ကမ္ဘာ့ဖလားမှာ သြစတြေးလျအသင်းဗိုလ်စွဲမယ့်ဘက်က ပရိသတ်တစ်ဦး ဒေါ်လာ ၁၀၀ အထိ ထိုးကြေးတင်ထား

သြစတြေးလျပရိသတ်တစ်ယောက်ဟာ တကယ်ရဲရင့်တဲ့သူတစ်ယောက်ဖြစ်ပြီး ကာတာကမ္ဘာ့ဖလားမှာ သူတို့အသင်းချန်ပီယံဖြစ်မယ်ဆိုတဲ့ဘက်က ဒေါ်လာ ၁၀၀

အထိထိုးကြေးလုပ်ထားတာတွေ့ရပါတယ်။ ပြင်သစ်၊ ဒိန်းမတ်နဲ့ တူနီးရှားတို့ပါဝင်နေတဲ့ အုပ်စုကလွတ်အောင်ရုန်းဖို့ဆိုတာမလွယ်ပေမဲ့ ဒီပရိသတ်ကတော့

အုပ်စုလွတ်မြောက်ရုံတင်မကဘဲ ချန်ပီယံအထိကို တက်မှန်းထားတာဖြစ်တယ်။ အွန်လိုင်းတရားဝင် အလောင်းအစား ဝက်ဘ် ဆိုက်တစ်ခုဟာ သြစတြေးလျဗိုလ်စွဲမယ်ဆိုတဲ့ထပ်ကြေးကို

၂၁၅ လေး/၁လေး ဖွင့်ထားပြီး ပရိသတ်ကတော့ ဒေါ်လာ ၁၀၀ အထိယုံယုံကြည်ကြည် ထိုးကြေးထပ်ပြခဲ့တာဖြစ်တယ်။ ဒီလိုလုပ်တာဟာ ရူးသွပ်မှုတစ်ခုလို့ဆိုနိုင်ပေမဲ့

အတိတ်မှာဖြစ်ပျက်ခဲ့တာတွေကိပြန်ကြည့်ရင် သူ့ရဲ့အလောင်းအစားက တန်ပါတယ်။ ပရီးမီးယားလိဂ်မှာ လက်စတာဗိုလ်စွဲတဲ့နှစ်တုန်းက ဘွတ်ကီတွေဟာမြေခွေးတွေချန်ပီယံဖြစ်ခွင့်အတွက်

၅၀၀၀လေး/၁လေး ကြေးဖွင့်ခဲ့ဖူးပြီး အနိုင်ရဖို့အတွက် တစ်ရာသီလုံး(၃၈ပွဲ) ရင်တမမနဲ့ကြည့်ခဲ့ရတာဖြစ်တယ်။ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမှာတော့ ၁၆ သင်းအဆင့်လောက်တက်နိုင်ပြီဆိုရင်

ရေတိုအနေအထားနဲ့ဘာတွေဆက်ဖြစ်မယ်ဆို တာမသိနိုင်တော့ပါဘူး။ တကယ်လို့ သြစတြေးလျဟာ အာရှကိုယ်စားပြုအသင်းအနေနဲ့ ပထမဆုံးကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ရင်တော့

သတ္တိရှိလွန်းတဲ့ ဒီပရိသတ်ဟာအမြတ်ငွေဒေါ်လာ ၂၅၁၀၀ အထိရရှိမှာဖြစ်တယ်။ ကမ္ဘာ့ချန်ပီယံပြင်သစ်၊ ဒိန်းမတ်နဲ့ တူနီးရှားတို့ပါဝင်တဲ့အုပ်စုကနေ

သြစတြေးလျလွတ်မြောက်ဖို့အတွက် အနက်ရှိုင်းဆုံးကြိုးစားရမှာဖြစ်ပေမဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ရင်တော့ ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာစိတ်ဝင်စားဖို့ အရမ်းကောင်းနေပါတယ်။

(Zawgyi)

ကမာၻ႔ဖလားမွာ ၾသစေၾတးလ်အသင္းဗိုလ္စြဲမယ့္ဘက္က ပရိသတ္တစ္ဦး ေဒၚလာ ၁၀၀ အထိ ထိုးေၾကးတင္ထား

ၾသစေၾတးလ်ပရိသတ္တစ္ေယာက္ဟာ တကယ္ရဲရင့္တဲ့သူတစ္ေယာက္ျဖစ္ၿပီး ကာတာကမာၻ႔ဖလားမွာ သူတို႔အသင္းခ်န္ပီယံျဖစ္မယ္ဆိုတဲ့ဘက္က ေဒၚလာ ၁၀၀ အထိ

ထိုးေၾကးလုပ္ထားတာေတြ႕ရပါတယ္။ ျပင္သစ္၊ ဒိန္းမတ္နဲ႔ တူနီးရွားတို႔ပါဝင္ေနတဲ့ အုပ္စုကလြတ္ေအာင္႐ုန္းဖို႔ဆိုတာမလြယ္ေပမဲ့ ဒီပရိသတ္ကေတာ့

အုပ္စုလြတ္ေျမာက္႐ုံတင္မကဘဲ ခ်န္ပီယံအထိကိုတက္မွန္းထားတာျဖစ္တယ္။ အြန္လိုင္းတရားဝင္ အေလာင္းအစား ဝဘ္က္ ဆိုက္တစ္ခုဟာ ၾသစေၾတးလ်ဗိုလ္စြဲမယ္ဆိုတဲ့ထပ္ေၾကးကို

၂၁၅ ေလး/၁ေလး ဖြင့္ထားၿပီး ပရိသတ္ကေတာ့ ေဒၚလာ ၁၀၀ အထိယုံယုံၾကည္ၾကည္ထိုးေၾကးထပ္ျပခဲ့တာျဖစ္တယ္။ ဒီလိုလုပ္တာဟာ ႐ူးသြပ္မႈတစ္ခုလို႔ဆိုႏိုင္ေပမဲ့

အတိတ္မွာျဖစ္ပ်က္ခဲ့တာေတြကိျပန္ၾကည့္ရင္ သူ႔ရဲ႕အေလာင္းအစားကတန္ပါတယ္။ ပရီးမီးယားလိဂ္မွာ လက္စတာဗိုလ္စြဲတဲ့ႏွစ္တုန္းက ဘြတ္ကီေတြဟာေျမေခြးေတြခ်န္ပီယံျဖစ္ခြင့္အတြက္

၅၀၀၀ေလး/၁ေလး ေၾကးဖြင့္ခဲ့ဖူးၿပီး အႏိုင္ရဖို႔အတြက္ တစ္ရာသီလုံး(၃၈ပြဲ) ရင္တမမနဲ႔ၾကည့္ခဲ့ရတာျဖစ္တယ္။ ကမာၻ႔ဖလားလိုၿပိဳင္ပြဲမွာေတာ့ ၁၆ သင္းအဆင့္ေလာက္တက္ႏိုင္ၿပီဆိုရင္

ေရတိုအေနအထားနဲ႔ဘာေတြဆက္ျဖစ္မယ္ဆိုတာမသိႏိုင္ေတာ့ပါဘူး။ တကယ္လို႔ ၾသစေၾတးလ်ဟာ အာရွကိုယ္စားျပဳအသင္းအေနနဲ႔

ပထမဆုံးကမာၻ႔ခ်န္ပီယံျဖစ္ခဲ့ရင္ေတာ့ သတၱိရွိလြန္းတဲ့ ဒီပရိသတ္ဟာအျမတ္ေငြေဒၚလာ ၂၅၁၀၀ အထိရရွိမွာျဖစ္တယ္။

ကမာၻ႔ခ်န္ပီယံျပင္သစ္၊ ဒိန္းမတ္နဲ႔ တူနီးရွားတို႔ပါဝင္တဲ့အုပ္စုကေန ၾသစေၾတးလ်လြတ္ေျမာက္ဖို႔အတြက္ အနက္ရႈိင္းဆုံးႀကိဳးစားရမွာျဖစ္ေပမဲ့

ေနာက္တစ္ဆင့္တက္ႏိုင္ခဲ့ရင္ေတာ့ ဘာေတြဆက္ျဖစ္ဦးမလဲဆိုတာစိတ္ဝင္စားဖို႔ အရမ္းေကာင္းေနပါတယ္။