ကမ္ဘာ့ဖလားအတွက် မသေချာတော့တဲ့ ဆွန်ဟောင်မင်ကြောင့် တောင်ကိုရီးယားပရိသတ်တွေ သောကရောက်နေ

မာဆေးလ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ မျက်လုံး ဒဏ်ရာကြောင့် စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ ကမ္ဘာ့ဖလားအိပ်မက်ဟာ သံသယဖြစ်ရာ

ရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားတိုက်စစ်မှူးရဲ့ မျက်လုံးကို ပုံမှန်အကောင်းပကတိအတိုင်း ပြန်ဖြစ်စေဖို့အတွက် မျက်ကွင်း အနီးတစ်ဝိုက်မှာ

ခွဲစိတ်ကုသမှု ပြုလုပ်ရမှာဖြစ်တယ်လို့ စပါးအသင်းက ထုတ်ပြန်ကြေညာခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကစားသမားအနေနဲ့ ဘောလုံးကွင်းထဲကို ပြန်လာမယ့် အချိန်ကို အတိအကျ မပြောနိုင်သေးသလို ကျင်းပဖို့အတွက် ၁၉ ရက်ပဲ လို တော့တဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သံသယဖြစ်စရာ ကောင်းနေပြီဖြစ်ပါ တယ်။ ‘’ဆွန်ဟောင်မင်ဟာ သူ့ရဲ့ ဘယ်ဘက်မျက်လုံးရဲ့ မျက်ကွင်း အနီး တစ်ဝိုက်ကို ခွဲစိတ်ကုသမှု

ခံရတော့မယ်ဆိုတာ ကျွန်တော်တို့ အတည်ပြုပါတယ်။ မာဆေးလ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပထမပိုင်းမှာ တောင်ကို ရီးယား တိုက်စစ်မှူးက

ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုတွေ ပြီးတာနဲ့အမျှ ဆွန်ဟောင်မင်ဟာ ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ဝန် ထမ်းတွေနဲ့အတူ ပြန်လည်

ကောင်းမွန်လာရေး လုပ်ငန်းစဉ်တွေကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် နောက်ထပ် သတင်းတွေကိုလည်း အချိန်နဲ့အမျှ ကျွန် တော်တို့ ထုတ်ပြန်ပေးမှာဖြစ်ပါတယ်’’ လို့

စပါးအသင်းက ကြေညာခဲ့ပါတယ်။ အခုလိုမျိုး ဆွန်ဟောင်မင် ခွဲ စိတ် ကုသရမယ်ဆိုတဲ့ သတင်းဟာ တောင်ကိုရီးုယား လက်ရွေးစင်အသင်း

အတွက်တော့ ကြီးမားလွန်းတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ်ခဲ့ပြီး နိုင်ငံလက်ရွေး စင်အသင်းရဲ့ သူရဲကောင်း တစ်ယောက်ကို ဆုံးရှုံးရဖို့ အခြေအနေမျိုး ဖြစ် သွားတာပဲ ဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားအတြက္ မေသခ်ာေတာ့တဲ့ ဆြန္ေဟာင္မင္ေၾကာင့္ ေတာင္ကိုရီးယားပရိသတ္ေတြ ေသာကေရာက္ေန

မာေဆးလ္ကို ၂-၁ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲစဥ္မွာ ရရွိခဲ့တဲ့ မ်က္လုံး ဒဏ္ရာ ေၾကာင့္ စပါးတိုက္စစ္မႉး ဆြန္ေဟာင္မင္ရဲ႕ ကမာၻ႔ဖလားအိပ္မက္ဟာ သံသ ယျဖစ္ရာ ရွိလာၿပီ ျဖစ္ပါတယ္။

ေတာင္ကိုရီးယားတိုက္စစ္မႉးရဲ႕ မ်က္လုံးကို ပုံမွန္အေကာင္းပကတိအတိုင္း ျပန္ျဖစ္ေစဖို႔အတြက္ မ်က္ကြင္း အနီးတစ္ဝိုက္ မွာ ခြဲစိတ္ကုသမႈ ျပဳလုပ္ရမွာျဖစ္တယ္လို႔

စပါးအသင္းက ထုတ္ျပန္ေၾကညာ ခဲ့ၿပီး လက္ရွိအခ်ိန္မွာေတာ့ ျပင္ဆင္မႈေတြ ျပဳလုပ္ေနၿပီျဖစ္တယ္လို႔ သိရပါ တယ္။ ဒါေၾကာင့္ ကစားသမားအေနနဲ႔

ေဘာလုံးကြင္းထဲကို ျပန္လာမယ့္ အခ်ိန္ကို အတိအက် မေျပာႏိုင္ေသးသလို က်င္းပဖို႔အတြက္ ၁၉ ရက္ပဲ လို ေတာ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ သံသယျဖစ္စရာ

ေကာင္းေနၿပီျဖစ္ပါ တယ္။ ‘’ဆြန္ေဟာင္မင္ဟာ သူ႔ရဲ႕ ဘယ္ဘက္မ်က္လုံးရဲ႕ မ်က္ကြင္း အနီး တစ္ဝိုက္ကို ခြဲစိတ္ကုသမႈ ခံရေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ အတည္ျပဳပါ တယ္။

မာေဆးလ္ကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ပထမပိုင္းမွာ ေတာင္ကို ရီးယား တိုက္စစ္မႉးက ဒဏ္ရာရခဲ့တာျဖစ္ပါတယ္။ ခြဲစိတ္ကုသမႈေတြ ၿပီးတာ နဲ႔အမွ် ဆြန္ေဟာင္မင္ဟာ

ကြၽန္ေတာ္တို႔ရဲ႕ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ဝန္ ထမ္းေတြနဲ႔အတူ ျပန္လည္ ေကာင္းမြန္လာေရး လုပ္ငန္းစဥ္ေတြကို လုပ္ ေဆာင္မွာ ျဖစ္ပါတယ္။

ပရိသတ္ေတြအတြက္ ေနာက္ထပ္ သတင္းေတြကိုလည္း အခ်ိန္နဲ႔အမွ် ကြၽန္ ေတာ္တို႔ ထုတ္ျပန္ေပးမွာျဖစ္ပါ တယ္’’ လို႔ စပါးအသင္းက ေၾကညာခဲ့ပါတယ္။

အခုလိုမ်ိဳး ဆြန္ေဟာင္မင္ ခြဲ စိတ္ ကုသရမယ္ဆိုတဲ့ သတင္းဟာ ေတာင္ကိုရီးုယား လက္ေ႐ြးစင္အသင္း အတြက္ေတာ့ ႀကီးမားလြန္းတဲ့

ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ခဲ့ၿပီး ႏိုင္ငံလက္ေ႐ြး စင္အသင္းရဲ႕ သူရဲေကာင္း တစ္ေယာက္ကို ဆုံးရႈံးရဖို႔ အေျခအေနမ်ိဳး ျဖစ္ သြားတာပဲ ျဖစ္ပါတယ္။