
အင်္ဂလန်လက်ရွေးစင်ဟောင်းများဖြစ်ကြတဲ့
ဂယ်ရီနဗီးလ်နှင့်မီကာရစ်ချက်တို့ကအင်္ဂလန်အသင်းမှာ
ကာတာတွင်ကျင်းပမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲတွင်
ချန်ပီယံဖြစ်ရန်အခွင့်အရေးမရှိကြောင်းပြောကြားလာပါတယ်။
ဂယ်ရီနဗီးလ်နှင့်မီကာရစ်ချက်တို့ဟာ Sky Bet နှင့်
ပူးပေါင်းကာ Agree To Disagree အစီအစဉ်ကို
တင်ဆင်ခဲ့တာဖြစ်ပြီးယင်းတွင်အင်္ဂလန်အသင်းရဲ့
ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခွင့်နှင့်ပတ်သက်ပြီးဆွေးနွေးခဲ့ကြပါတယ်။
ဂယ်ရီနဗီးလ်က “ကျွန်တော်ကတော့သဘောမတူဘူး။
ဖြစ်နိုင်မယ်မထင်ဘူး။သူတို့ဟာအရင်တုန်းထက်
အများကြီးနီးစပ်လာတယ်ပါတယ်။
အရမ်းကောင်းနေတယ်။ပြီးခဲ့တဲ့ပြိုင်ပွဲနှစ်ခုမှာ
အကောင်းဆုံးလုပ်နိုင်ခဲ့ကြတယ်။
ဖြစ်လာဖို့တော့မျှော်လင့်ပါတယ်။
ဒါပေမဲ့ကျွန်တော်တို့အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်ရပါမယ်။
သူတို့ဟာထိုက်တယ်တန်၊ဆောက်ဂိတ်လည်း
ထိုက်တန်တယ်လို့ထင်တယ်”လို့ပြောကြားသွားပါတယ်။
မီကာရစ်ချက်က “သူတို့ဟာကမ္ဘာ့ဖလားမှာ
ဆီမီးဖိုင်နယ်သို့တက်ခဲ့တယ်။ယူရိုမှာဗိုလ်လုပွဲတက်ခဲ့တယ်။
ဒီတစ်ကြိမ်ဘာဖြစ်လာမလဲ”လို့ မေးမြန်းသွားပါတယ်။
ဂယ်ရီနဗီးလ်က “ပြင်သစ်၊ဂျာမနီ၊စပိန်တို့ရှိတယ်။
ဘရာဇီးနဲ့အာဂျင်တီးနားကလည်းတော်တော်ကောင်းနေတယ်။
ဆီနီဂေါပါ။ဒီအသင်းတွေအားလုံးတော်တော်ကောင်းတဲ့
အသင်းတွေဖြစ်ပါတယ်”လို့ပြောကြားသွားပါတယ်။
မီကာရစ်ချက်က “နှစ်အနည်းငယ်လိုသေးတယ်လို့ထင်တယ်။
ပြောရမယ်ဆိုရင်ဂျူ့ဘယ်လင်ဂန်လိုကစားသမားမျိုးအသင်းမှာ
ပါဝင်လာတဲ့အခါမျိုးမှာပေါ့”လို့ပြောကြားသွားပါတယ်။
ဒါ့အပြင်ဂယ်ရီနဗီးလ်နှင့်မီကာရစ်ချက်တို့ကဆောက်သမ်တန်
အသင်းခေါင်းဆောင်ဂျိမ်းစ်ဝတ်စ်ပရောက်ကို
အင်္ဂလန်အသင်းနှင့်အတူကမ္ဘာ့ဖလားပြိုင်ပွဲတွင်မြင်တွေ့လိုတဲ့
Underrated ကစားသမားအဖြစ်ရွေးချယ်သွားကြပါတယ်။
အသက်၂၇နှစ်ရှိဆောက်သမ်တန်အသင်းခေါင်းဆောင်ဟာ
အင်္ဂလန်အတွက်၂၀၁၇ခုနှစ်တွင်စတင်ကစားခွင့်ရပြီးနောက်
၉ပွဲတည်းသာကစားခွင့်ရထားသူဖြစ်ပါတယ်။
zawgyi
ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ အဂၤလန္အသင္း ခ်န္ပီယံျဖစ္ရန္အခြင့္အေရးမရွိေၾကာင္း ဂယ္ရီနဗီးလ္ႏွင့္မီကာရစ္ခ်က္တို႔ ေျပာၾကား
အဂၤလန္လက္ေ႐ြးစင္ေဟာင္းမ်ားျဖစ္ၾကတဲ့
ဂယ္ရီနဗီးလ္ႏွင့္မီကာရစ္ခ်က္တို႔ကအဂၤလန္အသင္းမွာ
ကာတာတြင္က်င္းပမယ့္ကမာၻ႔ဖလားၿပိဳင္ပြဲတြင္
ခ်န္ပီယံျဖစ္ရန္အခြင့္အေရးမရွိေၾကာင္းေျပာၾကားလာပါတယ္။
ဂယ္ရီနဗီးလ္ႏွင့္မီကာရစ္ခ်က္တို႔ဟာ Sky Bet ႏွင့္
ပူးေပါင္းကာ Agree To Disagree အစီအစဥ္ကို
တင္ဆင္ခဲ့တာျဖစ္ၿပီးယင္းတြင္အဂၤလန္အသင္းရဲ႕
ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခြင့္ႏွင့္ပတ္သက္ၿပီးေဆြးေႏြးခဲ့ၾကပါတယ္။
ဂယ္ရီနဗီးလ္က “ကြၽန္ေတာ္ကေတာ့သေဘာမတူဘူး။
ျဖစ္ႏိုင္မယ္မထင္ဘူး။သူတို႔ဟာအရင္တုန္းထက္
အမ်ားႀကီးနီးစပ္လာတယ္ပါတယ္။
အရမ္းေကာင္းေနတယ္။ၿပီးခဲ့တဲ့ၿပိဳင္ပြဲႏွစ္ခုမွာ
အေကာင္းဆုံးလုပ္ႏိုင္ခဲ့ၾကတယ္။
ျဖစ္လာဖို႔ေတာ့ေမွ်ာ္လင့္ပါတယ္။
ဒါေပမဲ့ကြၽန္ေတာ္တို႔အေျခအေနအရပ္ရပ္ကိုသုံးသပ္ၾကည့္ရပါမယ္။
သူတို႔ဟာထိုက္တယ္တန္၊ေဆာက္ဂိတ္လည္း
ထိုက္တန္တယ္လို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။
မီကာရစ္ခ်က္က “သူတို႔ဟာကမာၻ႔ဖလားမွာ
ဆီမီးဖိုင္နယ္သို႔တက္ခဲ့တယ္။ယူ႐ိုမွာဗိုလ္လုပြဲတက္ခဲ့တယ္။
ဒီတစ္ႀကိမ္ဘာျဖစ္လာမလဲ”လို႔ ေမးျမန္းသြားပါတယ္။
ဂယ္ရီနဗီးလ္က “ျပင္သစ္၊ဂ်ာမနီ၊စပိန္တို႔ရွိတယ္။
ဘရာဇီးနဲ႔အာဂ်င္တီးနားကလည္းေတာ္ေတာ္ေကာင္းေနတယ္။
ဆီနီေဂါပါ။ဒီအသင္းေတြအားလုံးေတာ္ေတာ္ေကာင္းတဲ့
အသင္းေတြျဖစ္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။
မီကာရစ္ခ်က္က “ႏွစ္အနည္းငယ္လိုေသးတယ္လို႔ထင္တယ္။
ေျပာရမယ္ဆိုရင္ဂ်ဴ႕ဘယ္လင္ဂန္လိုကစားသမားမ်ိဳးအသင္းမွာ
ပါဝင္လာတဲ့အခါမ်ိဳးမွာေပါ့”လို႔ေျပာၾကားသြားပါတယ္။
ဒါ့အျပင္ဂယ္ရီနဗီးလ္ႏွင့္မီကာရစ္ခ်က္တို႔ကေဆာက္သမ္တန္
အသင္းေခါင္းေဆာင္ဂ်ိမ္းစ္ဝတ္စ္ပေရာက္ကို
အဂၤလန္အသင္းႏွင့္အတူကမာၻ႔ဖလားၿပိဳင္ပြဲတြင္ျမင္ေတြ႕လိုတဲ့
Underrated ကစားသမားအျဖစ္ေ႐ြးခ်ယ္သြားၾကပါတယ္။
အသက္၂၇ႏွစ္ရွိေဆာက္သမ္တန္အသင္းေခါင္းေဆာင္ဟာ
အဂၤလန္အတြက္၂၀၁၇ခုႏွစ္တြင္စတင္ကစားခြင့္ရၿပီးေနာက္
၉ပြဲတည္းသာကစားခြင့္ရထားသူျဖစ္ပါတယ္။