
အင်္ဂလန်က ဆီနီဂေါကို ၃ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဘယ်လင်ဂမ်ရဲ့ပေါက်ကွဲအားပြင်းတန့်ကစားဟန်က ပရိသတ်တွေကိုစိတ်ကြိုက်တွေ့စေခဲ့ပါတယ်။
ဆောက်ဂိတ်ရဲ့အသင်းဟာ Al Bayt ကွင်းထဲမှာ ဆီနီဂေါကို သက်သောင့်သက်သာကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်မှာတော့ လက်ရှိချန်ပီယံပြင်သစ်နဲ့ရင်ဆိုင်ရတော့မှာဖြစ်တယ်။
ပွဲအစမှာ အင်္ဂလန်ရဲ့ကစားပုံမကောင်းခဲ့ပေမဲ့ ပထမပိုင်းမှာတင် ဟန်ဒါဆန်၊ ဟယ်ရီကိန်းတို့ရဲ့သွင်းဂိုးတွေနဲ့အတူ ပွဲကိုအပိုင်သိမ်းခဲ့တာဖြစ်တယ်။
ဒီသွင်းဂိုးနှစ်ဂိုးစလုံးရဲ့ နှလုံးသားက ဘယ်လင်ဂမ်ဖြစ်ခဲ့ပြီး အသက် ၁၉နှစ် အရွယ်ကစားသမားရဲ့ထိုးနှက်ချက်တွေကကြောက်စရာကြီးဖြစ်ခဲ့တာပါ။
ဟန်ဒါဆန်ရဲ့အဖွင့်ဂိုးကို ဘယ်လင်ဂမ်ဖန်တီးပေးတဲ့ပုံစံက အဆင့်အတန်းမြင့်သလို ဒုတိယဂိုးရရှိခဲ့တဲ့ပုံစံကိုကြည့်ရင်လည်း
ဒေါ့တ်မန်ဆယ်ကျော်သက်က အသင်းကွင်းဘက်ခြမ်းကနေတောက်လျှောက်ဆွဲပြီးလာခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေဖြဲခွဲတိုးကာ
ဖိုဒန်ဆီအရောက်ပို့ပေးခဲ့ပြီး မန်စီးတီးကြယ်ပွင့်က ဂိုးသွင်းမယ့်ဟယ်ရီကိန်းဆီကိုအသာအယာလေးပို့ပေးခဲ့တာဖြစ်တယ်။
ပွဲအပြီး ITV နဲ့အင်တာဗျူးမှာတော့ ဖိုဒန်က ဘယ်လင်ဂမ်အကြောင်းကိုထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ကျွန်တော်မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးကစားသမားပဲ။
သူ့ကစားပုံမှာအားနည်းချက်တစ်ခုတောင်မရှိဘူး။ အရာအားလုံးပိုင်ဆိုင်ထားတယ်လို့ထင်မြင်သလို
ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားဖြစ်လာမယ်လို့ အသေအချာပြောရဲပါတယ်” လို့ ဖိုဒန်က ချီးကျူးသွားပါတယ်။
မန်စီးတီးမှာ ဒီဘရိုင်း၊ ဂန်ဒိုဂန်၊ ရိုဒရီ၊ ကင်ဗင်ဖိလစ်တို့လို အရည်အသွေးမြင့်ကွင်းလယ်လူတွေကို
နေ့စဉ်မြင်ခွင့်ရနေတဲ့ ဖိုဒန်တစ်ယောက်တော့ ဘယ်လင်ဂမ်ရဲ့ခြေစွမ်းမှာလဲပြိုကျခဲ့တဲ့ပုံစံဖြစ်တယ်။
zawgyi
ကမာၻ႔ဖလားလိုၿပိဳင္ပြဲမွာ ဆယ္ေက်ာ္သက္တစ္ေယာက္ဆီကေတြ႕ရခဲတဲ့ ေျခစြမ္းမ်ိဳးကို ဂ်ဴဒီဘယ္လင္ဂမ္ ျပသႏိုင္ခဲ့တယ္
အဂၤလန္က ဆီနီေဂါကို ၃ဂိုးျပတ္အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ဘယ္လင္ဂမ္ရဲ႕ေပါက္ကြဲအားျပင္းတန႔္ကစားဟန္က ပရိသတ္ေတြကိုစိတ္ႀကိဳက္ေတြ႕ေစခဲ့ပါတယ္။
ေဆာက္ဂိတ္ရဲ႕အသင္းဟာ Al Bayt ကြင္းထဲမွာ ဆီနီေဂါကို သက္ေသာင့္သက္သာေက်ာ္ျဖတ္ၿပီး ကြာတားဖိုင္နယ္မွာေတာ့ လက္ရွိခ်န္ပီယံျပင္သစ္နဲ႔ရင္ဆိုင္ရေတာ့မွာျဖစ္တယ္။
ပြဲအစမွာ အဂၤလန္ရဲ႕ကစားပုံမေကာင္းခဲ့ေပမဲ့ ပထမပိုင္းမွာတင္ ဟန္ဒါဆန္၊ ဟယ္ရီကိန္းတို႔ရဲ႕သြင္းဂိုးေတြနဲ႔အတူ ပြဲကိုအပိုင္သိမ္းခဲ့တာျဖစ္တယ္။
ဒီသြင္းဂိုးႏွစ္ဂိုးစလုံးရဲ႕ ႏွလုံးသားက ဘယ္လင္ဂမ္ျဖစ္ခဲ့ၿပီး အသက္ ၁၉ႏွစ္ အ႐ြယ္ကစားသမားရဲ႕ထိုးႏွက္ခ်က္ေတြကေၾကာက္စရာႀကီးျဖစ္ခဲ့တာပါ။
ဟန္ဒါဆန္ရဲ႕အဖြင့္ဂိုးကို ဘယ္လင္ဂမ္ဖန္တီးေပးတဲ့ပုံစံက အဆင့္အတန္းျမင့္သလို ဒုတိယဂိုးရရွိခဲ့တဲ့ပုံစံကိုၾကည့္ရင္လည္း
ေဒါ့တ္မန္ဆယ္ေက်ာ္သက္က အသင္းကြင္းဘက္ျခမ္းကေနေတာက္ေလွ်ာက္ဆြဲၿပီးလာခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားေတြၿဖဲခြဲတိုးကာ
ဖိုဒန္ဆီအေရာက္ပို႔ေပးခဲ့ၿပီး မန္စီးတီးၾကယ္ပြင့္က ဂိုးသြင္းမယ့္ဟယ္ရီကိန္းဆီကိုအသာအယာေလးပို႔ေပးခဲ့တာျဖစ္တယ္။
ပြဲအၿပီး ITV နဲ႔အင္တာဗ်ဴးမွာေတာ့ ဖိုဒန္က ဘယ္လင္ဂမ္အေၾကာင္းကိုထည့္သြင္းေျပာဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာ အထူးခြၽန္ဆုံးကစားသမားပဲ။
သူ႔ကစားပုံမွာအားနည္းခ်က္တစ္ခုေတာင္မရွိဘူး။ အရာအားလုံးပိုင္ဆိုင္ထားတယ္လို႔ထင္ျမင္သလို
ကမာၻ႔အေကာင္းဆုံးကြင္းလယ္ကစားသမားျဖစ္လာမယ္လို႔ အေသအခ်ာေျပာရဲပါတယ္” လို႔ ဖိုဒန္က ခ်ီးက်ဴးသြားပါတယ္။
မန္စီးတီးမွာ ဒီဘ႐ိုင္း၊ ဂန္ဒိုဂန္၊ ႐ိုဒရီ၊ ကင္ဗင္ဖိလစ္တို႔လို အရည္အေသြးျမင့္ကြင္းလယ္လူေတြကို
ေန႔စဥ္ျမင္ခြင့္ရေနတဲ့ ဖိုဒန္တစ္ေယာက္ေတာ့ ဘယ္လင္ဂမ္ရဲ႕ေျခစြမ္းမွာလဲၿပိဳက်ခဲ့တဲ့ပုံစံျဖစ္တယ္။