ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေချိန်အကိုက်လွန်ကြမယ့်သူတွေအတွက် နေရာ သီးသန့် ရှိနေမယ်

ကာတာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို သူတို့လို ပင်လယ်ကွေ့နိုင်ငံလေး တစ်ခုအနေနဲ့လည်း ခမ်းခမ်းနားနား အောင်အောင်မြင်မြင် လက်ခံကျင်းပနိုင် တယ်ဆိုတာကို ပြချင်နေတာကြောင့် ဘက်ပေါင်းစုံကနေ ပြီးပြည့်စုံအောင် စီမံဆောင်ရွက်နေတာကိုတော့ အသိအမှတ်ပြုရမှာပါ။

ပြိုင်ပွဲလက်ခံကျင်းပ ရေးကော်မတီ တာဝန်ရှိသူတွေဟာ နိုင်ငံတကာကနေပြီး လာရောက်ကြမယ့် ပရိသတ်ပေါင်းစုံအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် လစ်ဟင်းမှုမရှိအောင် စီမံနိုင်ဖို့ ကြိုးစားနေကြတာလည်း အားလုံးအသိပါ။

အခုလည်း ကာတာနိုင်ငံ က တာဝန်ရှိသူတွေလုပ်ချလိုက်ပုံကတော့ ထောင့်စေ့တယ်ပဲ ပြောရမလားတော့ မသိပါဘူး။

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ သေရည်သေရက်ကို အလွန်အကျွံသောက်သုံးပြီး အော့အန်ကြမယ့် ပရိသတ်တွေအတွက် သီးသန့် နေရာတွေ စီစဉ်ပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ လာကြည့်ကြရင်းနဲ့ စည်းလွတ်ဝါးလွတ် ပျော်ကြမယ့် ပရိသတ်တွေရဲ့ လုပ်ရပ်တွေဟာ အများပြည်သူကို မထိခိုက်အောင်ရည်ရွယ်တဲ့ သဘောမျိုးနဲ့ အခုလို မျိုး စီမံဆောင်ရွက်တာဖြစ်တယ်လို့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌနက်ဆာအယ်လ်ခါတာက ဆိုပါတယ်။ ‘’သေရည်သေရက် တွေ အလွန်အကျွံသောက်ပြီး အန်ကြမယ့် လူတွေအတွက် သီးသန့် နေရာ အစီအစဉ်တွေ ရှိပါတယ်။

သူတို့ကို ဘေးအန္တရာယ်ကင်းကင်းနဲ့ လုံလုံခြုံခြုံ ဖြစ်စေမယ့် နေရာမျိုးပေါ့။ တခြားသူတွေကိုလည်း မထိခိုက်စေဘူးပေါ့’’ လို့ အယ်လ်ခါတာက ပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပတဲ့အခါ သောက်စားမူးယစ်တတ်တဲ့ ပရိသတ်မျိုးတွေအတွက်လည်း သီးသန့်စုရပ်တွေ စီစဉ်ပေးထားမှာဖြစ်ပြီး အဲဒီနေရာမှာ စိတ်ကြိုက် သောက်သုံးခွင့်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမဲ့ ယမကာမျိုးစုံကိုတော့ ဘောလုံးကွင်းအ တွင်းမှာ ရောင်းချပေးသွားမှာ မဟုတ်ဘဲ ဘောလုံးကွင်းပြင်ပက သတ်မှတ် ထားတဲ့ နေရာတွေမှာသာ ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အစ္စလာမ်ဓလေ့ထုံးတမ်းစဉ်လာကို အလေးအမြတ်ထားတဲ့ ကာတာနိုင်ငံဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေ၊ လူမြင်ကွင်းတွေမှာ သေရည်သေရက် သောက်ဆုံးတာကို တရားဝင် တားမြစ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေရခ်ိန္အကိုက္လြန္ၾကမယ့္သူေတြအတြက္ ေနရာ သီးသန႔္ ရွိေနမယ္

ကာတာဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးကို သူတို႔လို ပင္လယ္ေကြ႕ႏိုင္ငံေလး တစ္ခု အေနနဲ႔လည္း ခမ္းခမ္းနားနား ေအာင္ေအာင္ျမင္ျမင္ လက္ခံက်င္းပႏိုင္ တယ္ဆိုတာကို ျပခ်င္ေနတာေၾကာင့္ ဘက္ေပါင္းစုံကေန ၿပီးျပည့္စုံေအာင္ စီမံေဆာင္႐ြက္ေနတာကိုေတာ့ အသိအမွတ္ျပဳရမွာပါ။

ၿပိဳင္ပြဲလက္ခံက်င္းပ ေရးေကာ္မတီ တာဝန္ရွိသူေတြဟာ ႏိုင္ငံတကာကေနၿပီး လာေရာက္ၾကမယ့္ ပရိသတ္ေပါင္းစုံအတြက္ သက္ဆိုင္ရာက႑အလိုက္ လစ္ဟင္းမႈမရွိေအာင္ စီမံႏိုင္ဖို႔ ႀကိဳးစားေနၾကတာလည္း အားလုံးအသိပါ။ အခုလည္း ကာတာႏိုင္ငံ က တာဝန္ရွိသူေတြလုပ္ခ်လိုက္ပုံကေတာ့ ေထာင့္ေစ့တယ္ပဲ ေျပာရမလား ေတာ့ မသိပါဘူး။

လာမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ ေသရည္ေသရက္ကို အလြန္အကြၽံေသာက္သုံးၿပီး ေအာ့အန္ၾကမယ့္ ပရိသတ္ေတြအတြက္ သီးသန႔္ ေနရာေတြ စီစဥ္ေပးထားမွာျဖစ္တယ္လို႔ သိရပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲ လာၾကည့္ၾကရင္းနဲ႔ စည္းလြတ္ဝါးလြတ္ ေပ်ာ္ၾကမယ့္ ပရိသတ္ေတြရဲ႕ လုပ္ရပ္ ေတြဟာ အမ်ားျပည္သူကို မထိခိုက္ေအာင္ရည္႐ြယ္တဲ့ သေဘာမ်ိဳးနဲ႔ အခုလို မ်ိဳး စီမံေဆာင္႐ြက္တာျဖစ္တယ္လို႔ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲက်င္းပေရး ေကာ္မတီ ဥကၠ႒နက္ဆာအယ္လ္ခါတာက ဆိုပါတယ္။

‘’ေသရည္ေသရက္ ေတြ အလြန္အကြၽံေသာက္ၿပီး အန္ၾကမယ့္ လူေတြအတြက္ သီးသန႔္ ေနရာ အစီအစဥ္ေတြ ရွိပါတယ္။ သူတို႔ကို ေဘးအႏၲရာယ္ကင္းကင္းနဲ႔ လုံလုံၿခဳံၿခဳံ ျဖစ္ေစမယ့္ ေနရာမ်ိဳးေပါ့။ တျခားသူေတြကိုလည္း မထိခိုက္ေစဘူးေပါ့’’ လို႔ အယ္လ္ခါတာက ေျပာဆိုခဲ့ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲကို က်င္းပတဲ့အခါ ေသာက္စားမူးယစ္တတ္တဲ့ ပရိသတ္မ်ိဳးေတြအတြက္လည္း သီးသန႔္ စုရပ္ ေတြ စီစဥ္ေပးထားမွာျဖစ္ၿပီး အဲဒီေနရာမွာ စိတ္ႀကိဳက္ ေသာက္သုံးခြင့္ရွိမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ ယမကာမ်ိဳးစုံကိုေတာ့ ေဘာလုံးကြင္းအ တြင္းမွာ ေရာင္းခ်ေပးသြားမွာ မဟုတ္ဘဲ ေဘာလုံးကြင္းျပင္ပက သတ္မွတ္ ထားတဲ့ ေနရာေတြမွာသာ ေရာင္းခ်ေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ အစၥလာမ္ဓေလ့ထုံးတမ္းစဥ္လာကို အေလးအျမတ္ထားတဲ့ ကာတာႏိုင္ငံဟာ အမ်ားျပည္သူနဲ႔ သက္ဆိုင္တဲ့ ေနရာေတြ၊ လူျမင္ကြင္းေတြမွာ ေသရည္ ေသရက္ ေသာက္ဆုံးတာကို တရားဝင္ တားျမစ္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။