ကမ္ဘာ့ဖလားပြီးရင် ပရီးမီးယားလိဂ်မှာ ပေါက်ကွဲပြမယ်ဆိုတဲ့ ကလော့ပ်

လက်ရှိအချိန်မှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီး တစ်သင်းအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးတဲ့အခါ

ဒေါင်ဒေါင်မြည်နေတဲ့ ကြိုးကြာနီကို မြင်တွေ့ရစေမယ်လို့ နည်း ပြ ဂျာဂင်ကလော့ပ်က ကြုံးဝါးလိုက်ပါတယ်။ လီဗာပူးအသင်းရဲ့ အပြင်းစား ပေါက်ကွဲသံစဉ်တွေဟာ

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိုးပွဲစင်မြင့်ထက်ကို ရောက် လာတော့မှာဖြစ်ပြီး သံထည်လိုမာကျောခိုင်မာတဲ့ လီဗာပူးကို ပြိုင်ဘက်အ သင်းတွေ နဖူးတွေ့ ဒူးတွေ့ ကြုံရမှာ

ဖြစ်တယ်လို့ ကလော့ပ်က ပြောဆို လိုက်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ခရစ္စမတ်ကာလမှာ ဒီထက်ပိုပြီး တောင့်တင်းတဲ့ ချန်ပီယံလောင်း လီဗာပူးအသင်းလိုမျိုး

ဖြစ်လာနိုင်ဖို့ အလား အလာရှိရဲ့လားဆိုတဲ့ မေးခွန်းအပေါ်မှာ ကလော့ပ်က ယုံကြည်ချက်ပြင်းပြင်း နဲ့ကို အခုလိုမျိုး ဖြေဆိုခဲ့တာဖြစ်ပါတယ်။ ‘’ဒီလိုဆိုတော့ ဒါပေါ့ဗျာ။

ကျွန်တော်တို့ ကွဲပြားခြားနား နေပါလိမ့်မယ်။ ကျွန်တော်တို့ လေ့ကျင့်မှုတွေ လုပ် မယ်။ ကစားသမားတွေ ပြန်လာနိုင်ကြလိမ့်မယ်။ ဒါပေမဲ့ ဒါကတော့ ကမ္ဘာ့ ဖလားပြိုင်ပွဲကနေပြီး

ကစားသမားတွေ ဘယ်လိုအခြေအနေမျိုးနဲ့ ပြန်လာ တယ်ဆိုတဲ့ အပေါ်မှာလည်း မူတည်နေပါတယ်။ အဲဒီအတွက်တော့ ကျွန်တော် ဘာမှပြောစရာ မရှိပါဘူး။ ကမ္ဘာ့ဖလားကနေပြီး

သူတို့အားလုံး ဒဏ်ရာ ကင်းကင်းနဲ့ ပြန်လာမယ်ဆိုရင်၊ သူတို့ အားလုံး စောစောစီးစီး ထွက်ခဲ့ရပြီး နားရက်ရမယ်ဆိုရင်၊ နောက်ပြီး သုံးပတ်ခွဲလောက် သူတို့အားလုံး ကျွန်တော်တို့နဲ့

လေ့ကျင့်ခွင့်ရမယ်ဆိုရင် တကယ့်ကို အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်မှာလား မဖြစ်ဘူးလားဆိုတဲ့ကိစ္စတွေကတော့ အများကြီး ရှိနေ ဆဲပါဗျာ’’ လို့ ကလော့ပ်က

Mirror သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဆာလက်ရှ်၊ သီယာဂို၊ ရောဘတ်ဆန်နဲ့ လူးဝစ်ဒိုင်ယက်ဇ်တို့ဟာ

အကြောင်းအမျိုးမျိုးကြောင့် လက်ရွေး စင်အသင်းတွေကို သွားရောက်စရာ မလိုတဲ့အတွက် လီဗာပူးနဲ့အတူ နားရက်တွေ အများကြီးရနေပြီး ဒီဇင်ဘာ ပွဲကျပ်ကာလအတွက်

အဆင်သင့် အနေ အထား ရှိနေမယ့် ကစားသမားတွေ ဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားၿပီးရင္ ပရီးမီးယားလိဂ္မွာ ေပါက္ကြဲျပမယ္ဆိုတဲ့ ကေလာ့ပ္

လက္ရွိအခ်ိန္မွာ လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းႀကီး တစ္သင္းအျဖစ္ ျပန္လည္ရပ္တည္ႏိုင္ဖို႔ ႐ုန္းကန္ေနရေပမဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးဆုံးတဲ့အခါ

ေဒါင္ေဒါင္ျမည္ေနတဲ့ ႀကိဳးၾကာနီကို ျမင္ေတြ႕ရေစမယ္လို႔ နည္း ျပ ဂ်ာဂင္ကေလာ့ပ္က ႀကဳံးဝါးလိုက္ပါတယ္။ လီဗာပူးအသင္းရဲ႕ အျပင္းစား ေပါက္ကြဲသံစဥ္ေတြဟာ

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရႈိးပြဲစင္ျမင့္ထက္ကို ေရာက္ လာေတာ့မွာျဖစ္ၿပီး သံထည္လိုမာေက်ာခိုင္မာတဲ့ လီဗာပူးကို ၿပိဳင္ဘက္အ သင္းေတြ နဖူးေတြ႕ ဒူးေတြ႕ ႀကဳံရမွာ

ျဖစ္တယ္လို႔ ကေလာ့ပ္က ေျပာဆို လိုက္ပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး ခရစၥမတ္ကာလမွာ ဒီထက္ပိုၿပီး ေတာင့္တင္းတဲ့ ခ်န္ပီယံေလာင္း လီဗာပူးအသင္းလိုမ်ိဳး ျဖစ္လာႏိုင္ဖို႔

အလား အလာရွိရဲ႕လားဆိုတဲ့ ေမးခြန္းအေပၚမွာ ကေလာ့ပ္က ယုံၾကည္ခ်က္ျပင္းျပင္း နဲ႔ကို အခုလိုမ်ိဳး ေျဖဆိုခဲ့တာျဖစ္ပါတယ္။ ‘’ဒီလိုဆိုေတာ့ ဒါေပါ့ဗ်ာ။

ကြၽန္ ေတာ္တို႔ ကြဲျပားျခားနား ေနပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ေလ့က်င့္မႈေတြ လုပ္ မယ္။ ကစားသမားေတြ ျပန္လာႏိုင္ၾကလိမ့္မယ္။ ဒါေပမဲ့ ဒါကေတာ့

ကမာၻ႔ ဖလားၿပိဳင္ပြဲကေနၿပီး ကစားသမားေတြ ဘယ္လိုအေျခအေနမ်ိဳးနဲ႔ ျပန္လာ တယ္ဆိုတဲ့ အေပၚမွာလည္း မူတည္ေနပါတယ္။ အဲဒီအတြက္ေတာ့ ကြၽန္ ေတာ္

ဘာမွ ေျပာစရာ မရွိပါဘူး။ ကမာၻ႔ဖလားကေနၿပီး သူတို႔အားလုံး ဒဏ္ရာ ကင္းကင္းနဲ႔ ျပန္လာမယ္ဆိုရင္၊ သူတို႔ အားလုံး ေစာေစာစီးစီး ထြက္ခဲ့ရၿပီး နားရက္ရမယ္ဆိုရင္၊

ေနာက္ၿပီး သုံးပတ္ခြဲေလာက္ သူတို႔အားလုံး ကြၽန္ေတာ္ တို႔နဲ႔ ေလ့က်င့္ခြင့္ရမယ္ဆိုရင္ တကယ့္ကို အေကာင္းဆုံး ျဖစ္လာပါလိမ့္မယ္။ ဒါေပမဲ့ ျဖစ္မွာလား

မျဖစ္ဘူးလားဆိုတဲ့ကိစၥေတြကေတာ့ အမ်ားႀကီး ရွိေန ဆဲပါဗ်ာ’’ လို႔ ကေလာ့ပ္က Mirror သတင္းဌာနကို ေျပာဆိုသြားခဲ့ပါတယ္။ လီဗာပူးရဲ႕ အဓိက

ကစားသမားေတြျဖစ္ၾကတဲ့ ဆာလက္ရွ္၊ သီယာဂို၊ ေရာ ဘတ္ဆန္နဲ႔ လူးဝစ္ဒိုင္ယက္ဇ္တို႔ဟာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လက္ေ႐ြး စင္အသင္းေတြကို သြားေရာက္စရာ

မလိုတဲ့အတြက္ လီဗာပူးနဲ႔အတူ နားရက္ ေတြ အမ်ားႀကီးရေနၿပီး ဒီဇင္ဘာ ပြဲက်ပ္ကာလအတြက္ အဆင္သင့္ အေန အထား ရွိေနမယ့္ ကစားသမားေတြ ျဖစ္ပါတယ္။