ကမ္ဘာ့ဖလားလာဘ်ကောင်လေး စူပါမာရီယိုကို အပြီးသတ်လူစာရင်းထဲထည့်သွင်းလာတဲ့ ဂျာမနီနည်းပြဟန်စီဖစ်ခ်

ဂျာမနီနည်းပြဟန်စီဖလစ်ခ်ဟာ ကာတာလိုက်ပါခွင့်ရမယ့်အပြီးသတ်ကစားသမား ၂၆ယောက် စာရင်းကိုထုတ်ပြန်ကြေညာလိုက်ပါပြီ။ စိတ်ဝင်စားဖို့ကောင်းတာက

ဂျာမနီအသင်းမှာ ၅ နှစ်လောက်ကစားခွင့်မရခဲ့တဲ့ ဂေါ့ဇီကိုထည့်သွင်းရွေးချယ်လာခဲ့တာပါပဲ။ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားဘက်ကို

တစ်လုံးတည်းအသည်းခွဲဂိုးသွင်းခဲ့တဲ့ စူပါမာရီယိုဟာ ၂၀၁၇ နိုဝင်ဘာနောက်ပိုင်းမှာ လက်ရွေးစင်အသင်းဂျာစီကို တစ်ကျော့ပြန် ဝတ်ဆင်ခွင့်ရတော့မှာဖြစ်တယ်။

ဂေါ့ဇီဟာ နာတာရှည်ကြွက်သား ဒဏ်ရာကြောင့် ကစားသမားဘ၀တစ်လျှောက်လုံးရုန်းကန်ခဲ့ရပေမဲ့ ဒီရာသီဖရန့်ဖတ်အသင်းမှာပုံမှန်ပွဲထွက်ခွင့်နဲ့နေရာပြန်ရလာခဲ့သူဖြစ်တယ်။

ကာတာ လိုက်ပါခွင့်ရခဲ့တဲ့ ဂျာမနီအသင်းကွင်းလယ်မှာ ဂျူလီယန်ဘရန့်၊ ဂိုရက်ဇ်ကာ၊ ကင်မစ်ချ်၊ ဟော့ဖ်မန်း၊ ဂန်ဒိုဂမ်တို့နဲ့အတူပြန်လည်ပါဝင်လာခဲ့တာက

သူ့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ဂေါ့ဇီကို တစ်ကျော့ပြန်ရွေးချယ်ခဲ့တာနဲ့ပတ်သတ်လို့ ဟန်စီဖလစ်ခ်က “ထက်မြက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပြီး

ကစားပွဲအပေါ်စိတ်အားထက်သန်မှုများစွာ ရှိသူဖြစ်တယ်။ မာရီယိုဟာ လွန်ခဲ့တဲ့ရက် သတ္တပါတ်တွေအတွင်း အမြင့်ဆုံးအဆင့်မှာကစားနိုင်ခဲ့ပါတယ်။

ဒဏ်ရာပြဿနာတွေရှိခဲ့ပေမဲ့ အခုတော့ကြံ့ခိုင်မှုကောင်းနေပါပြီ။ သူအရမ်းပျော်နေသလို ကျွန်တော်တို့ကလည်း သူနဲ့တွေ့ချင်နေပါပြီ” လို့ ဆိုခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဝါရင့်နောက်ခံလူဟမ်းမဲလ်ကို ချန်လှပ်ပြီး မျက်နှာသစ်ဖြစ်တဲ့ဆောက်သမ်တန်လူငယ် ဘယ်လာကော့ချက်ပ်ကိုရွေးချယ်ခဲ့တာနဲ့ပတ်သတ်လို့ ဟန်စီဖလစ်ခ်က

“ဟမ်းမဲလ်သာ ကြံ့ခိုင်မှုပြည့်၀နေရင်တကယ်စိတ်လှုပ်ရှားစရာ ကစားသမားဖြစ်ပါတယ်။ ဒါပေမဲ့ နည်းပြအဖွဲ့ဝင်တွေဘက်က လူငယ်တစ်ယောက်

ခေါ်ယူဖို့ဆုံးဖြတ်ခဲ့သလို ဒါဟာအနာဂါတ်အတွက်ပိုပြီးအာရုံစိုက်ခဲ့တာပါ” လို့ အကြောင်းပြချက်ပေးခဲ့ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားလာဘ္ေကာင္ေလး စူပါမာရီယိုကို အၿပီးသတ္လူစာရင္းထဲထည့္သြင္းလာတဲ့ ဂ်ာမနီနည္းျပဟန္စီဖစ္ခ္

ဂ်ာမနီနည္းျပဟန္စီဖလစ္ခ္ဟာ ကာတာလိုက္ပါခြင့္ရမယ့္အၿပီးသတ္ကစားသမား ၂၆ေယာက္ စာရင္းကိုထုတ္ျပန္ေၾကညာလိုက္ပါၿပီ။

စိတ္ဝင္စားဖို႔ေကာင္းတာက ဂ်ာမနီအသင္းမွာ ၅ ႏွစ္ေလာက္ကစားခြင့္မရခဲ့တဲ့ ေဂါ့ဇီကိုထည့္သြင္းေ႐ြးခ်ယ္လာခဲ့တာပါပဲ။

၂၀၁၄ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ မက္ဆီရဲ႕ အာဂ်င္တီးနားဘက္ကို တစ္လုံးတည္းအသည္းခြဲဂိုးသြင္းခဲ့တဲ့ စူပါမာရီယိုဟာ ၂၀၁၇ ႏိုဝင္ဘာေနာက္ပိုင္းမွာ လက္ေ႐ြးစင္အသင္းဂ်ာစီကို

တစ္ေက်ာ့ျပန္ဝတ္ဆင္ခြင့္ရေတာ့မွာျဖစ္တယ္။ ေဂါ့ဇီဟာ နာတာရွည္ႂကြက္သား ဒဏ္ရာေၾကာင့္ ကစားသမားဘ၀တစ္ေလွ်ာက္လုံး႐ုန္းကန္ခဲ့ရေပမဲ့

ဒီရာသီဖရန႔္ဖတ္အသင္းမွာပုံမွန္ပြဲထြက္ခြင့္နဲ႔ေနရာျပန္ရလာခဲ့သူျဖစ္တယ္။ ကာတာ လိုက္ပါခြင့္ရခဲ့တဲ့ ဂ်ာမနီအသင္းကြင္းလယ္မွာ ဂ်ဴလီယန္ဘရန႔္၊ ဂိုရက္ဇ္ကာ၊ ကင္မစ္ခ်္၊ ေဟာ့ဖ္မန္း၊

ဂန္ဒိုဂမ္တို႔နဲ႔အတူျပန္လည္ပါဝင္လာခဲ့တာက သူ႔အတြက္ ဂုဏ္ယူစရာျဖစ္ခဲ့ပါတယ္။ ေဂါ့ဇီကို တစ္ေက်ာ့ျပန္ေ႐ြးခ်ယ္ခဲ့တာနဲ႔ပတ္သတ္လို႔ ဟန္စီဖလစ္ခ္က

“ထက္ျမက္တဲ့ကစားသမားတစ္ေယာက္ျဖစ္ၿပီး ကစားပြဲအေပၚစိတ္အားထက္သန္မႈမ်ားစြာရွိသူျဖစ္တယ္။ မာရီယိုဟာ လြန္ခဲ့တဲ့ရက္ သတၱပါတ္ေတြအတြင္း

အျမင့္ဆုံးအဆင့္မွာကစားႏိုင္ခဲ့ပါတယ္။ ဒဏ္ရာျပႆနာေတြရွိခဲ့ေပမဲ့ အခုေတာ့ႀကံ့ခိုင္မႈေကာင္းေနပါၿပီ။ သူအရမ္းေပ်ာ္ေန သလို ကြၽန္ေတာ္တို႔ကလည္း သူနဲ႔ေတြ႕ခ်င္ေနပါၿပီ” လို႔ ဆိုခဲ့ပါတယ္။

အျခားတစ္ဖက္မွာေတာ့ ဝါရင့္ေနာက္ခံလူဟမ္းမဲလ္ကိုခ်န္လွပ္ၿပီး မ်က္ႏွာသစ္ျဖစ္ တဲ့ေဆာက္သမ္တန္လူငယ္ ဘယ္လာေကာ့ခ်က္ပ္ကိုေ႐ြးခ်ယ္ခဲ့တာနဲ႔ပတ္သတ္လို႔

ဟန္စီဖလစ္ခ္က “ဟမ္းမဲလ္သာ ႀကံ့ခိုင္မႈျပည့္၀ေနရင္တကယ္စိတ္လႈပ္ရွားစရာ ကစားသမားျဖစ္ပါတယ္။ ဒါေပမဲ့ နည္းျပအဖြဲ႕ဝင္ေတြဘက္က လူငယ္တစ္ေယာက္

ေခၚယူဖို႔ဆုံးျဖတ္ခဲ့သလို ဒါဟာအနာဂါတ္အတြက္ပိုၿပီးအာ႐ုံစိုက္ခဲ့တာပါ” လို႔ အေၾကာင္းျပခ်က္ေပးခဲ့ပါတယ္။