ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား ချန်ပီယံမဖြစ်နိုင်ဘူးဆိုတဲ့ မက်ဆီ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ချန်ပီယံဆုအတွက် ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ အာဂျင်တီးနား မပါဘဲ တခြား ထိပ်သီး အသင်းတွေသာ ရှိနေတယ်လို့ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီက ပြောဆိုပါတယ်။

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ သူ့စိတ်ကြိုက် အသင်းတွေ ကတော့ ပြင်သစ်၊ အင်္ဂလန်နဲ့ ဘရာဇီးတို့ပဲ ဖြစ်တယ်လို့ မက်ဆီက ဆိုပါ တယ်။ လာမယ့် တနင်္ဂနွေနေ့မှာ

စတင်ကျင်းပတော့မယ့် ကာတာ ကမ္ဘာ့ ဖ လားပြိုင်ပွဲကြီးမှာ ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားကို အသက် ၃၅ နှစ်အရွယ်ရှိ နေပြီဖြစ်တဲ့ မက်ဆီက ဦးဆောင်မှာပါ။ တောင်အမေရိက လက်ရှိချန်ပီယံ

အာဂျင်တီးနားဟာ ကာတာပြိုင်ပွဲကြီးမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်း တွေထဲက တစ်သင်းဖြစ်ပေမဲ့ မက်ဆီကတော့ အဲဒီလို မထင်ဘူးလို့ ပြောဆို ခဲ့တဲ့အကြောင်း The Athletic က

ရေးသားဖော်ပြခဲ့ပါတယ်။ ‘’ပြိုင်ပွဲဝင် အသင်းတွေအကုန်လုံးက အတူတူပါပဲ။ အံ့အားသင့်စရာကောင်းတာဆိုလို့ အနည်းအကျဉ်းပဲ ရှိတာပါ။ အကြမ်းဖျဉ်းပေါ့။ အသင်းကြီးတွေက ဗိုလ်စွဲနိုင်

ခြေရှိသူတွေ ဖြစ်ပါတယ်။ ဘရာဇီး၊ အင်္ဂလန်နဲ့ ပြင်သစ်တို့က အကုန်လုံးရဲ့ အထက်မှာ ရှိနေတာပါ။ လက်ရှိမှာ သူတို့ဟာ အားလုံးရဲ့အထက်ကို နည်း နည်းလေးစီ ရောက်နေကြပါတယ်။

ဒါပေမဲ့ အရာအားလုံးကတော့ ဖြစ်နိုင်ပါတယ်’’ လို့ မက်ဆီက ကွန်မီဘောနဲ့ အင်တာဗျူးအစီအစဉ်တစ်ခုမှာ ပြောဆိုသွားခဲ့တာပါ။ အခုကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဟာ

မက်ဆီအတွက် ၅ ကြိမ်မြောက် ကစားခွင့်ရတဲ့ ပြိုင်ပွဲဖြစ်နေပြီး ဗိုလ်လုပွဲကို တစ်ကြိမ်ပဲ တက်ရောက်ခွင့်ရခဲ့တဲ့ ကစားသမားဖြစ်သလို သူ့ရဲ့ အာဂျင်တီးနားဟာ ၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ

ဂျာမနီကို ရှုံးခဲ့ရတာဖြစ်ပါတယ်။ အခုလက်ရှိ ကာ တာပြိုင်ပွဲမှာတော့ ရေပန်စားမှုအမြင့်ဆုံးက ဘရာဇီးဖြစ်နေပြီး ဒုတိယနေရာက လိုက်နေတာကတော့ လက်ရှိချန်ပီယံ ပြင်သစ်အသင်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြင်သစ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာတွေရှိနေ တာကြောင့် အဓိက ကွင်းလယ်ကစားသမားတွေကို ဆုံးရှုံးထားရတဲ့အတွက်

ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး သံသယဖြစ်စရာ ကောင်းနေပါတယ်။ အင်္ဂလန်ကတော့ အုပ်စု (B) မှာ အမေရိကန်၊ အီရန်၊ ဝေးလ်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

(Zawgyi)

ကမာၻ႔ဖလားမွာ အာဂ်င္တီးနား ခ်န္ပီယံမျဖစ္ႏိုင္ဘူးဆိုတဲ့ မက္ဆီ

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးရဲ႕ ခ်န္ပီယံဆုအတြက္ ေရပန္းစားေနတဲ့ အသင္းေတြထဲမွာ အာဂ်င္တီးနား မပါဘဲ တျခား ထိပ္သီး အသင္းေတြသာ ရွိ ေနတယ္လို႔

ပီအက္စ္ဂ်ီတိုက္စစ္မႉး မက္ဆီက ေျပာဆိုပါတယ္။ လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့ သူ႔စိတ္ႀကိဳက္ အသင္းေတြ ကေတာ့ ျပင္သစ္၊ အဂၤလန္နဲ႔

ဘရာဇီးတို႔ပဲ ျဖစ္တယ္လို႔ မက္ဆီက ဆိုပါ တယ္။ လာမယ့္ တနဂၤေႏြေန႔မွာ စတင္က်င္းပေတာ့မယ့္ ကာတာ ကမာၻ႔ ဖ လားၿပိဳင္ပြဲႀကီးမွာ ၿပိဳင္ပြဲဝင္မယ့္ အာဂ်င္တီးနားကို အသက္ ၃၅ ႏွစ္အ႐ြယ္ရွိ ေနၿပီျဖစ္တဲ့

မက္ဆီက ဦးေဆာင္မွာပါ။ ေတာင္အေမရိက လက္ရွိခ်န္ပီယံ အာဂ်င္တီးနားဟာ ကာတာၿပိဳင္ပြဲႀကီးမွာ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ အသင္း ေတြထဲက တစ္သင္းျဖစ္ေပမဲ့ မက္ဆီကေတာ့

အဲဒီလို မထင္ဘူးလို႔ ေျပာဆို ခဲ့တဲ့အေၾကာင္း The Athletic က ေရးသားေဖာ္ျပခဲ့ပါတယ္။ ‘’ၿပိဳင္ပြဲဝင္ အသင္းေတြအကုန္လုံးက အတူတူပါပဲ။ အံ့အားသင့္စရာေကာင္းတာဆိုလို႔

အနည္းအက်ဥ္းပဲ ရွိတာပါ။ အၾကမ္းဖ်ဥ္းေပါ့။ အသင္းႀကီးေတြက ဗိုလ္စြဲႏိုင္ ေျခရွိသူေတြ ျဖစ္ပါတယ္။ ဘရာဇီး၊ အဂၤလန္နဲ႔ ျပင္သစ္တို႔က အကုန္လုံးရဲ႕ အထက္မွာ ရွိေနတာပါ။

လက္ရွိမွာ သူတို႔ဟာ အားလုံးရဲ႕အထက္ကို နည္း နည္းေလးစီ ေရာက္ေနၾကပါတယ္။ ဒါေပမဲ့ အရာအားလုံးကေတာ့ ျဖစ္ႏိုင္ပါ တယ္’’ လို႔ မက္ဆီက ကြန္မီေဘာနဲ႔ အင္တာဗ်ဴးအစီအစဥ္တစ္ခုမွာ

ေျပာဆို သြားခဲ့တာပါ။ အခုက်င္းပမယ့္ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဟာ မက္ဆီအတြက္ ၅ ႀကိမ္ေျမာက္ ကစားခြင့္ရတဲ့ ၿပိဳင္ပြဲျဖစ္ေနၿပီး ဗိုလ္လုပြဲကို တစ္ႀကိမ္ပဲ တက္ ေရာက္ခြင့္ရခဲ့တဲ့

ကစားသမားျဖစ္သလို သူ႔ရဲ႕ အာဂ်င္တီးနားဟာ ၂၀၁၄ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဂ်ာမနီကို ရႈံးခဲ့ရတာျဖစ္ပါတယ္။ အခုလက္ရွိ ကာ တာၿပိဳင္ပြဲမွာေတာ့ ေရပန္စားမႈအျမင့္ဆုံးက ဘရာဇီးျဖစ္ေနၿပီး

ဒုတိယေနရာက လိုက္ေနတာကေတာ့ လက္ရွိခ်န္ပီယံ ျပင္သစ္အသင္းပဲ ျဖစ္ ပါတယ္။ ဒါေပမဲ့ ျပင္သစ္ဟာ လက္ရွိအခ်ိန္မွာ ဒဏ္ရာျပႆနာေတြရွိေန တာေၾကာင့္ အဓိက ကြင္းလယ္ကစားသမားေတြကို

ဆုံးရႈံးထားရတဲ့အတြက္ ေျခစြမ္းပိုင္းနဲ႔ ပတ္သက္ၿပီး သံသယျဖစ္စရာ ေကာင္းေနပါတယ္။ အဂၤလန္ ကေတာ့ အုပ္စု (B) မွာ အေမရိကန္၊ အီရန္၊ ေဝးလ္တို႔နဲ႔ တစ္အုပ္စုတည္း က်ေရာက္ေနပါတယ္။