ကမ္ဘာ့ဖလားမတိုင်ခင် ပီအက်စ်ဂျီအသင်းနောက်ဆုံးပွဲစဉ်ကို ရှောင်ရှားဖို့တောင်းဆိုသွားမယ့် မက်ဆီ

မက်ဆီဟာ ကမ္ဘာ့ဖလားမှာကြံ့ခိုင်မှု အပြည့်ရှိနေဖို့အတွက် အော်ဇေးနဲ့ပွဲစဉ်ကိုမကစားဖို့ ပီအက်စ်ဂျီအသင်းထံတောင်းဆိုသွားမယ်လို့ သတင်းထွက်နေပါတယ်။

အော်ဇေးနဲ့ပွဲကို နိုဝင်ဘာ ၁၃ရက်နေ့မှာကစားသွားဖို့ရှိနေပြီး အာဂျင်တီးနားအသင်းဟာနိုဝင်ဘာ ၂၂ ရက်နေ့မှာ အုပ်စုအဖွင့်ပွဲအဖြစ်ဆော်ဒီနဲ့ရင်ဆိုင်ရဖို့ရှိနေတာဖြစ်တယ်။

Gaston Edul ရဲ့ဖော်ပြချက်အရ အသက် ၃၅နှစ်အရွယ်မက်ဆီဟာကြံ့ခိုင်မှုအတွက် စိုးရိမ်နေပြီး အော်ဇေးနဲ့ လီဂူး-၁ပွဲစဉ်ကို အလွဲခံဖို့ရှိနေတာဖြစ်တယ်။

မက်ဆီဟာ ပီအက်စ်ဂျီနည်းပြဂယ်တီရာနဲ့ အရင်းနှီးဆုံးဆက်ဆံရေးရှိတာကြောင့် အာဂျင်တီးနားသားရဲ့တောင်းဆိုမှုကို လက်ခံဖို့ရှိနေပါတယ်။

မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းတို့ စာချုပ်သဘောတူညီချက်ထဲမှာ အာဂျင်တီးနားနဲ့ ပတ်သတ်တဲ့အပိုဒ်ပါရှိနေပြီး နိုင်ငံအသင်းနဲ့ပတ်သတ်တဲ့ကတိက

ဝတ်တွေကို ဦးစားပေးလုပ်ဆောင်ခွင့်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကိုပါအမေရိက ချန်ပီယံဆုကိုရရှိခဲ့တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုအရယူပြီး

ကစားသမားဘ ၀အရှိန်အဝါပိုကြီးလာဖို့အတွက်မျှော်မှန်းနေတာဖြစ်တယ်။ ကမ္ဘာ့ဖလားမတိုင်ခင် ကြားကာလမှာ ပီအက်စ်ဂျီအသင်းရဲ့ပွဲစဉ် ၃ပွဲကစားဖို့ကျန်ရှိနေပါသေးတယ်။

အာဂျင်တီးနားဂျာနယ်လစ်ဆီဘက်စ္စတီယန်ဗီနိုလိုနဲ့အင်တာဗျူးမှာတော့ ဒီပြိုင်ပွဲဟာ သူ့ရဲ့ကစားသမားဘ၀ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်တယ်လို့ မက်ဆီကအသိပေးခဲ့ပြီးဖြစ်တယ်။

အာဂျင်တီးနားအသင်းဟာ ကာတာကမ္ဘာ့ဖလား မှာဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းတွေထဲပါဝင်နေပြီး မက်ဆီအနေနဲ့လည်းပြိုင်ပွဲနီးကပ်လာချိန်မှာ ကြံ့ခိုင်မှုပြည့်၀နေဖို့အတွက် အော်ဇေးနဲ့ပွဲစဉ်ကို ရှောင်ရှားဖို့တောင်းဆိုလာနိုင်တာဖြစ်တယ်။

(Zawgyi)

ကမာၻ႔ဖလားမတိုင္ခင္ ပီအက္စ္ဂ်ီအသင္းေနာက္ဆုံးပြဲစဥ္ကို ေရွာင္ရွားဖို႔ေတာင္းဆိုသြားမယ့္ မက္ဆီ

မက္ဆီဟာ ကမာၻ႔ဖလားမွာႀကံ့ခိုင္မႈအျပည့္ရွိေနဖို႔အတြက္ ေအာ္ေဇးနဲ႔ပြဲစဥ္ကိုမကစား ဖို႔ ပီအက္စ္ဂ်ီအသင္းထံေတာင္းဆိုသြားမယ္လို႔ သတင္းထြက္ေနပါတယ္။

ေအာ္ေဇးနဲ႔ပြဲကို ႏိုဝင္ဘာ ၁၃ရက္ေန႔မွာကစားသြားဖို႔ရွိေနၿပီး အာဂ်င္တီးနားအသင္းဟာႏိုဝင္ဘာ ၂၂ရက္ေန႔မွာ အုပ္စုအဖြင့္ပြဲအျဖစ္ေဆာ္ဒီနဲ႔ရင္ဆိုင္ရဖို႔ရွိေနတာျဖစ္တယ္။

Gaston Edul ရဲ႕ေဖာ္ျပခ်က္အရ အသက္ ၃၅ႏွစ္အ႐ြယ္မက္ဆီဟာႀကံ့ခိုင္မႈအတြက္ စိုးရိမ္ေနၿပီး ေအာ္ေဇးနဲ႔ လီဂူး-၁ပြဲစဥ္ကို အလြဲခံဖို႔ရွိေနတာျဖစ္တယ္။ မက္ဆီဟာ

ပီအက္စ္ဂ်ီနည္းျပဂယ္တီရာနဲ႔ အရင္းႏွီးဆုံးဆက္ဆံေရးရွိတာေၾကာင့္ အာဂ်င္တီးနားသားရဲ႕ေတာင္းဆိုမႈကိုလက္ခံဖို႔ရွိေနပါတယ္။ မက္ဆီနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔စာခ်ဳပ္သေဘာတူညီခ်က္ထဲမွ

ာ အာဂ်င္တီးနားနဲ႔ပတ္သတ္တဲ့အပိုဒ္ပါရွိေနၿပီး ႏိုင္ငံအသင္းနဲ႔ပတ္သတ္တဲ့ကတိက ဝတ္ေတြကို ဦးစားေပးလုပ္ေဆာင္ခြင့္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ႏွစ္မွာ ကိုပါအေမရိက

ခ်န္ပီယံဆုကိုရရွိခဲ့တဲ့ မက္ဆီဟာ ကမာၻ႔ဖလားခ်န္ပီယံဆုအရယူၿပီးကစားသမားဘ ၀အရွိန္အဝါပိုႀကီးလာဖို႔အတြက္ေမွ်ာ္မွန္းေနတာျဖစ္တယ္။ ကမာၻ႔ဖလားမတိုင္ခင္ ၾကားကာလမွ

ာ ပီအက္စ္ဂ်ီအသင္းရဲ႕ပြဲစဥ္ ၃ပြဲကစားဖို႔က်န္ရွိေနပါေသးတယ္။ အာဂ်င္တီးနားဂ်ာနယ္လစ္ဆီဘက္စၥတီယန္ဗီႏိုလိုနဲ႔အင္တာဗ်ဴးမွာေတာ့ ဒီၿပိဳင္ပြဲဟာ သူ႔ရဲ႕ကစားသမားဘ၀ေနာက္ဆုံးကမာၻ႔ဖလားျဖစ္တယ္လို႔

မက္ဆီကအသိေပးခဲ့ၿပီးျဖစ္တယ္။ အာဂ်င္တီးနားအသင္းဟာ ကာတာကမာၻ႔ဖလား မွာဗိုလ္စြဲဖို႔ေရပန္းစားတဲ့အသင္းေတြထဲပါဝင္ေနၿပီး မက္ဆီအေနနဲ႔လည္းၿပိဳင္ပြဲနီးကပ္လာခ်ိန္မွာ

ႀကံ့ခိုင္မႈျပည့္၀ေနဖို႔အတြက္ ေအာ္ေဇးနဲ႔ပြဲစဥ္ကို ေရွာင္ရွားဖို႔ေတာင္းဆိုလာႏိုင္တာျဖစ္တယ္။