ကမ္ဘာ့ဖလားမှာမဖြစ်မနေကို စောင့်ကြည့်ရမယ့် ပြိုင်စံရှား ၅ ယောက်

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ကျင်းပဖို့က သုံးပတ်စွန်းစွန်းလေးပဲ လိုတော့တဲ့အချိန်၊ ဥရောပ ထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာလည်း ကလပ်အသင်းတွေရဲ့ အားပြိုင်ပွဲက တစ်စထက်တစ်စ အရှိန်မြင့်လာနေတယ်။

ဒီကြားထဲမှာ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာက သက်ဆိုင်ရာ လိဂ်ပြိုင်ပွဲတွေမှာ ဗိုလ်ကျ စိုးမိုးနေတဲ့ အသင်းကြီးတွေနဲ့အတူ သူတို့ရဲ့ ပြိုင်စံရှား ကစားသမားတွေပဲ ဖြစ်ပါတယ်။

ဆွဲဆောင်မှုအရှိဆုံးလို့ တင်စားပြီးပြောနေကြတဲ့ ပရီးမီးယားလိဂ် မှာဆိုရင် မန်စီးတီးတိုက်စစ်မှူး ဟာလန်းက လက်ရှိအချိန်မှာတင် ၂၂ ဂိုး အထိ သွင်းထားလို့ ရပ်တန့်လို့ မရနိုင်တော့ဘူးလို့ ပြောနေကြတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီနဲ့အတူ ငယ်မူပြန်နေတဲ့ မက်ဆီကလည်း GOAT တစ်ပါး အခြားမရှိလို့ ပြောရလေအောင် တစ်ခုပြီးတစ်ခု လုပ်ပြနေတယ်။

အသက် ၃၄ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ လီဝမ်ဒေါစကီးဟာဆိုရင်လည်း ဘာစီလိုနာနဲ့ အတူ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ မဟာပြိုင်ဘက်ကြီး ရီးရဲလ်ကို

အဓိက ဖိအားပေးသူ တစ်ယောက်အဖြစ် ရပ်တည်နေပြီး ဥရောပ ရွှေဖိနပ်ဆုကိုလည်း ၂ နှစ်ဆက် တိုက်ရယူထားနိုင်တဲ့ ကစားသမားဖြစ်ပါတယ်။

နောက်တစ်ယောက်ကတော့ ပီအက်စ်ဂျီရဲ့ အသင်းပိုင်ရှင်လေးလို့ နောင်ပြောင် ခေါ်ဝေါ်နေကြတဲ့ အမ်ဘာ ပီပါ။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ်သလို

ပီအက်စ်ဂျီနဲ့အတူ ဂိုးတွေ တဒိုင်းဒိုင်း သွင်းပြနေတဲ့ အမ်ဘာပီကို ကာတာရဲ့ ကမ္ဘာ့ဖလားဘောလုံး ဇာတ်ခုံပေါ်မှာ ပရိသတ်တွေ စောင့်ကြည့်ဖို့ ရှိနေတယ်ဆိုတာ အသေအချာပါပဲ။

လက်ရှိမှာ အသင်းဖော် မက်ဆီ၊ နေမာတို့နဲ့အတူ အစပ်အဟပ်တည့် လွန်းနေတဲ့ အမ်ဘာပီတစ်ယောက် ပီအက်စ်ဂျီအသင်းကို ပြည်တွင်းလိဂ်မှာ ထိပ်ဆုံးရောက်အောင် ပံ့ပိုးပေးထားနိုင်သလို

ချန်ပီယံလိဂ် နောက်တစ်ဆင့်ကိုလည်း တက်ရောက်နိုင်အောင် ကူညီပေးထားတယ်။

နောက်ဆုံး တစ်ယောက်ကတော့ မန်စီးတီးရဲ့ ကွင်းလယ်ဗိုလ်ချုပ် ဒီဘရိုင်းပေါ့။

ဒီ ဘယ်လ်ဂျီယံကြယ်ပွင့်ဟာ ခေတ်သစ်မော်ဒန်ဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးသော တိုက်စစ်အားသန် ကွင်းလယ်လူလို့ သတ်မှတ်ခံထားရတဲ့ ကစားသမားပါ။ ဒါကြောင့် အသက် ၃၁ နှစ်အရွယ်

ကစားသမားအနေနဲ့ ဘယ်လ်ဂျီယံကို လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်မလဲဆိုတာ

စိတ်ဝင်စားဖို့ ကောင်းလွန်းနေပါတယ်။ သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့အတူ ဒီလိုမျိုး ရသစုံ ပေးစွမ်းနိုင်တဲ့ ဟာလန်း၊ မက်ဆီ၊ လီဝမ်ဒေါစကီး၊ အမ်ဘာပီနဲ့ ဒီဘရိုင်းတို့ဟာ

သူတို့ရဲ့ နိုင်ငံလက်ရွေးစင်အသင်းတွေနဲ့အတူ ဘယ်လို လုပ်ပြနိုင်ကြမှာလဲ ဆိုတာကို လက်မလွတ်တမ်း စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားမွာမျဖစ္မေနကို ေစာင့္ၾကည့္ရမယ့္ ကစားသမား ၅ ေယာက္

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး က်င္းပဖို႔က သုံးပတ္စြန္းစြန္းေလးပဲ လိုေတာ့တဲ့အခ်ိန္၊ ဥေရာပ ထိပ္သီးလိဂ္ၿပိဳင္ပြဲေတြမွာလည္း ကလပ္အသင္း ေတြရဲ႕ အားၿပိဳင္ပြဲက တစ္စထက္တစ္စ အရွိန္ျမင့္လာေနတယ္။

ဒီၾကားထဲမွာ ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းေနတာက သက္ဆိုင္ရာ လိဂ္ၿပိဳင္ပြဲေတြမွာ ဗိုလ္က် စိုးမိုးေနတဲ့ အသင္းႀကီးေတြနဲ႔အတူ သူတို႔ရဲ႕ ၿပိဳင္စံရွား ကစားသမားေတြပဲ ျဖစ္ ပါတယ္။

ဆြဲေဆာင္မႈအရွိဆုံးလို႔ တင္စားၿပီးေျပာေနၾကတဲ့ ပရီးမီးယားလိဂ္ မွာဆိုရင္ မန္စီးတီးတိုက္စစ္မႉး ဟာလန္းက လက္ရွိအခ်ိန္မွာတင္ ၂၂ ဂိုး အထိ သြင္းထားလို႔ ရပ္တန႔္လို႔ မရႏိုင္ေတာ့ဘူးလို႔ ေျပာေနၾကတယ္။

ဒါေပမဲ့ ပီအက္စ္ဂ်ီနဲ႔အတူ ငယ္မူျပန္ေနတဲ့ မက္ဆီကလည္း GOAT တစ္ပါး အျခားမရွိ လို႔ ေျပာရေလေအာင္ တစ္ခုၿပီးတစ္ခု လုပ္ျပေနတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ လီဝမ္ေဒါစကီးဟာဆိုရင္လည္း ဘာစီလိုနာနဲ႔ အတူ ျပည္တြင္းလိဂ္ၿပိဳင္ပြဲမွာ မဟာၿပိဳင္ဘက္ႀကီး ရီးရဲလ္ကို အဓိက ဖိအားေပးသူ တစ္ေယာက္အျဖစ္ ရပ္တည္ေနၿပီး

ဥေရာပ ေ႐ႊဖိနပ္ဆုကိုလည္း ၂ ႏွစ္ဆက္ တိုက္ရယူထားႏိုင္တဲ့ ကစားသမားျဖစ္ပါတယ္။ ေနာက္တစ္ေယာက္ကေတာ့ ပီအက္စ္ဂ်ီရဲ႕ အသင္းပိုင္ရွင္ေလးလို႔ ေနာင္ေျပာင္ ေခၚေဝၚေနၾကတဲ့ အမ္ဘာပီပါ။

လက္ရွိ ကမာၻ႔ဖလားခ်န္ပီယံလည္းျဖစ္သလို ပီအက္စ္ဂ်ီနဲ႔အတူ ဂိုးေတြ တဒိုင္းဒိုင္း သြင္းျပေနတဲ့ အမ္ဘာပီကို ကာတာရဲ႕ ကမာၻ႔ဖလားေဘာလုံး

ဇာတ္ခုံေပးမွာ ပရိသတ္ေတြ ေစာင့္ၾကည့္ဖို႔ ရွိေနတယ္ဆိုတာ အေသအခ်ာ ပါပဲ။ လက္ရွိမွာ အသင္းေဖာ္ မက္ဆီ၊ ေနမာတို႔နဲ႔အတူ အစပ္အဟပ္တည့္ လြန္းေနတဲ့ အမ္ဘာပီတစ္ေယာက္ ပီအက္စ္ဂ်ီအသင္းကို

ျပည္တြင္းလိဂ္မွာ ထိပ္ဆုံးေရာက္ေအာင္ ပံ့ပိုးေပးထားႏိုင္သလို ခ်န္ပီယံလိဂ္ ေနာက္တစ္ဆင့္ ကိုလည္း တက္ေရာက္ႏိုင္ေအာင္ ကူညီေပးထားတယ္။

ေနာက္ဆုံး တစ္ ေယာက္ကေတာ့ မန္စီးတီးရဲ႕ ကြင္းလယ္ဗိုလ္ခ်ဳပ္ ဒီဘ႐ိုင္းေပါ့။ ဒီ ဘယ္လ္ဂ်ီ ယံၾကယ္ပြင့္ဟာ ေခတ္သစ္ေမာ္ဒန္ေဘာလုံးမ်ိဳးဆက္ရဲ႕ အေကာင္းဆုံးေသာ တိုက္စစ္အားသန္ ကြင္းလယ္လူလို႔

သတ္မွတ္ခံထားရတဲ့ ကစားသမားပါ။ ဒါေၾကာင့္ အသက္ ၃၁ ႏွစ္အ႐ြယ္ ကစားသမားအေနနဲ႔ ဘယ္လ္ဂ်ီယံအသင္း ကို လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ

ဘယ္လ္ဂ်ီယံအသင္းကို ဘယ္အဆင့္အထိ ေရာက္ရွိေအာင္ စြမ္းေဆာင္ေပးႏိုင္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းလြန္း ေနပါတယ္။ သက္ဆိုင္ရာ ကလပ္အသင္းေတြနဲ႔အတူ ဒီလိုမ်ိဳး ရသစုံ ေပးစြမ္းႏိုင္တဲ့ ဟာလန္း၊

မက္ဆီ၊ လီဝမ္ေဒါစကီး၊ အမ္ဘာပီနဲ႔ ဒီဘ႐ိုင္းတို႔ဟာ သူတို႔ရဲ႕ ႏိုင္ငံလက္ေ႐ြးစင္အသင္းေတြနဲ႔အတူ ဘယ္လို လုပ္ျပႏိုင္ၾကမွာလဲ ဆိုတာကို လက္မလြတ္တမ္း ေစာင့္ၾကည့္ရေတာ့မွာပဲ ျဖစ္ပါတယ္။