
Al Thumama ကွင်းထဲမှာကစားခဲ့တဲ့ ပေါ်တူဂီနဲ့ မော်ရိုကိုတို့ပွဲစဉ်မှာတော့ နည်းပြရက်ရာဂီရဲ့အသင်းက
ကမ္ဘာ့ဖလားသမိုင်းမှာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်တဲ့ ပထမဆုံးအာဖရိကအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။
တစ်ဖက်မှာတော့ GOAT တစ်ပါးဖြစ်တဲ့ ရော်နယ်ဒိုဟာ နှစ်ပွဲဆက်အရန်ခုံထိုင်ခဲ့ရပြီး သူ့ရဲ့နောက်ဆုံးကမ္ဘာ့ဖလားမျှော်လင့်ချက်တွေကျကွဲခဲ့ရပါတယ်။
ပိုဆိုးတာက ပွဲအစမှာအရန်ခုံထိုင်ရတဲ့ ရော်နယ်ဒိုကို ပရိသတ်တစ်ယောက်က ရေနဲ့လှမ်းပက်ခဲ့တာပဲဖြစ်တယ်။
အမည်မသိပရိသတ်တစ်ယောက်ဟာ ပေါ်တူဂီစူပါစတားကို ပလက်စတစ်ရေဗူးငယ်နဲ့
လှမ်းပက်ခဲ့ပြီးနောက် ပွဲကြည့်စင်ပေါ်မှာရှိနေတဲ့ အခြားသောပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့ဟန်ရှိပါတယ်။
နောက်ပိုင်းမှာတော့ ရော်နယ်ဒိုကိုရန်စခဲ့တဲ့ ပရိသတ်ကိုလုံခြုံရေးတွေကချုပ်နှောင်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။
သေချာတာကတော့ အမည်မသိပရိသတ်ဟာ ကွင်းထဲကအထုတ်ခံရပြီးပွဲကြည့်ခွင့်ဆုံးရှုံးသွားခဲ့တာဖြစ်တယ်။
ရော်နယ်ဒိုကတော့ ပွဲချိန် ၅၁ မိနစ်မှာ လူစားဝင်အဖြစ်ကစားခွင့်ရခဲ့တဲ့ပေမဲ့ ပေါ်တူဂီအသင်းလိုအပ်တဲ့ချေပဂိုးရအောင်မစွမ်းဆောင်ပေးနိုင်ခဲ့ပါဘူး။
အထူးသဖြင့်တော့ ယူနိုက်တက်မှာကြုံတွေ့ခဲ့ရတဲ့ ဝေဖန်မှုဖိအားတွေနဲ့ ကာတာကိုရောက်လာခဲ့တဲ့ ရော်နယ်ဒိုဟာ
ရှုံးထွက်အဆင့်ရောက်မှ နှစ်ပွဲလုံးအရန်ခုံထိုင်ခဲ့ရပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုနှုတ်ဆက်လိုက်ရတာက ရင်နာဖို့ကောင်းပါတယ်။
GOAT တစ်ယောက်အတွက်တော့ တုန်လှုပ်ချောက်ချားစရာနေ့ရက်တွေနဲ့ ဆက်တိုက်ရင်ဆိုင်နေရတယ်လို့ ဆိုရုံမှတစ်ပါး…။
zawgyi
ကမာၻ႔ဖလားရႈံးထြက္ႏွစ္ပြဲဆက္အရန္ခုံထိုင္ရလို႔ စိတ္ညစ္ရတဲ့ၾကားထဲ ေရနဲ႔ပါအပက္ခံလိုက္ရတဲ့ ေရာ္နယ္ဒို
Al Thumama ကြင္းထဲမွာကစားခဲ့တဲ့ ေပၚတူဂီနဲ႔ ေမာ္႐ိုကိုတို႔ပြဲစဥ္မွာေတာ့ နည္းျပရက္ရာဂီရဲ႕အသင္းက
ကမာၻ႔ဖလားသမိုင္းမွာ ဆီမီးဖိုင္နယ္တက္ေရာက္ႏိုင္တဲ့ ပထမဆုံးအာဖရိကအသင္းအျဖစ္မွတ္တမ္းဝင္ခဲ့ပါတယ္။
တစ္ဖက္မွာေတာ့ GOAT တစ္ပါးျဖစ္တဲ့ ေရာ္နယ္ဒိုဟာ ႏွစ္ပြဲဆက္အရန္ခုံထိုင္ခဲ့ရၿပီး သူ႔ရဲ႕ေနာက္ဆုံးကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္ေတြက်ကြဲခဲ့ရပါတယ္။
ပိုဆိုးတာက ပြဲအစမွာအရန္ခုံထိုင္ရတဲ့ ေရာ္နယ္ဒိုကို ပရိသတ္တစ္ေယာက္က ေရနဲ႔လွမ္းပက္ခဲ့တာပဲျဖစ္တယ္။
အမည္မသိပရိသတ္တစ္ေယာက္ဟာ ေပၚတူဂီစူပါစတားကို ပလက္စတစ္ေရဗူးငယ္နဲ႔
လွမ္းပက္ခဲ့ၿပီးေနာက္ ပြဲၾကည့္စင္ေပၚမွာရွိေနတဲ့ အျခားေသာပရိသတ္ေတြနဲ႔ ျပႆနာတက္ခဲ့ဟန္ရွိပါတယ္။
ေနာက္ပိုင္းမွာေတာ့ ေရာ္နယ္ဒိုကိုရန္စခဲ့တဲ့ ပရိသတ္ကိုလုံၿခဳံေရးေတြကခ်ဳပ္ေႏွာင္ထားတဲ့ ဗီဒီယိုဖိုင္တစ္ခုထြက္ေပၚလာခဲ့ပါတယ္။
ေသခ်ာတာကေတာ့ အမည္မသိပရိသတ္ဟာ ကြင္းထဲကအထုတ္ခံရၿပီးပြဲၾကည့္ခြင့္ဆုံးရႈံးသြားခဲ့တာျဖစ္တယ္။
ေရာ္နယ္ဒိုကေတာ့ ပြဲခ်ိန္ ၅၁ မိနစ္မွာ လူစားဝင္အျဖစ္ကစားခြင့္ရခဲ့တဲ့ေပမဲ့ ေပၚတူဂီအသင္းလိုအပ္တဲ့ေခ်ပဂိုးရေအာင္မစြမ္းေဆာင္ေပးႏိုင္ခဲ့ပါဘူး။
အထူးသျဖင့္ေတာ့ ယူႏိုက္တက္မွာႀကဳံေတြ႕ခဲ့ရတဲ့ ေဝဖန္မႈဖိအားေတြနဲ႔ ကာတာကိုေရာက္လာခဲ့တဲ့ ေရာ္နယ္ဒိုဟာ
ရႈံးထြက္အဆင့္ေရာက္မွ ႏွစ္ပြဲလုံးအရန္ခုံထိုင္ခဲ့ရၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကိုႏႈတ္ဆက္လိုက္ရတာက ရင္နာဖို႔ေကာင္းပါတယ္။
GOAT တစ္ေယာက္အတြက္ေတာ့ တုန္လႈပ္ေခ်ာက္ခ်ားစရာေန႔ရက္ေတြနဲ႔ ဆက္တိုက္ရင္ဆိုင္ေနရတယ္လို႔ ဆို႐ုံမွတစ္ပါး…။