ကမ္ဘာ့ဖလားလိုက်ပါအားပေးမယ့် ကစားသမားမိသားစုတွေ ပေါင် ၃ သိန်းလောက်ကုန်ကျရဖွယ်ရှိနေ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရထားတဲ့ လက်ရွေးစင်ကစားသမားတွေဟာ ပြိုင်ပွဲကိုလိုက်ပါအားပေးမယ့် မိသားစုဝင်တွေ လုံခြုံစွာတည်းခိုနိုင်ရေးအတွက် ပေါင် ၃ သိန်းလောက်ကုန်ကျရမယ့် အခြေအနေနဲ့ ရင်ဆိုင် နေရပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကျင်းပဖို့ အချိန်နီးကပ်လာတာနဲ့အမျှ ကာတာမှာ ဟိုတယ်နဲ့ အခန်းငှားခ စရိတ်တွေ တဖြည်းဖြည်း တက်လာနေတာဖြစ်ပါတယ်။ ကာတာစီးပွားရေးလုပ်ငန်းရှင်အများစုဟာ ကမ္ဘာ့ ဖလားပြိုင်ပွဲကနေ အကျိုးအမြတ်တွေ အမြောက်အများရဖို့

မျှော်လင့်ထားကြတာဖြစ်ပါတယ်။ ကာတာအစိုးရ ဟာ သူတို့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို လူပေါင်း တစ်သန်းခွဲလောက် လာရောက်ကြည့်ရှုမယ်လို့ မျှော်လင့်ထား တာလည်းဖြစ်ပါတယ်။ အခုနှစ်အစောပိုင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဧည့်သည်ပရိသတ်တွေ တည်းခိုဖို့ အတွက်

စီစဉ်ထားတဲ့ ဟိုတယ်တွေနဲ့ တိုက်ခန်းတွေရဲ့ အငှားဈေးနှုန်းဟာ ပေါင် ၁၇၅,၀၀၀ လောက်ပဲရှိမယ်လို့ ထင်ထားခဲ့ကြတာပါ။ လက်ရှိမှာတော့ ကာတာရဲ့သီးသန့်နယ်မြေထဲမှာတည်ရှိတဲ့ The Pearl ကနေ အိပ်ခန်း ၆ ခန်းပါ အခန်းတွေအတွက် ကစားသမားတွေရဲ့မိသားစုတွေနဲ့

ဧည့်သည်တချို့ကို ကမ်းလှမ်းမှုတွေ ပြလုပ်ထား တယ်လို့ သိရပါတယ်။ အဲဒီအဆင့်မြင့်တည်းခိုနေရာကနေ ပင်လယ်ရှုခင်းကို တိုက်ခိုက်ခံစားနိုင်သလို သီးသန့် ရေကူးကန်လည်းပါဝင်ပြီး တခြားဝန်ဆောင်မှုတွေကိုလည်း အပြည့်အဝပေးထားတာပါ။

ဒါပေမယ့်အခန်းငှားခ ဈေးနှုန်းတွေကိုဖော်ပြမထားဘဲ ငှားရမ်းလိုသူတွေအနေနဲ့ တိုက်ရိုက်ဆက်သွယ်ဖို့အတွက် သူတို့ရဲ့ကြောငြာမှာ ထည့်သွင်းထားပါတယ်။ ဗြိတိန်သတင်းတွေမှာတော့ အဲဒီအခန်းတွေအတွက် ငှားရမ်းခတန်ဖိုးဟာ

ပေါင် ၂၅၀,၀၀၀ ကနေ ၃၀၀,၀၀၀ လောက်အထိရှိနိုင်တယ်လို့ဆိုထားပါတယ်။ ကစားသမား မိသားစုတွေကတော့ ဟိုတယ်ဈေးနှုန်းတွေမြင်ပြီးနောက် ဒူဘိုင်းမှာသာတည်းခိုပြီး အဲဒီကတစ်ဆင့် လေယာဉ်စီးပြီး ပွဲစဉ်တွေကို သွားရောက်အားပေးဖို့ရှိနေပါတယ်။

(zawgyi)

ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္ရထားတဲ့ လက္ေ႐ြးစင္ကစားသမားေတြဟာ ၿပိဳင္ပြဲကိုလိုက္ပါအားေပးမယ့္ မိသားစုဝင္ေတြ လုံၿခဳံစြာတည္းခိုႏိုင္ေရးအတြက္ ေပါင္ ၃ သိန္းေလာက္ကုန္က်ရမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ ေနရပါတယ္။

ကမာၻ႔ဖလား ၿပိဳင္ပြဲက်င္းပဖို႔ အခ်ိန္နီးကပ္လာတာနဲ႔အမွ် ကာတာမွာ ဟိုတယ္နဲ႔ အခန္းငွားခ စရိတ္ေတြ တျဖည္းျဖည္း တက္လာေနတာျဖစ္ပါတယ္။ ကာတာစီးပြားေရးလုပ္ငန္းရွင္အမ်ားစုဟာ ကမာၻ႔ ဖလားၿပိဳင္ပြဲကေန အက်ိဳးအျမတ္ေတြ အေျမာက္အမ်ားရဖို႔

ေမွ်ာ္လင့္ထားၾကတာျဖစ္ပါတယ္။ ကာတာအစိုးရ ဟာ သူတို႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲကို လူေပါင္း တစ္သန္းခြဲေလာက္ လာေရာက္ၾကည့္ရႈမယ္လို႔ ေမွ်ာ္လင့္ထား တာလည္းျဖစ္ပါတယ္။ အခုႏွစ္အေစာပိုင္းမွာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြင္း ဧည့္သည္ပရိသတ္ေတြ

တည္းခိုဖို႔ အတြက္စီစဥ္ထားတဲ့ ဟိုတယ္ေတြနဲ႔ တိုက္ခန္းေတြရဲ႕ အငွားေဈးႏႈန္းဟာ ေပါင္ ၁၇၅,၀၀၀ ေလာက္ပဲရွိမယ္လို႔ ထင္ထားခဲ့ၾကတာပါ။ လက္ရွိမွာေတာ့ ကာတာရဲ႕သီးသန႔္နယ္ေျမထဲမွာတည္ရွိတဲ့ The Pearl ကေန အိပ္ခန္း ၆ ခန္းပါ အခန္းေတြအတြက္

ကစားသမားေတြရဲ႕မိသားစုေတြနဲ႔ ဧည့္သည္တခ်ိဳ႕ကို ကမ္းလွမ္းမႈေတြ ျပလုပ္ထား တယ္လို႔ သိရပါတယ္။ အဲဒီအဆင့္ျမင့္တည္းခိုေနရာကေန ပင္လယ္ရႈခင္းကို တိုက္ခိုက္ခံစားႏိုင္သလို သီးသန႔္ ေရကူးကန္လည္းပါဝင္ၿပီး တျခားဝန္ေဆာင္မႈေတြကိုလည္း

အျပည့္အဝေပးထားတာပါ။ ဒါေပမယ့္အခန္းငွားခ ေဈးႏႈန္းေတြကိုေဖာ္ျပမထားဘဲ ငွားရမ္းလိုသူေတြအေနနဲ႔ တိုက္႐ိုက္ဆက္သြယ္ဖို႔အတြက္ သူတို႔ရဲ႕ေၾကာျငာမွာ ထည့္သြင္းထားပါတယ္။ ၿဗိတိန္သတင္းေတြမွာေတာ့ အဲဒီအခန္းေတြအတြက္ ငွားရမ္းခ

တန္ဖိုးဟာ ေပါင္ ၂၅၀,၀၀၀ ကေန ၃၀၀,၀၀၀ ေလာက္အထိရွိႏိုင္တယ္လို႔ဆိုထားပါတယ္။ ကစားသမား မိသားစုေတြကေတာ့ ဟိုတယ္ေဈးႏႈန္းေတြျမင္ၿပီးေနာက္ ဒူဘိုင္းမွာသာတည္းခိုၿပီး အဲဒီကတစ္ဆင့္ ေလယာဥ္စီးၿပီး ပြဲစဥ္ေတြကို သြားေရာက္အားေပးဖို႔ရွိေနပါတယ္။