
ဝေးလ်တောင်ပံခံစစ်ကစားသမားလေး နီကိုဝီလီယမ်စ်ဟာ အမေရိကန်နဲ့ပွဲဦးထွက်ကစားချိန်မှာ အလွန်ပဲစိတ်လှုပ်ရှားနေခဲ့ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးပြိုင်ပွဲကြီးတစ်ခုမှာ ပါဝင်ကစားနေရင်း





ကောင်းကင်ပေါ်ကိုကြေကွဲဖွယ်ရာမော့ကြည့်နေခဲ့တဲ့ နီကိုဝီလီယမ်စ်ရဲ့ပုံရိပ်တွေက အသက်ဝင်လွန်းခဲ့ပြီး ပြင်းထန်တဲ့ ကိုယ်ရေးကိုယ်တာတွေရှိနေတယ်ဆိုတာ သိသာလွန်းခဲ့ပါတယ်။





ကမ္ဘာ့ဖလားမတိုင်ခင်တစ်ရက်အလိုမှာအဖိုးဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့အတွက် ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်လို့ ဝေးလ်ကစားသမားလေးက ရင်ဖွင့်သွားပါတယ်။ အသက် ၂၁နှစ်အရွယ်
Wrexham နွယ်ဖွားကြယ်ပွင့်ဟာ အမေရိကန်နဲ့ပွဲမတိုင်ခင်မှာ တစ်နေကုန်ငိုခဲ့ရတယ်လို့ဖွင့်ဟသွားပါတယ်။ အမေရိကန်နဲ့ပွဲအတွက်စိတ်ခံစားချက်ကောင်းမရှိပေမဲ့ ဝီလီယမ်စ်ဟာ
ဝေးလ်အသင်းအတွက်အကောင်းဆုံးကစားပေးခဲ့တာပါ။ ကင်မရာတွေက သူ့ကိုအာရုံစိုက်လာချိန်မှာတော့ ဝေးလ်ကြယ်ပွင့်ဟာဒီအကြောင်းအရာကိုဖွင့်ချဖို့ဆုံးဖြတ်လိုက်ပါတယ်။





ပွဲအပြီးမှာတော့ တွစ်တာကတစ်ဆင့်နီကိုဝီလီယမ်စ်က “မနေ့ကတော့ကြားဖူးသမျှတွေထဲမှာ အပြင်းထန်ဆုံးအနေနဲ့ အဖိုးဆုံးသွားပြီလို့ အဖွားကပြောခဲ့တယ်။ ကမ္ဘာ့ဖလားပွဲစဖို့နီးကပ်နေချိန်မှာ





တစ်ရက်လုံးငိုခဲ့ရတာဟာ အရမ်းကိုခက်ခဲလွန်းပါတယ်။ ကျွန်တော့်ရဲ့မိသားစု၊ အသင်းဖော်တွေရဲ့ပံ့ပိုးမှုတွေနဲ့ဖြတ်သန်းခဲ့ရပါတယ်” လို့ ဝန်ခံခဲ့ပါတယ်။
(Zawgyi)
ကမ္ဘာ့ဖလားပွဲဦးထွက်ကို ကွယ်လွန်သူအဖိုးဆီအပ်နှင်းခဲ့တဲ့ နီကိုဝီလီယမ်စ်














