ကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေထဲမှာ အင်္ဂလန်ကစားသမားအစုအဖွဲ့က တန်ကြေးအမြင့်ဆုံးအဖြစ်ရပ်တည်နေ

အင်္ဂလန်အသင်းရဲ့လူစာရင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲဝင်တွေထဲမှာ တန်ဖိုးအမြင့်ဆုံးဖြစ်နေတယ်လို့ sportbible ကဖော်ပြခဲ့ပါတယ်။

ဆောက်ဂိတ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ကာတာနိုင်ငံကိုသွားရောက်ခဲ့ပြီး အီရန်နဲ့အုပ်စုအဖွင့်ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဆောက်ဂိတ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲမှာ

စွမ်းဆောင်ရည်ကောင်းခဲ့သလို ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ချန်ပီယံပြန်ဖြစ်ဖို့အတွက်အပြင်းအထန်ကြိုးစားသွားဖို့ရှိနေပါတယ်။ ကစားသမားအပြောင်းရွှေ့တွေကို

တန်ဖိုးသတ်မှတ်ထားတဲ့ Transfermarkt ရဲ့တွက်ဆမှုအရတော့ လက်ရှိနိုင်ငံလက်ရွေးစင်အသင်းတွေထဲမှာ အင်္ဂလန်အသင်းလူစာရင်းက တန်ဖိုးအမြင့်ဆုံးလို့သိရပါတယ်။ အင်္ဂလန်လူစာရင်းရဲ့တန်ဖိုးက

ယူရို ၁.၂၆ ဘီလီယံအထိရှိနေပြီး ပြိုင်ပွဲဝင်အသင်းတွေထဲမှာ ယူရို ၁ ဘီလီယံကျော်တာဆိုလို့ ဘရာဇီးနဲ့ ပြင်သစ်သာရှိခဲ့ပါတယ်။ အင်္ဂလန်ကစားသမားနှစ်ယောက်ဖြစ်တဲ့

ဂျူဒီဘယ်လင်ဂမ်နဲ့ ဖီးလ်ဖိုဒန်တို့ရဲ့ တန်ကြေးဟာ ယူရိုသန်း ၁၀၀ ဝန်းကျင်မှာရှိနေပြီး တတိယကြေး အမြင့်ဆုံးဖြစ်တဲ့ ဟယ်ရီကိန်းရဲ့ တန်ဖိုးက ယူရိုသန်း ၉၀ အထိရှိနေတာဖြစ်တယ်။

ဂိုးသမား ၃ ယောက်ထဲမှာတော့ အာဆင်နယ်ရဲ့ ရမ့်စ်ဒေးက တန်ကြေးအမြင့်ဆုံး (ယူရိုသန်း ၃၀)ဖြစ်နေပြီး နောက်ခံလူတွေထဲမှာတော့ လီဗာပူးရဲ့ အာနိုးက ယူရိုသန်း ၇၀နဲ့ အမြင့်ဆုံးဖြစ်နေပါတယ်။

ကွင်းလယ်မှာတော့ ဒေါ့တ်မန်ရဲ့ ဘယ်လင်ဂမ်က ယူရိုသန်း ၁၁၀နဲ့အမြင့်ဆုံးဖြစ်နေပြီး တိုက်စစ်ကစားသမားတွေထဲမှာတော့ ဟယ်ရီကိန်းနဲ့ ဆာကာတို့က

ယူရိုသန်း ၉၀နဲ့ အသီးသီးရပ်တည်နေကြတာဖြစ်တယ်။ လက်ရှိအင်္ဂလန်အစုအဖွဲ့ထဲမှာ တန်ကြေးအနိမ့်ဆုံးကစားသမားကတော့

နယူးကာဆယ်နောက်ခံလူထရစ်ပီယာဖြစ်နေပြီး ယူရို ၁၃သန်း တန်ကြေးရှိနေတာဖြစ်တယ်။

(Zawgyi)

ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြထဲမွာ အဂၤလန္ကစားသမားအစုအဖြဲ႕က တန္ေၾကးအျမင့္ဆုံးအျဖစ္ရပ္တည္ေန

အဂၤလန္အသင္းရဲ႕လူစာရင္းဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲဝင္ေတြထဲမွာ တန္ဖိုးအျမင့္ဆုံးျဖစ္ေနတယ္လို႔ sportbible ကေဖာ္ျပခဲ့ပါတယ္။

ေဆာက္ဂိတ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့အဂၤါေန႔မွာ ကာတာႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး အီရန္နဲ႔အုပ္စုအဖြင့္ပြဲကစားဖို႔အဆင္သင့္ျဖစ္ေနပါတယ္။ ေဆာက္ဂိတ္ရဲ႕အသင္းဟာ

ၿပီးခဲ့တဲ့ယူ႐ိုၿပိဳင္ပြဲမွာစြမ္းေဆာင္ရည္ေကာင္းခဲ့သလို ၁၉၆၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ကမာၻ႔ခ်န္ပီယံျပန္ျဖစ္ဖို႔အတြက္အျပင္းအထန္ႀကိဳးစားသြားဖို႔ရွိေနပါတယ္။

ကစားသမားအေျပာင္းေ႐ႊ႕ေတြကို တန္ဖိုးသတ္မွတ္ထားတဲ့ Transfermarkt ရဲ႕တြက္ဆမႈအရေတာ့ လက္ရွိႏိုင္ငံလက္ေ႐ြးစင္အသင္းေတြထဲမွာ အဂၤလန္အသင္းလူစာရင္းကတန္ဖိုးအျမင့္ဆုံးလို႔သိရပါတယ္။

အဂၤလန္လူစာရင္းရဲ႕တန္ဖိုးက ယူ႐ို ၁.၂၆ ဘီလီယံအထိရွိေနၿပီး ၿပိဳင္ပြဲဝင္အသင္းေတြထဲမွာ ယူ႐ို ၁ ဘီလီယံေက်ာ္တာဆိုလို႔ ဘရာဇီးနဲ႔ ျပင္သစ္သာရွိခဲ့ပါတယ္။

အဂၤလန္ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ဂ်ဴဒီဘယ္လင္ဂမ္နဲ႔ ဖီးလ္ဖိုဒန္တို႔ရဲ႕ တန္ေၾကးဟာ ယူ႐ိုသန္း ၁၀၀ ဝန္းက်င္မွာရွိေနၿပီး တတိယေၾကးအျမင့္ဆုံးျဖစ္တဲ့ ဟယ္ရီကိန္းရဲ႕ တန္ဖိုးက

ယူ႐ိုသန္း ၉၀ အထိရွိေနတာျဖစ္တယ္။ ဂိုးသမား ၃ ေယာက္ထဲမွာေတာ့ အာဆင္နယ္ရဲ႕ ရမ့္စ္ေဒးက တန္ေၾကးအျမင့္ဆုံး(ယူ႐ိုသန္း ၃၀)ျဖစ္ေနၿပီး ေနာက္ခံလူေတြထဲမွာေတာ့

လီဗာပူးရဲ႕အာႏိုးက ယူ႐ိုသန္း ၇၀နဲ႔ အျမင့္ဆုံးျဖစ္ေနပါတယ္။ ကြင္းလယ္မွာေတာ့ ေဒါ့တ္မန္ရဲ႕ ဘယ္လင္ဂမ္က ယူ႐ိုသန္း ၁၁၀နဲ႔အျမင့္ဆုံးျဖစ္ေနၿပီး တိုက္စစ္ကစားသမားေတြထဲမွာေတာ့

ဟယ္ရီကိန္းနဲ႔ ဆာကာတို႔က ယူ႐ိုသန္း ၉၀နဲ႔ အသီးသီးရပ္တည္ေနၾကတာျဖစ္တယ္။ လက္ရွိအဂၤလန္အစုအဖြဲ႕ထဲမွာ တန္ေၾကးအနိမ့္ဆုံးကစားသမားကေတာ့

နယူးကာဆယ္ေနာက္ခံလူထရစ္ပီယာျဖစ္ေနၿပီး ယူ႐ို ၁၃သန္း တန္ေၾကးရွိေနတာျဖစ္တယ္။