ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အီဂျစ်အသင်း အရာအားလုံးပေးဆပ်ကစားသွားမယ်လို့ ဆာလာ ကတိပြု

အီဂျစ်အသင်းအနေနဲ့ အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲအရှုံးကို

ပြန်လည်လက်စားချေကာ ဆီနီဂေါကို ကျော်ဖြတ်ပြီး
ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့အတွက် အရာအားလုံး
ပေးဆပ်ကစားသွားမယ်လို့ ကြယ်ပွင့်တိုက်စစ်မှူး
ဆာလာက အခိုင်အမာပြောကြားလိုက်ပါတယ်။
အသက် ၂၉ နှစ်အရွယ်ရှိ လီဗာပူးတိုက်စစ်မှူးဆာလာဟာ

ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်အဖြစ်
ကလပ်အသင်းဖော် မာနေး ဦးဆောင်တဲ့ ဆီနီဂေါနဲ့
ထပ်မံရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ လွန်ခဲ့တဲ့ ၇ပတ်ကမှ အာဖရိကနိုင်ငံများဖလား
ဗိုလ်လုပွဲအဖြစ် ကင်မရွန်းမှာ ရင်ဆိုင်ခဲ့ကြတာဖြစ်ပြီး

မိနစ် ၁၂၀အပြီး ဂိုးမရှိသရေကျနေလို့
ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့
ဆီနီဂေါက အနိုင်ရကာ ပထမဆုံးချန်ပီယံဆုရယူနိုင်ခဲ့ပါတယ်။
ယူနိုက်တက်နည်းပြဟောင်း ကွီရော့ဇ် တာဝန်ယူနေတဲ့
အီဂျစ်ဟာ ယနေ့ည ကိုင်ရိုမှာ ဆီနီဂေါကို အရင်ဆုံး

ဧည့်ခံကစားရမှာဖြစ်ပြီး ၃ ရက်အကြာမှာ
အဝေးကွင်းပွဲ ဆက်လက်ကစားရမှာဖြစ်ပါတယ်။
”ဆီနီဂေါကို ကျော်ဖြတ်နိုင်ဖို့ ကျွန်တေ်တို့အသင်း
အရာအားလုံးပေးဆပ်ကစားသွားမယ်လို့
အားလုံးကို ကတိပေးထားပါတယ်။

ဒီပွဲနဲ့ပတ်သက်လို့ ကျွန်တော် အများကြီးမပြောချင်ပါဘူး။
ဘာလို့လဲဆိုတော့ ဒီပွဲက ဘယ်လောက်
အရေးကြီးလဲဆိုတာ အားလုံးလည်း သိနေလို့ပါ”လို့
ဆာလာက ပြောကြားသွားပါတယ်

Zawgyi

ကမၻာ့ဖလား၀င္ခြင့္ရဖို႔ အီဂ်စ္အသင္း အရာအားလုံးေပးဆပ္ကစားသြားမယ္လုိ႔ ဆာလာ ကတိျပဳ
အီဂ်စ္အသင္းအေနနဲ႔ အာဖရိကႏိုင္ငံမ်ားဖလားဗိုလ္လုပြဲအ႐ံႈးကို
ျပန္လည္လက္စားေခ်ကာ ဆီနီေဂါကို ေက်ာ္ျဖတ္ၿပီး

ကမၻာ့ဖလား၀င္ခြင့္ရဖုိ႔အတြက္ အရာအားလုံး
ေပးဆပ္ကစားသြားမယ္လုိ႔ ၾကယ္ပြင့္တုိက္စစ္မွဴး
ဆာလာက အခိုင္အမာေျပာၾကားလုိက္ပါတယ္။
အသက္ ၂၉ ႏွစ္အရြယ္ရွိ လီဗာပူးတုိက္စစ္မွဴးဆာလာဟာ
ကမၻာ့ဖလားေျခစစ္ပြဲ ပေလးေအာ့ဖ္ပြဲစဥ္အျဖစ္

ကလပ္အသင္းေဖာ္ မာေနး ဦးေဆာင္တဲ့ ဆီနီေဂါနဲ႔
ထပ္မံရင္ဆုိင္ရမွာျဖစ္ပါတယ္။
ဒီႏွစ္သင္းဟာ လြန္ခဲ့တဲ့ ၇ပတ္ကမွ အာဖရိကႏုိင္ငံမ်ားဖလား
ဗိုလ္လုပြဲအျဖစ္ ကင္မရြန္းမွာ ရင္ဆုိင္ခဲ့ၾကတာျဖစ္ၿပီး
မိနစ္ ၁၂၀အၿပီး ဂိုးမရွိသေရက်ေနလုိ႔

ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့
ဆီနီေဂါက အႏိုင္ရကာ ပထမဆုံးခ်န္ပီယံဆုရယူႏိုင္ခဲ့ပါတယ္။
ယူႏုိက္တက္နည္းျပေဟာင္း ကီြေရာ့ဇ္ တာ၀န္ယူေနတဲ့
အီဂ်စ္ဟာ ယေန႔ည ကိုင္ရုိမွာ ဆီနီေဂါကို အရင္ဆုံး
ဧည့္ခံကစားရမွာျဖစ္ၿပီး ၃ ရက္အၾကာမွာ

အေ၀းကြင္းပြဲ ဆက္လက္ကစားရမွာျဖစ္ပါတယ္။
”ဆီနီေဂါကို ေက်ာ္ျဖတ္ႏုိင္ဖုိ႔ ကၽြန္ေတ္တုိ႔အသင္း
အရာအားလုံးေပးဆပ္ကစားသြားမယ္လုိ႔
အားလုံးကို ကတိေပးထားပါတယ္။
ဒီပြဲနဲ႔ပတ္သက္လုိ႔ ကၽြန္ေတာ္ အမ်ားႀကီးမေျပာခ်င္ပါဘူး။

ဘာလုိ႔လဲဆုိေတာ့ ဒီပြဲက ဘယ္ေလာက္
အေရးႀကီးလဲဆုိတာ အားလုံးလည္း သိေနလုိ႔ပါ”လုိ႔
ဆာလာက ေျပာၾကားသြားပါတယ္