ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဂိုးသွင်းရတာထက် ခုတင်ပေါ်က ဆက်ဆံရေးဟာ ပိုကောင်းတယ်လို့ ပီတစ် အရွှန်းဖောက်

ပြင်သစ်ကွင်းလယ်လူဟောင်းပီတစ်က ခုတင်ပေါ်ကဆက်ဆံရေးဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာဂိုးသွင်းရတာထက်ပိုကောင်းတယ်လို့ ရင်ဖွင့်လိုက်ပါတယ်။ အီမန်နူရယ်ပီတစ်ဟာ

မိခင်မြေမှာကျင်းပခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူကမ္ဘာ့ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဘရာဇီးကို ၃-ဝဂိုးနဲ့ အနိုင်ယူခဲ့တဲ့ဖိုင်နယ်ပွဲစဉ်မှာတော့

ပီတစ်ကပြင်သစ်အတွက် တတိယဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်တယ်။ ဘောလုံးသမားတစ်ယောက်အတွက် ကမ္ဘာ့ဖလားအနိုင်ရဖို့ဆိုတာ ဘဝတစ်ခုလုံးရဲ့ အထွတ်အထိပ်ဖြစ်ပေမဲ့ ခုတင်ပေါ်မှာ

ချစ်တင်းနှောရတာက ပိုမိုကောင်းမွန်တဲ့ ခံစားချက်ပေးတယ်လို့ ပီတစ်ကအရွှန်းဖောက်ခဲ့တာဖြစ်တယ်။ အာဆင်နယ်၊ ချဲလ်ဆီးတို့နဲ့အတူ ကစားသမားဘဝကိုဖြတ်သန်းခဲ့တဲ့ ပီတစ်က

အင်္ဂလန်အသင်းနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကိုဆက်လက်ပြောဆိုခဲ့ပြီး ဆောက်ဂိတ်အသင်းဟာ ကာတာကမ္ဘာ့ဖလားမှာဗိုလ်စွဲဖို့ရေပန်းစားတဲ့အသင်းထဲပါဝင်နေပေမဲ့ အဆုံးမှာတော့

အချည်းအနှီးသာဖြစ်လိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။ “အင်္ဂလန်ကို အနိုင်ယူဖို့က ခက်ခဲတယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ တစ်နေ့တာအဆုံးမှာ သူတို့ကျရှုံးမယ်ဆိုတာကိုလည်း

အသေအချာပြောရဲပါတယ်။ အင်္ဂလန်ရဲ့ဇာတ်ဝင်ခန်းတွေက အမြဲတမ်း အတူတူပါပဲ။ ခင်ဗျားတို့က သူတို့ကိုပြိုင်ဘက်အဖြစ်အမြဲသတ်မှတ်နေပေမဲ့ အဆုံးမှာတော့

အင်္ဂလန်ကတစ်ခုခုလွဲချော်နေတတ်ပါတယ်” လို့ ပြင်သစ်ကွင်းလယ်လူဟောင်းက ပြောဆိုသွားပါတယ်။ ပီတစ်ဟာ အင်္ဂလန်မြေပေါ်မှာ ကစားသမားဘဝဖြတ်သန်းစဉ်ကာလအတွင်း

ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားကိုဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားဗိုလ္လုပြဲမွာဂိုးသြင္းရတာထက္ ခုတင္ေပၚက ဆက္ဆံေရးကပိုေကာင္းတယ္လို႔ ပီတစ္ အ႐ႊန္းေဖာက္

ျပင္သစ္ကြင္းလယ္လူေဟာင္းပီတစ္က ခုတင္ေပၚကဆက္ဆံေရးဟာ ကမာၻ႔ဖလားဗိုလ္လုပြဲမွာဂိုးသြင္းရတာထက္ပိုေကာင္းတယ္လို႔ ရင္ဖြင့္လိုက္ပါတယ္။ အီမန္ႏူရယ္ပီတစ္ဟာ မိခင္ေျမမွာက်င္းပခဲ့တဲ့ ၁၉၉၈

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ျပင္သစ္အသင္းနဲ႔အတူကမာၻ႔ခ်န္ပီယံအျဖစ္ေအာင္ပြဲခံႏိုင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ ဘရာဇီးကို ၃-ဝဂိုးနဲ႔ အႏိုင္ယူခဲ့တဲ့ဖိုင္နယ္ပြဲစဥ္မွာေတာ့ ပီတစ္ကျပင္သစ္အတြက္

တတိယဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္တယ္။ ေဘာလုံးသမားတစ္ေယာက္အတြက္ ကမာၻ႔ဖလားအႏိုင္ရဖို႔ဆိုတာဘဝတစ္ခုလုံးရဲ႕အထြတ္အထိပ္ျဖစ္ေပမဲ့ ခုတင္ေပၚမွာ ခ်စ္တင္းေႏွာရတာက

ပိုမိုေကာင္းမြန္တဲ့ခံစားခ်က္ေပးတယ္လို႔ ပီတစ္ကအ႐ႊန္းေဖာက္ခဲ့တာျဖစ္တယ္။ အာဆင္နယ္၊ ခ်ဲလ္ဆီးတို႔နဲ႔အတူ ကစားသမားဘဝကိုျဖတ္သန္းခဲ့တဲ့ ပီတစ္က အဂၤလန္အသင္းနဲ႔

ပတ္သတ္တဲ့အေၾကာင္းအရာေတြကိုဆက္လက္ေျပာဆိုခဲ့ၿပီး ေဆာက္ဂိတ္အသင္းဟာ ကာတာကမာၻ႔ဖလားမွာဗိုလ္စြဲဖို႔ေရပန္းစားတဲ့အသင္းထဲပါဝင္ေနေပမဲ့ အဆုံးမွာေတာ့

အခ်ည္းအႏွီးသာျဖစ္လိမ့္မယ္လို႔သုံးသပ္လိုက္ပါတယ္။ “အဂၤလန္ကို အႏိုင္ယူဖို႔က ခက္ခဲတယ္ဆိုတာေသခ်ာပါတယ္။ ဒါေပမဲ့ တစ္ေန႔တာအဆုံးမွာ

သူတို႔က်ရႈံးမယ္ဆိုတာကိုလည္းအေသအခ်ာေျပာရဲပါတယ္။ အဂၤလန္ရဲ႕ဇာတ္ဝင္ခန္းေတြက အၿမဲတမ္းအတူတူပါပဲ။ ခင္ဗ်ားတို႔က သူတို႔ကိုၿပိဳင္ဘက္အျဖစ္အၿမဲသတ္မွတ္ေနေပမဲ့

အဆုံးမွာေတာ့အဂၤလန္ကတစ္ခုခုလြဲေခ်ာ္ေနတတ္ပါတယ္” လို႔ ျပင္သစ္ကြင္းလယ္လူေဟာင္းက ေျပာဆိုသြားပါတယ္။ ပီတစ္ဟာ အဂၤလန္ေျမေပၚမွာ ကစားသမားဘဝျဖတ္သန္းစဥ္ကာလအတြင္း

ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားကိုဆြတ္ခူးႏိုင္ခဲ့သူျဖစ္ပါတယ္။