ဘရာဇီးက ဆားဘီးယားကို ၂-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ရသွားခဲ့တဲ့ ဒဏ်ရာကြောင့် တိုက်စစ်မှူးနေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးတဲ့အချိန်အထိကို အနားယူရဖို့ ရှိနေတယ်လို့ ကနဦး သတင်းတွေအရ
သိရပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးဟာ အဲဒီပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား မီလန်ကိုဗစ် ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရတဲ့နောက် ခြေချင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာကို ရေခဲအုံရတဲ့အဆင့်အထိ
ပြင်းထန်ခဲ့ပါတယ်။ ဒါ့အပြင် ဒဏ်ရာကြောင့် အန်တိုနီနဲ့ လူစားလဲခံရခဲ့ရတဲ့အချိန်မှာလည်း နေမာဟာ ကွင်းထဲကနေပြီး မျက်ရည်စတွေနဲ့ ထွက်လာခဲ့တဲ့သူပါ။ လက်ရှိမှာ နေမာရဲ့ ဒဏ်ရာအခြေအနေ
အတိမ်အနက်ကို အတိအကျ သတင်းထုတ်ပြန်တာမျိုး မရှိသေးပေမဲ့ ဘရာဇီးနည်းပြ တစ်တီကတော့ ဘာစီလိုနာကစားသမား ဟောင်းဟာ ဘရာဇီးအတွက် အရေးပါသူဖြစ်လို့ နောက်ပွဲမှာလည်း
ကစားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘရာဇီးအသင်းဆရာ ဝန်ဖြစ်တဲ့ ဒေါက်တာ ရိုဒရီဂိုကတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်ပြီး လုပ် သွားရဖို့ ရှိနေတယ်လို့ ဖွင့်ဟပါတယ်။
‘’နေမာဟာ သူ့ရဲ့ ညာဘက်ခြေ ထောက် ခြေချင်းဝတ်အဆစ်လွဲသွားတာပါ။ ပြိုင်ဘက်ကစားသမားရဲ့ ဒူးနဲ့ တိုက်ရိုက် ထိခိုက်မိချိန်မှာ ဒဏ်ရာ အနာတရ ဖြစ်တဲ့သဘောပါ။ အဲဒီလို ထိ ချက်ကပဲ
သူ့ကို ဒဏ်ရာ ရစေခဲ့တာပါ။ ခြေချင်းဝတ်ပတ်လည်နားမှာ နည်း နည်းပါးပါး ယောင်ယမ်းတာမျိုးရှိခဲ့တယ်။ အရန်ခုံရောက်တော့ သူ့ကို ကျွန် တော်တို့ ရေခဲအုံပြီး ကုပေးခဲ့တာပါ။ အခုဆိုရင် သူက
လိုအပ်တဲ့ ကုထုံးတွေ နဲ့ ကုသမှု ခံယူနေပါပြီ။ စစ်ဆေးဖို့အတွက်တော့ အစီအစဉ်ဆွဲထားတာမျိုး မရှိသေးပါဘူး။ လိုအပ်တယ်ဆိုရင်တော့ ကျွန်တော်တို့ လုပ်မှာပါ။ မနက် ဖြန် ကျရင်တော့ အဲဒါတွေ
လုပ်ဖို့လိုလား မလိုဘူးလားဆိုတာကို ဆုံးဖြတ်ပါမယ်။ မျှော်လင့်ရတာကတော့ စောင့်ကြည့်ဖို့ပါပဲ။ ကျွန်တော်တို့မှာ တခြားဖြေစရာ တော့ မရှိတော့ပါဘူး။ စောင့်ကြည့်ဖို့ပဲ အရေးကြီးတာပါ’’ လို့
ဘရာဇီးအသင်း ဆရာဝန်ဖြစ်တဲ့ ဒေါက်တာ ရိုဒရီဂိုက ဆားဘီးယားနဲ့ ပွဲစဉ်အပြီးမှာ ပြောဆို သွားခဲ့ပါတယ်။ ပြိုင်ဘက်ကစားသမားနဲ့ ထိခိုက်ခဲ့ပုံအရဆိုရင်တော့ နေမာ ဟာ ခြေချင်းဝတ်တစ်ခုလုံး
ပြင်းပြင်းထန်ထန် နာကျင်ခဲ့ပုံရတာကြောင့် နောက်လာမယ့် ပွဲစဉ်တွေ အားလုံးအတွက် သံသယဖြစ်စရာ အနေအထား ကို ရောက်သွားခဲ့ပါတယ်။
(Zawgyi)
ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကို ပွဲကြည့်ပရိသတ်လုပ်ရမယ့်ကိန်းဆိုက်သွားတဲ့ နေမာ