





အာဂျင်တီးနားအသင်းဟာ သြစတြေးလျနဲ့ကစားခဲ့တဲ့ ၁၆ သင်း
အဆင့်ပွဲစဉ်မှာ ပွဲချိန် မိနစ် ၃၀ အတွင်းဖိအားပေးမှုတွေကသိပ်ပြီး





အလုပ်မဖြစ်ခဲ့ပါဘူး။ အုပ်စုတွင်း ၃ပွဲမှာ ပေးဂိုးမဲ့ ၂ပွဲ ရအောင်
ကစားထားတဲ့ သြစတြေးလျခံစစ်က တောင်အမေရိကချန်ပီယံတွေရဲ့
တိုက်စစ်ဖိအားကိုခံနိုင်ရည်ရှိခဲ့ပါတယ်။ ဒါပေမဲ့ GOAT တစ်ယောက်ဖြစ်တဲ့





မက်ဆီက ပွဲချိန် ၃၅မိနစ် အရောက်မှာ အဖွင့်ဂိုးသွင်းယူပြီး
ပွဲကိုအပြောင်းအလဲလုပ်ပေးခဲ့ပါတယ်။ လှပတဲ့အချိတ်အဆက်တွေနဲ့အတူ





ဂိုးသမားရိုင်ယန်ရဲ့ ညာဘက်အောက်ထောင့်ကိုလှိမ့်ဘေ
ာကန်သွင်းယူခဲ့တာဖြစ်တယ်။ ဒီသွင်းဂိုးကတော့ မက်ဆီရဲ့
ကမ္ဘာ့ဖလားရှုံးထွက်ပွဲစဉ် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး အာဂျင်တီးနား





ဂန္တဝင်ကြီးမာရာဒိုနာရဲ့ ကမ္ဘာ့ဖလားသွင်းဂိုး(၈ဂိုး) စံချိန်ကို
ကျော်ဖြတ်နိုင်ခဲ့တာဖြစ်တယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀





ပွဲ ၁၀၀၀ ပြည့်မှာ အမှတ်တရဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး
ကာတာကမ္ဘာ့ဖလားမှာတော့ ၃ဂိုးမြောက်ဖြစ်ခဲ့တာပါ။
ကစားသမားဘဝတစ်လျှောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၉ဂိုး





သွင်းနိုင်ခဲ့ပြီဖြစ်လို့ ပြိုင်ဘက်ကြီး ရော်နယ်ဒိုကို တစ်ဂိုးအသာယူသွား
နိုင်တာဖြစ်တယ်။ မက်ဆီဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀





ပွဲ ၁၀၀၀ မှာ ၇၈၉ ဂိုးသွင်း၊ ၃၃၈ ကြိမ်ဖန်တီးထားတဲ့မှတ်တမ်းကောင်းကို
ပိုင်ဆိုင်ထားသလို အာဂျင်တီးနားကစားသမားတွေထဲမှာ သူ့ထက်
ကမ္ဘာ့ဖလားသွင်းဂိုးပိုရထားသူဆိုလို့ ဘတစ္စတူတာ(၁၀ဂိုး) တစ်ဦးသာ





ရှိပါတော့တယ်။ မက်ဆီရဲ့ အာဂျင်တီးနားအသင်းဟာ လာမယ့်
ကွာတားဖိုင်နယ်အဆင့်မှာ ဥရောပရဲ့ နယ်သာလန်အသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။





zawgyi
ကမာၻ႔ဖလားရႈံးထြက္အဆင့္မွာ ပထမဆုံးဂိုးသြင္းယူၿပီး မာရာဒိုနာစံခ်ိန္ကိုေက်ာ္ျဖတ္ကာ ေရာ္နယ္ဒိုထက္ ႏွာတစ္ဖ်ားသာသြားတဲ့ မက္ဆီ





အာဂ်င္တီးနားအသင္းဟာ ၾသစေၾတးလ်နဲ႔ကစားခဲ့တဲ့ ၁၆ သင္း
အဆင့္ပြဲစဥ္မွာ ပြဲခ်ိန္ မိနစ္ ၃၀ အတြင္းဖိအားေပးမႈေတြကသိပ္ၿပီး





အလုပ္မျဖစ္ခဲ့ပါဘူး။ အုပ္စုတြင္း ၃ပြဲမွာ ေပးဂိုးမဲ့ ၂ပြဲ ရေအာင္
ကစားထားတဲ့ ၾသစေၾတးလ်ခံစစ္က ေတာင္အေမရိကခ်န္ပီယံေတြရဲ႕
တိုက္စစ္ဖိအားကိုခံႏိုင္ရည္ရွိခဲ့ပါတယ္။ ဒါေပမဲ့ GOAT တစ္ေယာက္ျဖစ္တဲ့





မက္ဆီက ပြဲခ်ိန္ ၃၅မိနစ္ အေရာက္မွာ အဖြင့္ဂိုးသြင္းယူၿပီး
ပြဲကိုအေျပာင္းအလဲလုပ္ေပးခဲ့ပါတယ္။ လွပတဲ့အခ်ိတ္အဆက္ေတြနဲ႔အတူ





ဂိုးသမား႐ိုင္ယန္ရဲ႕ ညာဘက္ေအာက္ေထာင့္ကိုလွိမ့္ေဘ
ာကန္သြင္းယူခဲ့တာျဖစ္တယ္။ ဒီသြင္းဂိုးကေတာ့ မက္ဆီရဲ႕
ကမာၻ႔ဖလားရႈံးထြက္ပြဲစဥ္ ပထမဆုံးသြင္းဂိုးျဖစ္ခဲ့ၿပီး အာဂ်င္တီးနား





ဂႏၲဝင္ႀကီးမာရာဒိုနာရဲ႕ ကမာၻ႔ဖလားသြင္းဂိုး(၈ဂိုး) စံခ်ိန္ကို
ေက်ာ္ျဖတ္ႏိုင္ခဲ့တာျဖစ္တယ္။ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀





ပြဲ ၁၀၀၀ ျပည့္မွာ အမွတ္တရဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး
ကာတာကမာၻ႔ဖလားမွာေတာ့ ၃ဂိုးေျမာက္ျဖစ္ခဲ့တာပါ။
ကစားသမားဘဝတစ္ေလွ်ာက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ၉ဂိုး





သြင္းႏိုင္ခဲ့ၿပီျဖစ္လို႔ ၿပိဳင္ဘက္ႀကီး ေရာ္နယ္ဒိုကို တစ္ဂိုးအသာယူသြား
ႏိုင္တာျဖစ္တယ္။ မက္ဆီဟာ ပေရာ္ဖက္ရွင္နယ္ကစားသမားဘ၀





ပြဲ ၁၀၀၀ မွာ ၇၈၉ ဂိုးသြင္း၊ ၃၃၈ ႀကိမ္ဖန္တီးထားတဲ့မွတ္တမ္းေကာင္းကို
ပိုင္ဆိုင္ထားသလို အာဂ်င္တီးနားကစားသမားေတြထဲမွာ သူ႔ထက္
ကမာၻ႔ဖလားသြင္းဂိုးပိုရထားသူဆိုလို႔ ဘတစၥတူတာ(၁၀ဂိုး) တစ္ဦးသာ





ရွိပါေတာ့တယ္။ မက္ဆီရဲ႕ အာဂ်င္တီးနားအသင္းဟာ လာမယ့္
ကြာတားဖိုင္နယ္အဆင့္မွာ ဥေရာပရဲ႕ နယ္သာလန္အသင္းနဲ႔ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနပါတယ္။