ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဆင်နယ်နည်းပြအဖြစ် ဘရာဇီးနည်းပြတီတေး တာဝန်ယူဖွယ်ရှိဟုဆို

သတင်းတွေရဲ့ဖော်ပြချက်အရ ဘရာဇီးအသင်းနည်းပြ တီတေးဟာ

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အာဆင်နယ်အသင်းနည်းပြအဖြစ်
ပြောင်းလဲတာဝန်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။
တီတေးဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ
ဘရာဇီးအသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပြီး Globo သတင်းဌာနမှ
ဂျာနယ်လစ် အဲရစ်ဖာရီယာရဲ့သတင်းပေးပို့ချက်အရ

အာဆင်နယ်အသင်းကို တာဝန်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ESPN သတင်းဌာနကလည်း အာဆင်နယ်အသင်းနည်းစနစ်ဒါရိုက်တာ
အီဒူးနဲ့ တီတေးတို့ကြား ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး
သူတို့နှစ်ယောက်ဟာ ဘရာဇီးအသင်းနဲ့ ကိုရင်သီယန်အသင်းတွေမှာ
အလုပ် အတူတူလက်တွဲလုပ်ခဲ့ဖူးတယ်လို့ ဖော်ပြပါတယ်။

”အင်္ဂလိပ်ဘောလုံးလောကမှာ တီတေး အလုပ်လုပ်ဖို့
ဆွေးနွေးမှုတွေ ပြုလုပ်နေပါပြီ။
အာဆင်နယ်မှာ အလုပ်လုပ်ဖို့ပေါ့။ သူက အီဒူးနဲ့လည်း
အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဆွေးနွေးမှုတွေ စတင်နေပါပြီ”လို့
ဖာရီယာက ပြောပါတယ်။

တီတေးဟာ ၂၀၁၆ ခုနှစ်ကတည်းက ဘရာဇီးအသင်းကို
တာဝန်ယူလာတာဖြစ်ပြီး ၂၀၁၉ ခုနှစ်က
ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့သလို
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်ရောက်ခဲ့ပါတယ်။
တီတေးဟာ ကိုရင်သီယန်နဲ့ အင်တာနေစီယွန်နယ်အသင်းတွေအပါအဝင်

နည်းပြအတွေ့အကြုံရင့်ကျက်ပေမယ့် ဥရောပမှာ
တစ်ခါမှ မလုပ်ကိုင်ဖူးသေးဘဲ အာရှမှာ
အယ်လ်အိန်း၊ အယ်လ်ဝါဒါအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။
တကယ်လို့ တီတေးသာ အာဆင်နယ်အသင်းကို ကိုင်တွယ်ဖြစ်ရင်
တကယ့်ကို အံ့အားသင့်စရာဖြစ်လာမှာဖြစ်ပြီး လက်ရှိအချိန်မှာ

အာဆင်နယ်အသင်း ရလဒ်ကောင်းတွေ ပိုင်ဆိုင်ထားမှုနဲ့အတူ
နည်းပြ အာတီတာလည်း ချီးကျူးခံနေရတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီအစမှာ အဖွင့် ၃ပွဲဆက်
ရှုံးနိမ့်မှုနဲ့အတူ တန်းဆင်းဇုန်ထဲ ရောက်ခဲ့ရပေမယ့်
လက်ရှိအချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရ နောက်ဆုံးနေရာဖြစ်တဲ့

စတုတ္ထနေရာမှာ ရပ်တည်နေပါတယ်။
အာတီတာဟာ အာဆင်နယ်အသင်းနဲ့ ၂၀၂၃ အထိ
စာချုပ်ချုပ်ဆိုထားပြီး လက်ရှိရလဒ်ကောင်းတွေကြောင့်
အသင်းက သူ့ကို စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဟာ လိဂ်နောက်ဆုံး ၇ပွဲမှာ ၆ပွဲအထိ

အနိုင်ရခဲ့ပြီး ကျန်ပွဲကလည်း ချန်ပီယံဆု
စိန်ခေါ်နေတဲ့ လီဗာပူးကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့တာပါ။

Zawgyi

ကမၻာ့ဖလားၿပိဳင္ပြဲအၿပီးမွာ အာဆင္နယ္နည္းျပအျဖစ္ ဘရာဇီးနည္းျပတီေတး တာ၀န္ယူဖြယ္ရွိဟုဆို
သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ဘရာဇီးအသင္းနည္းျပ တီေတးဟာ
၂၀၂၂ ကမၻာ့ဖလားၿပိဳင္ပဲြအၿပီးမွာ အာဆင္နယ္အသင္းနည္းျပအျဖစ္
ေျပာင္းလဲတာ၀န္ယူဖြယ္ရွိေနေၾကာင္း သိရပါတယ္။
တီေတးဟာ ကာတာကမၻာ့ဖလားၿပိဳင္ပဲြအၿပီးမွာ

ဘရာဇီးအသင္းနဲ႔ လမ္းခြဲဖြယ္ရွိေနၿပီး Globo သတင္းဌာနမွ
ဂ်ာနယ္လစ္ အဲရစ္ဖာရီယာရဲ႕သတင္းေပးပို႔ခ်က္အရ
အာဆင္နယ္အသင္းကို တာ၀န္ယူဖြယ္ရွိေနတယ္လုိ႔ သိရပါတယ္။
ESPN သတင္းဌာနကလည္း အာဆင္နယ္အသင္းနည္းစနစ္ဒါရိုက္တာ
အီဒူးနဲ႔ တီေတးတုိ႔ၾကား ရင္းႏွီးတဲ့ဆက္ဆံေရးရွိၿပီး

သူတို႔ႏွစ္ေယာက္ဟာ ဘရာဇီးအသင္းနဲ႔ ကိုရင္သီယန္အသင္းေတြမွာ
အလုပ္ အတူတူလက္တြဲလုပ္ခဲ့ဖူးတယ္လုိ႔ ေဖာ္ျပပါတယ္။
”အဂၤလိပ္ေဘာလုံးေလာကမွာ တီေတး အလုပ္လုပ္ဖို႔
ေဆြးေႏြးမႈေတြ ျပဳလုပ္ေနပါၿပီ။
အာဆင္နယ္မွာ အလုပ္လုပ္ဖို႔ေပါ့။ သူက အီဒူးနဲ႔လည္း

အလုပ္လုပ္ခဲ့ဖူးပါတယ္။ ေဆြးေႏြးမႈေတြ စတင္ေနပါၿပီ”လုိ႔
ဖာရီယာက ေျပာပါတယ္။
တီေတးဟာ ၂၀၁၆ ခုႏွစ္ကတည္းက ဘရာဇီးအသင္းကို
တာ၀န္ယူလာတာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္က
ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့သလုိ

၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပဲြမွာလည္း ကြာတားဖုိင္နယ္ေရာက္ခဲ့ပါတယ္။
တီေတးဟာ ကိုရင္သီယန္နဲ႔ အင္တာေနစီယြန္နယ္အသင္းေတြအပါအ၀င္
နည္းျပအေတြ႕အႀကံဳရင့္က်က္ေပမယ့္ ဥေရာပမွာ
တစ္ခါမွ မလုပ္ကိုင္ဖူးေသးဘဲ အာရွမွာ
အယ္လ္အိန္း၊ အယ္လ္၀ါဒါအသင္းေတြကို ကိုင္တြယ္ခဲ့ဖူးပါတယ္။

တကယ္လုိ႔ တီေတးသာ အာဆင္နယ္အသင္းကို ကုိင္တြယ္ျဖစ္ရင္
တကယ့္ကို အံ့အားသင့္စရာျဖစ္လာမွာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ
အာဆင္နယ္အသင္း ရလဒ္ေကာင္းေတြ ပိုင္ဆုိင္ထားမႈနဲ႔အတူ
နည္းျပ အာတီတာလည္း ခ်ီးက်ဴးခံေနရတာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ယခုရာသီအစမွာ အဖြင့္ ၃ပြဲဆက္

႐ံႈးနိမ့္မႈနဲ႔အတူ တန္းဆင္းဇုန္ထဲ ေရာက္ခဲ့ရေပမယ့္
လက္ရွိအခ်ိန္မွာ ခ်န္ပီယံလိဂ္၀င္ခြင့္ရ ေနာက္ဆုံးေနရာျဖစ္တဲ့
စတုတၳေနရာမွာ ရပ္တည္ေနပါတယ္။
အာတီတာဟာ အာဆင္နယ္အသင္းနဲ႔ ၂၀၂၃ အထိ
စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး လက္ရွိရလဒ္ေကာင္းေတြေၾကာင့္

အသင္းက သူ႕ကို စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖြယ္ရွိေနပါတယ္။
အာဆင္နယ္ဟာ လိဂ္ေနာက္ဆုံး ၇ပြဲမွာ ၆ပြဲအထိ
အႏိုင္ရခဲ့ၿပီး က်န္ပြဲကလည္း ခ်န္ပီယံဆု
စိန္ေခၚေနတဲ့ လီဗာပူးကို အိမ္ကြင္းမွာ အေရးနိမ့္ခဲ့တာပါ။