ကမ္ဘာ့ဖလားပွဲတွေကို အိမ်မှာပဲ ကြည့်ပါတော့ ဟာလန်း

ဘောလုံးလောကရဲ့ လက်ရှိအကောင်းဆုံးကစားသမားတွေထဲမှာ တစ်ဦး

အပါအဝင်ဖြစ်တဲ့ ဟာလန်းကို ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေ

မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ အဝေးကွင်းမှာ နယ်သာလန်ကို ၂-၀ နဲ့

အရေးနိမ့်ခဲ့ပြီးနောက် နော်ဝေဟာ ကမ္ဘာ့ဖလားနဲ့လွဲချော်သွားခဲ့ပြီဖြစ်ပါတယ်။

ဟော်လန်ကို အနိုင်ရမယ်ဆိုရင် ခြေစစ်ပွဲအောင်မြင်ဖို့အတွက် မျှော်လင့်ချက်ရှိမှ

ာဖြစ်ပေမယ့် နောက်ဆုံး ၁၀ မိနစ်အတွင်းမှာ ၂ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး ဘာဝိန်းနဲ့

ဒီပိုင်းတို့က ဟော်လန်အတွက် အနိုင်ဂိုးတွေသွင်းယူကာ ခြေစစ်ပွဲအောင်မြင်စေခဲ့ပါတယ်။
နော်ဝေဟာ ပလေးအော့အဆင့်တောင်

ကစားခွင့်မရရှိတော့ဘဲ သူတို့ရဲ့ မျှော်လင့်ချက်တွေကို စွန့်လွှတ်လိုက်ရပါတယ်။

ညကပွဲစဉ်မှာတော့ ဟာလန်းက ဒဏ်ရာကြောင့် ကစားပေးနိုင်ခဲ့ခြင်းမရှိပါဘူး။
ပြီးခဲ့တဲ့ ၂နှစ်တာကာလအတွင်း ဥရောပရဲ့ ဂိုးသွင်းအများဆုံးကစားသမားတွေစာရင်းမှာ

ပါဝင်ခဲ့တဲ့ ဟာလန်းတစ်ယောက် ကမ္ဘာ့ဖလားကိုတော့ အိမ်ကနေပဲ ကြည့်ရတော့မှာ

လည်းဖြစ်ပါတယ်။လေးနှစ်မှ တစ်ကြိမ်ကျင်းပတဲ့ပြိုင်ပွဲဖြစ်ပြီး လက်ရှိမှာ ဟာလန်း

အသက်က ၂၁ နှစ်ဖြစ်နေတာမို့ ၂၅ နှစ်မှသာ သူ ကမ္ဘာ့ဖလားဝင်ကန်ခွင့်ရမရဆိုတာကို

သိရှိနိုင်မှာလည်းဖြစ်ပါတယ်။

နော်ဝေဟာ နောက်ဆုံးပွဲစဉ်အထိ ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ရှိနေခဲ့ပြီး

နယ်သာလန်၊ တူရကီတို့နဲ့ အပြိုင်အဆိုင်ဖြစ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲကိုလည်း

လွဲချော်ခဲ့ပြီးနောက် ဟာလန်းအတွက်တော့ ပြိုင်ပွဲကြီး ၂ ခုဆက်တိုက် လွဲချော်မှုဖြစ်လာခဲ့ပါတယ်။

Zawgyi

ကမာၻ႔ဖလားပြဲေတြကို အိမ္မွာပဲ ၾကည့္ပါေတာ့ ဟာလန္း

ေဘာလုံးေလာကရဲ႕ လက္ရွိအေကာင္းဆုံးကစားသမားေတြထဲမွာ တစ္ဦး

အပါအဝင္ျဖစ္တဲ့ ဟာလန္းကို ကာတာကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပရိသတ္ေတြ

ျမင္ေတြ႕ရေတာ့မွာမဟုတ္ပါဘူး။ အေဝးကြင္းမွာ နယ္သာလန္ကို ၂-၀ နဲ႔

အေရးနိမ့္ခဲ့ၿပီးေနာက္ ေနာ္ေဝဟာ ကမာၻ႔ဖလားနဲ႔လြဲေခ်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

ေဟာ္လန္ကို အႏိုင္ရမယ္ဆိုရင္ ေျခစစ္ပြဲေအာင္ျမင္ဖို႔အတြက္ ေမွ်ာ္လင့္ခ်က္ရွိမွ

ာျဖစ္ေပမယ့္ ေနာက္ဆုံး ၁၀ မိနစ္အတြင္းမွာ ၂ ဂိုးအထိ ခြင့္ျပဳခဲ့ရၿပီး ဘာဝိန္းနဲ႔

ဒီပိုင္းတို႔က ေဟာ္လန္အတြက္ အႏိုင္ဂိုးေတြသြင္းယူကာ ေျခစစ္ပြဲေအာင္ျမင္ေစခဲ့ပါတယ္။
ေနာ္ေဝဟာ ပေလးေအာ့အဆင့္ေတာင္
ကစားခြင့္မရရွိေတာ့ဘဲ သူတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို စြန႔္လႊတ္လိုက္ရပါတယ္။

ညကပြဲစဥ္မွာေတာ့ ဟာလန္းက ဒဏ္ရာေၾကာင့္ ကစားေပးႏိုင္ခဲ့ျခင္းမရွိပါဘူး။
ၿပီးခဲ့တဲ့ ၂ႏွစ္တာကာလအတြင္း ဥေရာပရဲ႕ ဂိုးသြင္းအမ်ားဆုံးကစားသမားေတြစာရင္းမွာ

ပါဝင္ခဲ့တဲ့ ဟာလန္းတစ္ေယာက္ ကမာၻ႔ဖလားကိုေတာ့ အိမ္ကေနပဲ ၾကည့္ရေတာ့မွာ

လည္းျဖစ္ပါတယ္။ေလးႏွစ္မွ တစ္ႀကိမ္က်င္းပတဲ့ၿပိဳင္ပြဲျဖစ္ၿပီး လက္ရွိမွာ ဟာလန္း

အသက္က ၂၁ ႏွစ္ျဖစ္ေနတာမို႔ ၂၅ ႏွစ္မွသာ သူ ကမာၻ႔ဖလားဝင္ကန္ခြင့္ရမရဆိုတာကို

သိရွိႏိုင္မွာလည္းျဖစ္ပါတယ္။

ေနာ္ေဝဟာ ေနာက္ဆုံးပြဲစဥ္အထိ ေျခစစ္ပြဲေအာင္ျမင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနခဲ့ၿပီး

နယ္သာလန္၊ တူရကီတို႔နဲ႔ အၿပိဳင္အဆိုင္ျဖစ္ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲကိုလည္း

လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဟာလန္းအတြက္ေတာ့ ၿပိဳင္ပြဲႀကီး ၂ ခုဆက္တိုက္ လြဲေခ်ာ္မႈျဖစ္လာခဲ့ပါတယ္။