ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး တစ်ရက်အကြာမှာ နိုင်ငံတကာကစားသမားဘဝ အဆုံးသတ်လိုက်ပြီလို့ ဘန်ဇီမာ အသိပေးလာ

ဘလွန်းဒီအော်ပိုင်ရှင် ဘန်ဇီမာဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီး

တစ်ရက်အကြာမှာဘဲ နိုင်ငံတကာကစားသမားဘဝကနေ အနားယူပြီလို့

အံ့အားသင့်ဖွယ်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကမ္ဘာတစ်ဝှမ်းရှိ

ဂျာနယ်လစ်တွေကမဲပေးရွေးချယ်ထားတဲ့ ၂၀၂၂ ခုနှစ်အတွက်

အကောင်းဆုံးကစားသမားဟာ ပေါင်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား

ပြိုင်ပွဲတစ်ခုလုံးကို လွဲချော်ခဲ့သူဖြစ်တယ်။ ပြင်သစ်သမ္မတ မက်ခရွန်က

ဘန်ဇီမာကို ဗိုလ်လုပွဲကျင်းပရာ ကာတာနိုင်ငံကိုလာရောက်ဖို့

ဖိတ်ကြားခဲ့ပေမဲ့ ရီးရဲလ်တိုက်စစ်မှူးဘက်က ငြင်ဒဆန်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲလူစာရင်းထဲပါဝင်ခဲ့ပေမဲ့ တစ်မိနစ်တောင်

ကစားခွင့်မရခဲ့တဲ့ ဘန်ဇီမာဟာ နည်းပြဒက်ချမ့်စ်နဲ့ အဖုအထစ်

ရှိခဲ့ပြီးနောက် လက်ရွေးစင်ကစားသမားဘဝကို အဆုံးသတ်ခဲ့တာဖြစ်တယ်။

ဆိုရှယ်မီဒီယာကတစ်ဆင့် ဘန်ဇီမာက “ငါရဲ့ကြိုးစားအားထုတ်မှုက

အမှားတွေလုပ်သလို ဖြစ်ခဲ့တယ်၊ ဒီနေ့ ငါဘယ်ရောက်နေလဲ…

ဒီအတွက်ဂုဏ်ယူပါတယ်။ ငါ့တို့ ကိုယ့်ဇာတ်လမ်းကိုယ်တိုင်ဖန်တီးခဲ့သလို

ငါတို့ ကိုယ်တိုင်ပဲအဆုံးသတ်ရမှာပါ” လို့ ရေးသားသွားခဲ့ပါတယ်။

ဒက်ချမ့်စ်ဟာ ရီးရဲလ်တိုက်စစ်မှူးနေရာမှာ တရားဝင်အစားထိုး

ခေါ်ယူမှုမလုပ်ခဲ့တာကြောင့် အာဂျင်တီးနားနဲ့ ဗိုလ်လုပွဲမှာ

ဘန်ဇီမာပြန်လာနိုင်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။

ဒီအကြောင်းအရာတွေနဲ့ ပတ်သတ်လို့ ဘန်ဇီမာက “ငါ စိတ်မဝင်စားဘူး” လို့

အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်တယ်။ ဘန်ဇီမာဟာ ပြင်သစ်

လက်ရွေးစင်အသင်းအတွက် ၉၇ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၃၇ဂိုး သွင်းပေးထားသူဖြစ်ပါတယ်။

zawgyi

ကမာၻ႔ဖလားဗိုလ္လုပြဲအၿပီး တစ္ရက္အၾကာမွာ ႏိုင္ငံတကာကစားသမားဘဝ အဆုံးသတ္လိုက္ၿပီလို႔ ဘန္ဇီမာ အသိေပးလာ

ဘလြန္းဒီေအာ္ပိုင္ရွင္ ဘန္ဇီမာဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး

တစ္ရက္အၾကာမွာဘဲ ႏိုင္ငံတကာကစားသမားဘဝကေန အနားယူၿပီလို႔

အံ့အားသင့္ဖြယ္ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ကမာၻတစ္ဝွမ္းရွိ

ဂ်ာနယ္လစ္ေတြကမဲေပးေ႐ြးခ်ယ္ထားတဲ့ ၂၀၂၂ ခုႏွစ္အတြက္

အေကာင္းဆုံးကစားသမားဟာ ေပါင္ဒဏ္ရာေၾကာင့္ ကမာၻ႔ဖလား

ၿပိဳင္ပြဲတစ္ခုလုံးကို လြဲေခ်ာ္ခဲ့သူျဖစ္တယ္။ ျပင္သစ္သမၼတ မက္ခ႐ြန္က

ဘန္ဇီမာကို ဗိုလ္လုပြဲက်င္းပရာ ကာတာႏိုင္ငံကိုလာေရာက္ဖို႔

ဖိတ္ၾကားခဲ့ေပမဲ့ ရီးရဲလ္တိုက္စစ္မႉးဘက္က ျငင္ဒဆန္ခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲလူစာရင္းထဲပါဝင္ခဲ့ေပမဲ့ တစ္မိနစ္ေတာင္

ကစားခြင့္မရခဲ့တဲ့ ဘန္ဇီမာဟာ နည္းျပဒက္ခ်မ့္စ္နဲ႔ အဖုအထစ္

ရွိခဲ့ၿပီးေနာက္ လက္ေ႐ြးစင္ကစားသမားဘဝကို အဆုံးသတ္ခဲ့တာျဖစ္တယ္။

ဆိုရွယ္မီဒီယာကတစ္ဆင့္ ဘန္ဇီမာက “ငါရဲ႕ႀကိဳးစားအားထုတ္မႈက

အမွားေတြလုပ္သလို ျဖစ္ခဲ့တယ္၊ ဒီေန႔ ငါဘယ္ေရာက္ေနလဲ…

ဒီအတြက္ဂုဏ္ယူပါတယ္။ ငါ့တို႔ ကိုယ့္ဇာတ္လမ္းကိုယ္တိုင္ဖန္တီးခဲ့သလို

ငါတို႔ ကိုယ္တိုင္ပဲအဆုံးသတ္ရမွာပါ” လို႔ ေရးသားသြားခဲ့ပါတယ္။

ဒက္ခ်မ့္စ္ဟာ ရီးရဲလ္တိုက္စစ္မႉးေနရာမွာ တရားဝင္အစားထိုး

ေခၚယူမႈမလုပ္ခဲ့တာေၾကာင့္ အာဂ်င္တီးနားနဲ႔ ဗိုလ္လုပြဲမွာ

ဘန္ဇီမာျပန္လာႏိုင္တယ္လို႔ သတင္းေတြထြက္ေပၚခဲ့ပါေသးတယ္။

ဒီအေၾကာင္းအရာေတြနဲ႔ ပတ္သတ္လို႔ ဘန္ဇီမာက “ငါ စိတ္မဝင္စားဘူး” လို႔

အင္စတာဂရမ္မွာ ေရးသားခဲ့တာျဖစ္တယ္။ ဘန္ဇီမာဟာ ျပင္သစ္

လက္ေ႐ြးစင္အသင္းအတြက္ ၉၇ပြဲ ပါဝင္ကစားေပးခဲ့ၿပီး ၃၇ဂိုး သြင္းေပးထားသူျဖစ္ပါတယ္။