ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးပိတ်အိတ်နဲ့လွယ်မယ့်ပွဲမှာ တန်ဟတ် ဘာတွေ ကြံစည်နေလဲ

အခုညမှာ ယှဉ်ပြိုင်ကစားမယ့် ဖူလ်ဟမ်နဲ့ ပွဲစဉ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် မန်ယူရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပါတယ်။ ဒီညမှာတော့ နည်းပြ အဲရစ်တန်ဟတ်ဟာ

ဗီလာကို အနိုင်ရခဲ့တဲ့ ပွဲစဉ်က လူစာရင်းကို အ ပြောင်းအလဲ ၆ ခုအထိ ပြုလုပ်ပြီး ပွဲထွက်လာနိုင်တယ်လို့ The Express သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြပါတယ်။

ကရာဗန်ကော့တေ့ချ်ကွင်း မှာ ကစားရမယ့် ပွဲစဉ်ဖြစ်တာကြောင့် မန်ယူအတွက် ခက်ခဲမှုတွေ ရှိနေမှာ တော့ သေချာနေတဲ့အတွက် တန်ဟတ်က ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး ပြိုင်ဘက်ကို

အလဲထိုးဖို့အတွက် အကွက်ကျကျ စီစဉ်လာနိုင်တယ်လို့ အဲဒီ သတင်းဝက်ဘ်ဆိုက်က ခန့်မှန်းရေးသားပါတယ်။ ဒီပွဲမှာ ပွဲပယ်ခံထားရတဲ့ ညာနောက်ခံလူ ဒါလော့ ပါဝင်နိုင်မှာ မဟုတ်တာကြောင့်

မာလာစီယာကို ညာနောက်ခံလူအဖြစ် ပွဲထုတ်လာနိုင်တာမျိုးရှိပါတယ်။ နောက်ပြီး ခံစစ်ကို အမှားခံလို့ မရတဲ့ ပွဲစဉ်မျိုး ဖြစ်နေတဲ့အတွက် မာတီနက်ဇ်၊ လင်ဒီလော့ဖ် အတွဲကိုပဲ ထုတ်သုံးဖို့များနေပြီး

အသင်းခေါင်းဆောင် မက်ဂွိုင်းယားကိုတော့ အရန်ခုံမှာ တွေ့ရဖို့ သေချာပေါက်ရှိနေပါတယ်။ ဗီလာကို ၄-၂ ဂိုးနဲ့ အနိုင်ရ တဲ့ ပွဲစဉ်မှာ ခြေစွမ်းပြခဲ့တဲ့ ဖရက်၊ တွမ်မီနေးအတွဲကို အခုဖူလ်ဟမ်နဲ့ပွဲစဉ်မှာ

တန်ဟတ်တစ်ယောက် အရဲစွန့်ပြီး အသုံးပြုဖို့ မရှိတာကြောင့် ကွင်းလယ်မှာတော့ ကက်စ်မီရို၊ အဲရစ်ဆင်နဲ့ ဖာနန်ဒက်စ်တို့ကို မြင်ရဖို့ ရှိနေပါတယ်။ အဖျားဝေဒနာကနေပြီး အရှင်း မပျောက်သေးတဲ့

စီရော်နယ်ဒိုဟာ ဒီပွဲစဉ်မှာ မပါဝင်ဖို့ သေချာလုနီးပါး ဖြစ်နေတာကြောင့် ယူနိုက်တက်အသင်း တိုက်စစ်ပိုင်းမှာ မာရှယ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချို ၃ ယောက်တွဲ တိုက်စစ်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

မာရှယ်က ဗဟိုတိုက်စစ်မှူးအဖြစ် ကစားသွားဖို့ရှိနေပြီး ရက်ရှ်ဖို့ဒ်က ညာတောင်ပံနဲ့ ဂါနာချိုက ဘယ်တောင်ပံတို့မှာ ကစားမှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီနေ့ပွဲအမီ အဖျားဝေဒနာကနေ

ပြန်လည်ပြီး သက်သာလာ တယ်ဆိုရင်တောင်မှပဲ ဦးစားပေး ပွဲထွက်စာရင်းမှာ ပါနိုင်မှာ မဟုတ်သလို အရန်ခုံမှာပဲ ရှိနေဖို့ များပါတယ်။ နောက်ပြီး မန်ယူဟာ ဖူလ်ဟမ်နဲ့ ပွဲစဉ်အတွက်

တိုက်စစ်မှူး ရှားပါးတဲ့ ပြဿနာ ကြုံနေရတာမျိုးရှိပေမဲ့ ကြိုးစားပြီး ကစားသွားရမှာ ဖြစ်တယ်လို့ တန်ဟတ်က ဖွင့်ဟသွားခဲ့ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားမတိုင္ခင္ ေနာက္ဆုံးပိတ္အိတ္နဲ႔လြယ္မယ့္ပြဲမွာ တန္ဟတ္ ဘာေတြ ႀကံစည္ေနလဲ

အခုညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ဖူလ္ဟမ္နဲ႔ ပြဲစဥ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲ မတိုင္ခင္ မန္ယူရဲ႕ ေနာက္ဆုံး ပရီးမီးယားလိဂ္ပြဲစဥ္ျဖစ္ပါတယ္။ ဒီညမွာေတာ့ နည္းျပ အဲရစ္တန္ဟတ္ဟာ ဗီလာကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္က လူစာရင္းကို

အ ေျပာင္းအလဲ ၆ ခုအထိ ျပဳလုပ္ၿပီး ပြဲထြက္လာႏိုင္တယ္လို႔ The Express သတင္းဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပပါတယ္။ ကရာဗန္ေကာ့ေတ့ခ်္ကြင္း မွာ ကစားရမယ့္

ပြဲစဥ္ျဖစ္တာေၾကာင့္ မန္ယူအတြက္ ခက္ခဲမႈေတြ ရွိေနမွာ ေတာ့ ေသခ်ာေနတဲ့အတြက္ တန္ဟတ္က ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္ၿပီး ၿပိဳင္ဘက္ကို အလဲထိုးဖို႔အတြက္

အကြက္က်က် စီစဥ္လာႏိုင္တယ္လို႔ အဲဒီ သတင္းဝက္ဘ္ဆိုက္က ခန႔္မွန္းေရးသားပါတယ္။ ဒီပြဲမွာ ပြဲပယ္ခံထားရတဲ့ ညာေနာက္ခံလူ ဒါေလာ့ ပါဝင္ႏိုင္မွာ မဟုတ္တာေၾကာင့္ မာလာစီယာကို

ညာေနာက္ခံလူအျဖစ္ ပြဲထုတ္လာႏိုင္တာမ်ိဳးရွိပါတယ္။ ေနာက္ၿပီး ခံစစ္ကို အမွားခံလို႔ မရတဲ့ ပြဲစဥ္မ်ိဳး ျဖစ္ေနတဲ့အတြက္ မာတီနက္ဇ္၊ လင္ဒီေလာ့ဖ္ အတြဲကိုပဲ ထုတ္သုံးဖို႔မ်ားေနၿပီး

အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားကိုေတာ့ အရန္ခုံမွာ ေတြ႕ရဖို႔ ေသခ်ာေပါက္ရွိေနပါတယ္။ ဗီလာကို ၄-၂ ဂိုးနဲ႔ အႏိုင္ရ တဲ့ ပြဲစဥ္မွာ ေျခစြမ္းျပခဲ့တဲ့ ဖရက္၊ တြမ္မီေနးအတြဲကို

အခုဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ တန္ဟတ္တစ္ေယာက္ အရဲစြန႔္ၿပီး အသုံျပဳဖို႔ မရွိတာေၾကာင့္ ကြင္းလယ္မွာ ေတာ့ ကက္စ္မီ႐ို၊ အဲရစ္ဆင္နဲ႔ ဖာနန္ဒက္စ္တို႔ကို ျမင္ရဖို႔ ရွိေနပါတယ္။

အဖ်ားေဝဒနာကေနၿပီး အရွင္း မေပ်ာက္ေသးတဲ့ စီေရာ္နယ္ဒိုဟာ ဒီပြဲစဥ္မွာ မပါဝင္ဖို႔ ေသခ်ာလုနီးပါး ျဖစ္ေနတာေၾကာင့္ ယူႏိုက္တက္အသင္း တိုက္စစ္ ပိုင္းမွာ မာရွယ္၊

ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳ ၃ ေယာက္တြဲ တိုက္စစ္ကို ျမင္ေတြ႕ရဖို႔ ရွိေနပါတယ္။ မာရွယ္က ဗဟိုတိုက္စစ္မႉးအျဖစ္ ကစားသြားဖို႔ရွိေနၿပီး ရက္ရွ္ ဖို႔ဒ္က ညာေတာင္ပံနဲ႔ ဂါနာခ်ိဳက

ဘယ္ေတာင္ပံတို႔မွာ ကစားမွာ ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ ဒီေန႔ပြဲအမီ အဖ်ားေဝဒနာကေန ျပန္လည္ၿပီး သက္သာလာ တယ္ဆိုရင္ေတာင္မွပဲ ဦးစားေပး ပြဲထြက္စာရင္းမွာ

ပါႏိုင္မွာ မဟုတ္သလို အရန္ခုံမွာပဲ ရွိေနဖို႔ မ်ားပါတယ္။ ေနာက္ၿပီး မန္ယူဟာ ဖူလ္ဟမ္နဲ႔ ပြဲစဥ္အ တြက္ တိုက္စစ္မႉး ရွားပါးတဲ့ ျပႆနာ ႀကဳံေနရတာမ်ိဳးရွိေပမဲ့ ႀကိဳးစားၿပီး

ကစားသြားရမွာ ျဖစ္တယ္လို႔ တန္ဟတ္က ဖြင့္ဟသြားခဲ့ပါတယ္။