ကမ္ဘာ့ဖလားမှာ အီရန်ကစားသမားတွေကိုလွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေးလိုက်တဲ့ ကားလို့စ်ကွီရော့ဇ်

အီရန်ကစားသမားတွေအနေနဲ့ မိခင်နိုင်ငံအတွင်း အမျိုးသမီးအခွင့်အရေးနဲ့ပတ်သတ်လို့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိတယ်လို့ နည်းပြကွီရော့ဇ်က ဆိုခဲ့ပါတယ်။

တိုင်းတစ်ပါးသားတွေရဲ့ကြိုးကိုင်မှုကြောင့် နိုင်ငံအတွင်း အဓိကရုဏ်းတွေဖြစ်ပေါ်လာတယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်တွေကပြောဆိုထားပေမဲ့ ကွီရော့ဇ်ကတော့

ကမ္ဘာ့ဖလားကာလအတွင်း ကစားသမားတွေကိုလွတ်လပ်စွာလုပ်ဆောင်ခွင့်ပေးထားတယ်လို့ အသိပေးလိုက်ပါတယ်။ အီရန်လူ့အခွင့်အရေးအဖွဲ့ရဲ့ပြောဆိုချက်အရတော့

အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ ကလေးငယ် ၃၄ ဦး နဲ့ အမျိုးသမီး ၂၅ဦး အပါအဝင် အနည်းဆုံးဆန္ဒပြသူ ၃၂၆ဦး အထိအသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ကွီရော့ဇ်ကတော့

ကစားသမားတွေရဲ့ဒီကိစ္စအပေါ်ဆန့်ကျင်မှုဟာ ကမ္ဘာ့ဖလားစည်းမျဉ်းနဲ့ ကိုက်ညီဖို့တော့လိုအပ်တယ်လို့ အသိပေးထားပါတယ်။ စက်တင်ဘာလအတွင်းကစားခဲ့တဲ့ခြေစမ်းပွဲစဉ် ၂ပွဲ မှာတော့

အီရန်ကစားသမားတွေဟာ နိုင်ငံတော်အမှတ်တံဆိပ်ကိုဖုံးကွယ်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ “ကစားသမားတွေဘက်က ကမ္ဘာ့ဖလားစည်းမျဉ်းနဲ့ ကိုက်ညီမယ်ဆိုရင်တော့

လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိနေပါတယ်။ ဒါ့ပေမဲ့ သူတို့ခေါင်းထဲထည့်ထားရမှာ တစ်ခုကတော့ နောက်တစ်ဆင့်အတွက်အရည်အချင်းပြည့်မီအောင် တိုက်ပွဲဝင်ဖို့ပါပဲ” လို့

သတိပေးခဲ့ပါတယ်။ အီရန်အသင်းဟာ လာမယ့်တနင်္လာနေ့မှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အင်္ဂလန်အသင်းနဲ့ စတင်ကစားရဖို့ရှိနေပါတယ်။

(Zawgyi)

ကမာၻ႔ဖလားမွာ အီရန္ကစားသမားေတြကိုလြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္ေပးလိုက္တဲ့ ကားလို႔စ္ကြီေရာ့ဇ္

အီရန္ကစားသမားေတြအေနနဲ႔ မိခင္ႏိုင္ငံအတြင္း အမ်ိဳးသမီးအခြင့္အေရးနဲ႔ပတ္သတ္လို႔ လြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္ရွိတယ္လို႔ နည္းျပကြီေရာ့ဇ္က ဆိုခဲ့ပါတယ္။

တိုင္းတစ္ပါးသားေတြရဲ႕ႀကိဳးကိုင္မႈေၾကာင့္ ႏိုင္ငံအတြင္း အဓိက႐ုဏ္းေတြျဖစ္ေပၚလာတယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ေတြကေျပာဆိုထားေပမဲ့

ကြီေရာ့ဇ္ကေတာ့ ကမာၻ႔ဖလားကာလအတြင္း ကစားသမားေတြကိုလြတ္လပ္စြာလုပ္ေဆာင္ခြင့္ေပးထားတယ္လို႔ အသိေပးလိုက္ပါတယ္။ အီရန္လူ႔အခြင့္အေရးအဖြဲ႕ရဲ႕ေျပာဆိုခ်က္အရေတာ့

အၾကမ္းဖက္ၿဖိဳခြင္းမႈေတြမွာ ကေလးငယ္ ၃၄ ဦး နဲ႔ အမ်ိဳးသမီး ၂၅ဦး အပါအဝင္ အနည္းဆုံးဆႏၵျပသူ ၃၂၆ဦး အထိအသက္ဆုံးရႈံးခဲ့တယ္လို႔ သိရပါတယ္။

ကြီေရာ့ဇ္ကေတာ့ ကစားသမားေတြရဲ႕ဒီကိစၥအေပၚဆန႔္က်င္မႈဟာ ကမာၻ႔ဖလားစည္းမ်ဥ္းနဲ႔ကိုက္ညီဖို႔ေတာ့လိုအပ္တယ္လို႔ အသိေပးထားပါတယ္။ စက္တင္ဘာလအတြင္းကစားခဲ့တဲ့ေျခစမ္းပြဲစဥ္

၂ပြဲ မွာေတာ့ အီရန္ကစားသမားေတြဟာ ႏိုင္ငံေတာ္အမွတ္တံဆိပ္ကိုဖုံးကြယ္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကပါတယ္။ “ကစားသမားေတြဘက္က ကမာၻ႔ဖလားစည္းမ်ဥ္းနဲ႔ ကိုက္ညီမယ္ဆိုရင္ေတာ့

လြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္ရွိေနပါတယ္။ ဒါ့ေပမဲ့ သူတို႔ေခါင္းထဲထည့္ထားရမွာတစ္ခုကေတာ့ ေနာက္တစ္ဆင့္အတြက္အရည္အခ်င္းျပည့္မီေအာင္တိုက္ပြဲဝင္ဖို႔ပါပဲ” လို႔ သတိေပးခဲ့ပါတယ္။

အီရန္အသင္းဟာ လာမယ့္တနလၤာေန႔မွာ အုပ္စုအဖြင့္ပြဲစဥ္အျဖစ္ အဂၤလန္အသင္းနဲ႔ စတင္ကစားရဖို႔ရွိေနပါတယ္။