ကမ္ဘာ့ဖလားရဲ့အကောင်းဆုံးလူငယ်ကစားသမားကိုခေါ်ယူဖို့ ချဲလ်ဆီးတာဝန်ရှိသူတွေ လစ္စဘွန်း အထိရောက်နေပြီ

ချဲလ်ဆီးအသင်းတာဝန်ရှိသူတွေဟာ အာဂျင်တီးနားကြယ်ပွင့်

အန်ဇိုဖာနန်ဒက်ဇ်ကိုခေါ်ယူဖို့အတွက် ပေါ်တူဂီအထိခရီးနှင်လာခဲ့ပြီလို့

The Sun သတင်းစာကဖော်ပြလိုက်ပါတယ်။ ကာတာကမ္ဘာ့ဖလားမှာ

အကောင်းဆုံးလူငယ်ကစားသမားဆုရရှိခဲ့တဲ့ အန်ဇိုဖာနန်ဒက်ဇ်ကို

နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို့ကချိတ်ဆက်နေပြီး ချဲလ်ဆီးက

အားလုံးထက်အသာရဖို့အတွက် ဘင်ဖီကာအသင်းတာဝန်ရှိသူတွေနဲ့

သွားရောက်တွေ့ဆုံနေတာဖြစ်တယ်။ ကစားသမားနဲ့ ဘာင်ဖီကာတို့ရဲ့

စာချုပ်ဖျက်ကြေးက ပေါင် ၁၀၅ သန်းဖြစ်ပြီး အေးဂျင့်အဖြစ်တော့

ဂျော့မန်ဒက်စ်က တာဝန်ယူကိုင်တွယ်ထားတာဖြစ်တယ်။

ပေါ်တူဂီသတင်းစာ CM ကတော့ ချဲလ်ဆီးကနှာတစ်ဖျားသာတယ်လို့

ဆိုနိုင်ပေမဲ့ နောက်ထပ်စိန်ခေါ်မှုတွေနဲ့ဆက်လက်ရင်ဆိုင်ရဦးမယ်လို့

သတိပေးထားတာတွေ့ရပါတယ်။ သေချာတာကတော့

ဒီအပြောင်းအရွှေ့မှာ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ဆုံးဖြတ်ချက်က

အဓိကသော့ချက်ဖြစ်ဖို့ရှိနေပါတယ်။ ကစားသမားရဲ့အေးဂျင့်

ဂျော့မန်ဒက်စ်ဟာ ဥရောရဲ့ထိပ်တန်းအသင်းကြီးတွေအားလုံးကို

လမ်းဖွင့်ပေးထားဆဲဖြစ်တယ်။ အန်ဇိုကတော့ ဒီရာသီကုန်အထိ

ဘင်ဖီကာမှာဆက်ကစားပြီး နွေဈေးကွက်အရောက်မှသာ

နောက်ထပ်ခြေလှမ်းသစ်ကိုစတင်ဖို့ရှိနေပါတယ်။

အန်ဇိုဟာ လစ္စဘွန်းအခြေစိုက်ကလပ်နဲ့ ၂၀၂၇ အထိ

စာချုပ်သက်တမ်းရှိသူဖြစ်ပြီး ဒီရာသီမှာ ဘင်ဖီကာအတွက်

ပြိုင်ပွဲစုံ ၂၄ပွဲ အထိပါဝင်ကစားပေးထားသလို သွင်းဂိုး ၃ဂိုးနဲ့

ဖန်တီးမှု ၅ကြိမ် ပြုလုပ်ပေးထားနိုင်ပါတယ်။

zawgyi

ကမာၻ႔ဖလားရဲ႕အေကာင္းဆုံးလူငယ္ကစားသမားကိုေခၚယူဖို႔ ခ်ဲလ္ဆီးတာဝန္ရွိသူေတြ လစၥဘြန္း အထိေရာက္ေနၿပီ

ခ်ဲလ္ဆီးအသင္းတာဝန္ရွိသူေတြဟာ အာဂ်င္တီးနားၾကယ္ပြင့္

အန္ဇိုဖာနန္ဒက္ဇ္ကိုေခၚယူဖို႔အတြက္ ေပၚတူဂီအထိခရီးႏွင္လာခဲ့ၿပီလို႔

The Sun သတင္းစာကေဖာ္ျပလိုက္ပါတယ္။ ကာတာကမာၻ႔ဖလားမွာ

အေကာင္းဆုံးလူငယ္ကစားသမားဆုရရွိခဲ့တဲ့ အန္ဇိုဖာနန္ဒက္ဇ္ကို

နယူးကာဆယ္၊ မန္ယူနဲ႔ လီဗာပူးတို႔ကခ်ိတ္ဆက္ေနၿပီး ခ်ဲလ္ဆီးက

အားလုံးထက္အသာရဖို႔အတြက္ ဘင္ဖီကာအသင္းတာဝန္ရွိသူေတြနဲ႔

သြားေရာက္ေတြ႕ဆုံေနတာျဖစ္တယ္။ ကစားသမားနဲ႔ ဘာင္ဖီကာတို႔ရဲ႕

စာခ်ဳပ္ဖ်က္ေၾကးက ေပါင္ ၁၀၅ သန္းျဖစ္ၿပီး ေအးဂ်င့္အျဖစ္ေတာ့

ေဂ်ာ့မန္ဒက္စ္က တာဝန္ယူကိုင္တြယ္ထားတာျဖစ္တယ္။

ေပၚတူဂီသတင္းစာ CM ကေတာ့ ခ်ဲလ္ဆီးကႏွာတစ္ဖ်ားသာတယ္လို႔

ဆိုႏိုင္ေပမဲ့ ေနာက္ထပ္စိန္ေခၚမႈေတြနဲ႔ဆက္လက္ရင္ဆိုင္ရဦးမယ္လို႔

သတိေပးထားတာေတြ႕ရပါတယ္။ ေသခ်ာတာကေတာ့

ဒီအေျပာင္းအေ႐ႊ႕မွာ အန္ဇိုဖာနန္ဒက္ဇ္ရဲ႕ဆုံးျဖတ္ခ်က္က

အဓိကေသာ့ခ်က္ျဖစ္ဖို႔ရွိေနပါတယ္။ ကစားသမားရဲ႕ေအးဂ်င့္

ေဂ်ာ့မန္ဒက္စ္ဟာ ဥေရာရဲ႕ထိပ္တန္းအသင္းႀကီးေတြအားလုံးကို

လမ္းဖြင့္ေပးထားဆဲျဖစ္တယ္။ အန္ဇိုကေတာ့ ဒီရာသီကုန္အထိ

ဘင္ဖီကာမွာဆက္ကစားၿပီး ေႏြေဈးကြက္အေရာက္မွသာ

ေနာက္ထပ္ေျခလွမ္းသစ္ကိုစတင္ဖို႔ရွိေနပါတယ္။

အန္ဇိုဟာ လစၥဘြန္းအေျခစိုက္ကလပ္နဲ႔ ၂၀၂၇ အထိ

စာခ်ဳပ္သက္တမ္းရွိသူျဖစ္ၿပီး ဒီရာသီမွာ ဘင္ဖီကာအတြက္

ၿပိဳင္ပြဲစုံ ၂၄ပြဲ အထိပါဝင္ကစားေပးထားသလို သြင္းဂိုး ၃ဂိုးနဲ႔

ဖန္တီးမႈ ၅ႀကိမ္ ျပဳလုပ္ေပးထားႏိုင္ပါတယ္။