ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲတွေမှာ ဂိုးပေါက်ပျောက် အိပ်မက်ဆိုးမက်နေဆဲ ဒိုလေးကို ဂိုးသွင်းနည်းသင်ပေးလိုက်တဲ့ ပီပီ

ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူ ပီပီဟာ ဆွစ်ဇာလန်ကို (၆-၁)ဂိုးနဲ့

အနိုင်ရတဲ့ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲမှာ အသင်းအတွက် တစ်ဂိုး

သွင်းယူခဲ့ပါတယ်။ ပွဲချိန်(၃၃)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့

ထောင့်ကန်ဘောကနေ ပီပီက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး

အသက်(၃၉)နှစ်၊ (၂၈၃)ရက်နဲ့ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက်

ရှုံးထွက်အဆင့်ပွဲစဉ်တစ်ပွဲမှာ အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ်

စံချိန်တင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုဟာ

သူ့ရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၅)ကြိမ်အတွင်း ရှုံးထွက်အဆင့်ပွဲတွေမှာ

မိနစ်ပေါင်း (၅၃၄)မိနစ်အထိကစားခဲ့ပြီးဖြစ်ပေမယ့် အခုအချိန်အထိ

တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ ပီပီကတော့ အခုဂိုးအပါအဝင်

(၂)ဂိုးသွင်းယူခဲ့ပြီးပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်အဖြစ်

ဥရုဂွေးကို (၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ပီပီ ဂိုးသွင်းနိုင်သလို

အခု ဆွစ်ဇာလန်နဲ့ပွဲမှာ နောက်တစ်ကြိမ် ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် ပီပီရဲ့ လက်ရွေးစင်ကစားသမား သွင်းဂိုးအရေအတွက်ဟာ

(၈)ဂိုးရှိလာပြီး အဲဒီထဲက (၃)ဂိုးဟာ အဓိကနိုင်ငံတကာပြိုင်ပွဲကြီး

(၂)ခုဖြစ်တဲ့ ယူရို(၁ဂိုး -၂၀၀၈)၊ ကမ္ဘာ့ဖလား(၂ ဂိုး – ၂၀၁၈၊ ၂၀၂၂)

ပြိုင်ပွဲတွေမှာ သွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ စီရော်နယ်လ်ဒိုကတော့

ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ပွဲတွေမှာ အခုအချိန်အထိ ဂိုးပေါက်

ပျောက်နေဆဲဖြစ်ပြီး ဆွစ်ဇာလန်နဲ့ပွဲမှာ ဒုတိယပိုင်း (၇၃)မိနစ်မှ

လူစားဝင်ကစားခဲ့ရသလို အခွင့်အရေးတချို့ရပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

စီရော်နယ်လ်ဒိုအတွက် ပိုပြီး မခံချိမခံသာဖြစ်စရာက (၈၇)မိနစ်မှ

ဘရူနိုဖာနန်ဒက်စ်အစား လူစားဝင်လာတဲ့ အသင်းဖော် ရာဖေးလီယိုဟာ

ကွင်းထဲရောက်လို့ (၅)မိနစ်အကြာမှာပဲ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပြီး

ပွဲအပြီးမှာ စီရော်နယ်လ်ဒိုဟာ မချိပြုံးလေးနဲ့ ကွင်းထဲကထွက်သွားခဲ့ရပါတယ်။

zawgyi

ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲေတြမွာ ဂိုးေပါက္ေပ်ာက္ အိပ္မက္ဆုိးမက္ေနဆဲ ဒုိေလးကုိ ဂုိးသြင္းနည္းသင္ေပးလုိက္တဲ့ ပီပီ

ေပၚတူဂီအသင္းရဲ႕ ဝါရင့္ေနာက္ခံလူ ပီပီဟာ ဆြစ္ဇာလန္ကို (၆-၁)ဂိုးနဲ႔

အႏိုင္ရတဲ့ ရႈံးထြက္(၁၆)သင္းအဆင့္ပြဲမွာ အသင္းအတြက္ တစ္ဂိုး

သြင္းယူခဲ့ပါတယ္။ ပြဲခ်ိန္(၃၃)မိနစ္မွာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕

ေထာင့္ကန္ေဘာကေန ပီပီက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး

အသက္(၃၉)ႏွစ္၊ (၂၈၃)ရက္နဲ႔ ကမာၻ႔ဖလားသမိုင္းတစ္ေလွ်ာက္

ရႈံးထြက္အဆင့္ပြဲစဥ္တစ္ပြဲမွာ အသက္အႀကီးဆုံးဂိုးသြင္းသူအျဖစ္

စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။ ေပၚတူဂီအသင္းေခါင္းေဆာင္ စီေရာ္နယ္လ္ဒိုဟာ

သူ႔ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ(၅)ႀကိမ္အတြင္း ရႈံးထြက္အဆင့္ပြဲေတြမွာ

မိနစ္ေပါင္း (၅၃၄)မိနစ္အထိကစားခဲ့ၿပီးျဖစ္ေပမယ့္ အခုအခ်ိန္အထိ

တစ္ဂိုးမွ မသြင္းႏိုင္ေသးဘဲ ပီပီကေတာ့ အခုဂိုးအပါအဝင္

(၂)ဂိုးသြင္းယူခဲ့ၿပီးပါၿပီ။ ၂၀၁၈ ကမာၻ႔ဖလားရႈံးထြက္(၁၆)သင္းအဆင့္အျဖစ္

ဥ႐ုေဂြးကို (၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ပီပီ ဂိုးသြင္းႏိုင္သလို

အခု ဆြစ္ဇာလန္နဲ႔ပြဲမွာ ေနာက္တစ္ႀကိမ္ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အခုဆိုရင္ ပီပီရဲ႕ လက္ေ႐ြးစင္ကစားသမား သြင္းဂိုးအေရအတြက္ဟာ

(၈)ဂိုးရွိလာၿပီး အဲဒီထဲက (၃)ဂိုးဟာ အဓိကႏိုင္ငံတကာၿပိဳင္ပြဲႀကီး

(၂)ခုျဖစ္တဲ့ ယူ႐ို(၁ဂိုး -၂၀၀၈)၊ ကမာၻ႔ဖလား(၂ ဂိုး – ၂၀၁၈၊ ၂၀၂၂)

ၿပိဳင္ပြဲေတြမွာ သြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ စီေရာ္နယ္လ္ဒိုကေတာ့

ကမာၻ႔ဖလားရႈံးထြက္အဆင့္ပြဲေတြမွာ အခုအခ်ိန္အထိ ဂိုးေပါက္

ေပ်ာက္ေနဆဲျဖစ္ၿပီး ဆြစ္ဇာလန္နဲ႔ပြဲမွာ ဒုတိယပိုင္း (၇၃)မိနစ္မွ

လူစားဝင္ကစားခဲ့ရသလို အခြင့္အေရးတခ်ိဳ႕ရေပမယ့္ အသုံးမခ်ႏိုင္ခဲ့ပါဘူး။

စီေရာ္နယ္လ္ဒိုအတြက္ ပိုၿပီး မခံခ်ိမခံသာျဖစ္စရာက (၈၇)မိနစ္မွ

ဘ႐ူႏိုဖာနန္ဒက္စ္အစား လူစားဝင္လာတဲ့ အသင္းေဖာ္ ရာေဖးလီယိုဟာ

ကြင္းထဲေရာက္လို႔ (၅)မိနစ္အၾကာမွာပဲ ဂိုးသြင္းႏိုင္ခဲ့တာျဖစ္ၿပီး

ပြဲအၿပီးမွာ စီေရာ္နယ္လ္ဒိုဟာ မခ်ိၿပဳံးေလးနဲ႔ ကြင္းထဲကထြက္သြားခဲ့ရပါတယ္။