြခ်ည္းဆက္ေနတယ္လို႔

ၿဗိတိန္မီဒီယာေတြက တင္စားေနၾကပါတယ္။ ပြဲက်ပ္ေတြဆက္ေနတဲ့ လီဗာပူးနဲ႔ပတ္ သတ္လို႔ ပရိသတ္တစ္ေယာက္က “ဒီလိုအရာနဲ႔ထိုက္တန္ေအာင္ ငါတို႔ဘာလုပ္မိခဲ့လဲမသိဘူး။

ခ်န္ပီယံလိဂ္မွာ ရီးရဲလ္၊ ကာရာေဘာင္းမွာ မန္စီးတီး။ ငါတို႔ကို လာေနာက္ေနတာလားမသိဘူး” လို႔ ဆိုရွယ္မီဒီယာထက္မွာေရးသားခဲ့ပါ တယ္။

ဒုတိယတစ္ေယာက္ကေတာ့ ကေလာ့ပ္ရဲ႕ဦးထုပ္နဲ႔ မ်က္မွန္တပ္ထားတဲ့ က်ားတစ္ေကာင္ပုံရိပ္ကိုတင္ခဲ့ၿပီး “ကမာၻ႔ဖလားကျပန္လာတာနဲ႔ ခ်န္ပီယံလိဂ္မွာ ရီးရဲလ္၊ ကာရာေဘာင္းဖလားမွာ

မန္စီးတီးနဲ႔အေဝးကြင္း…” လို႔ မွတ္ခ်က္ေရးသားခဲ့ ပါတယ္။ တတိယတစ္ေယာက္ကေတာ့ “လီဗာပူးသမိုင္းမွာ အရွည္လ်ားဆုံးရက္သတၱပါတ္ပါပဲ။

တနလၤာေန႔မဲခြဲပြဲမွာ ရီးရဲလ္နဲ႔က်တယ္၊ FSG ဟာ ကလပ္ကိုအေရာင္းစာရင္းတင္ခဲ့တယ္။ ကာရာေဘာင္းတြဲဆိုင္းမွာ မန္စီးတီးနဲ႔က်တယ္၊

ေဆာက္သမ္တန္နဲ႔ပြဲသာက်န္ပါေတာ့တယ္” လို႔ ေရးသားခဲ့ပါတယ္။