ကမ္ဘာ့ဖလားပြိုင်ပွဲကို ခေါင်းထဲ ထည့်မထားဘူးဆိုတဲ့ ဂွါဒီယိုလာ

ဒီနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ဘရန်ဖို့ဒ်နဲ့ ပွဲစဉ်မှာ ကစားသမားတွေရဲ့ အနားယူချိန်ကို ငဲ့ကွက်ပြီး လူချန်ပေးတာမျိုးတွေ လုပ်မှာမဟုတ်ဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကို လာ မယ့် တစ်ပတ်မှာ စတင်ကျင်းပတော့မှာ ဖြစ်တာကြောင့် ကစားသမားတွေ အနေနဲ့ အနားယူဖို့ အချိန်လိုအပ်နေပေမဲ့ ပရီးမီးယားလိဂ် နိုင်ပွဲရရေးကိုသာ

အာရုံစိုက်ထားပြီး သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် စဉ်းစားပေးမှာ မဟုတ်ဘူးလို့ စပိန်သား နည်းပြက ဆိုပါတယ်။ နောက်ပြီး အခု ပွဲစဉ်မှာ လူစာရင်း ရွေးချယ်မှုနဲ့

ပတ်သက်ပြီးလည်း အဓိက ကစားသမားတွေ ကိုသာ အသုံးပြုသွားမှာ ဖြစ်ပြီး လူချန်ကစားတာမျိုး လုပ်မှာမဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောဆိုခဲ့ပါတယ်။ ‘’ကျွန်တော်တို့ အခုအချိန်အထိ

မြင်ခဲ့ရတာ ကတော့ ချဲလ်ဆီး၊ ဖူလ်ဟမ်တို့နဲ့ ပွဲစဉ်တွေမှာဆိုရင် ၁၀ ယောက်-၁၁ ယောက် ကစားခဲ့ရတာပါ။ သူတို့က ရာနှုန်းပြည့် ပေးဆပ်ကစားသွားခဲ့ကြတာမျိုး ဖြစ်တယ်။ အခုက နောက်ဆုံး ပွဲစဉ်လေ။

ကစားသမား အများစုက ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးတော့မှသာ ပြန်ရောက်လာကြမှာဖြစ်ပါတယ်။ သူတို့ ပွဲတွေ ပန်းနေကြမှာဖြစ်တယ်လို့ ကျွန်တော် သေချာပြောရဲတယ်။ အဲဒါက အရမ်းကို အန္တရာယ်များလွန်းတဲ့

ကိစ္စလည်း ဖြစ်တယ်။ နောက်ဆုံး ရက်တွေမှာ ကျွန်တော် စကားပြောစရာ ရှိတာကြောင့် သူတို့ ကျွန်တော်နဲ့အတူ ရှိနေ ရမှာ ဖြစ်ပါတယ်။ ၄ ရက်ကျန်နေသေးပြီး ဒီမှာ ၃ ရက် သူတို့ နေပါလိမ့်မယ်။

သူတို့ ပြန်သွားလို့ မရဘူး။ ဒီမှာ နေရမှာ။ သူတို့ကို နိုင်ငံလက်ရွေးစင်အသင်း တွေအတွက် လုံး၀ ပေးနားတာမျိုး မလုပ်ပါဘူး။ လုံးဝကို မလုပ်ဘူး။ အဲဒီလို မျိုး လုပ်ဖို့လည်း ကျွန်တော့်ကို ပြောထားတာမျိုး မရှိပါဘူး။

ကျွန်တော့်ကို ပြောဆိုဖို့လည်း မလိုအပ်ဘူးလေ။ ကျွန်တော့်ကို မပြောဖို့လည်း အကြံပေးပါ တယ်’’ လို့ ဂွါဒီယိုလာက သောကြာနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

ဘရန်ဖို့ဒ်ပွဲစဉ်ပြီးသွားတဲ့နောက်မှာတော့ သူဟာ ဘာစီလိုနာကို ရက်အနည်းငယ်လောက် ပြန်သွားမှာဖြစ်ပြီး သူ့ရဲ့ အဖေ၊ သားသမီးတွေနဲ့ ဆွေမျိုးတွေကို တွေ့ဆုံဖို့ ဖြစ်တယ်လို့ သိရပါတယ်။

နောက်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ရုပ်သံကတစ်ဆင့်ပဲ တိုက်ရိုက် ကြည့်ရှု မှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

(Zawgyi)

ကမာၻ႔ဖလားၿပိဳင္ပြဲကို ေခါင္းထဲ ထည့္မထားဘူးဆိုတဲ့ ဂြါဒီယိုလာ

ဒီေန႔ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ဘရန္ဖို႔ဒ္နဲ႔ ပြဲစဥ္မွာ ကစားသမားေတြရဲ႕ အနားယူခ်ိန္ကို ငဲ့ကြက္ၿပီး လူခ်န္ေပးတာမ်ိဳးေတြ လုပ္မွာမဟုတ္ဘူးလို႔ မန္ စီးတီးနည္းျပ ဂြါဒီယိုလာက ေျပာဆိုလိုက္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲကို လာ မယ့္ တစ္ပတ္မွာ စတင္က်င္းပေတာ့မွာ ျဖစ္တာေၾကာင့္ ကစားသမားေတြ အေနနဲ႔ အနားယူဖို႔ အခ်ိန္လိုအပ္ေနေပမဲ့ ပရီးမီးယားလိဂ္ ႏိုင္ပြဲရေရးကိုသာ အာ႐ုံစိုက္ထားၿပီး

သက္ဆိုင္ရာ လက္ေ႐ြးစင္အသင္းေတြအတြက္ စဥ္း စားေပးမွာ မဟုတ္ဘူးလို႔ စပိန္သား နည္းျပက ဆိုပါတယ္။ ေနာက္ၿပီး အခု ပြဲစဥ္မွာ လူစာရင္း ေ႐ြးခ်ယ္မႈနဲ႔ ပတ္သက္ၿပီးလည္း အဓိက

ကစားသမားေတြ ကိုသာ အသုံးျပဳသြားမွာ ျဖစ္ၿပီး လူခ်န္ကစားတာမ်ိဳး လုပ္မွာ မဟုတ္ဘူးလို႔ ဂြါဒီယိုလာက ေျပာဆိုခဲ့ပါတယ္။ ‘’ကြၽန္ေတာ္တို႔ အခုအခ်ိန္အထိ ျမင္ခဲ့ရတာကေတာ့

ခ်ဲလ္ဆီး၊ ဖူလ္ဟမ္တို႔နဲ႔ ပြဲစဥ္ေတြမွာဆိုရင္ ၁၀ ေယာက္-၁၁ ေယာက္ ကစားခဲ့ရတာပါ။ သူတို႔က ရာႏႈန္းျပည့္ ေပးဆပ္ကစားသြားခဲ့ၾက တာမ်ိဳး ျဖစ္တယ္။ အခုက ေနာက္ဆုံး ပြဲစဥ္ေလ။

ကစားသမား အမ်ားစုက ကမာၻ႔ဖလားၿပိဳင္ပြဲ ၿပီးေတာ့မွသာ ျပန္ေရာက္လာၾကမွာျဖစ္ပါတယ္။ သူတို႔ ပြဲေတြ ပန္းေနၾကမွာျဖစ္တယ္လို႔ ကြၽန္ေတာ္ ေသခ်ာေျပာရဲတယ္။

အဲဒါက အရမ္းကို အႏၲရာယ္မ်ားလြန္းတဲ့ ကိစၥလည္း ျဖစ္တယ္။ ေနာက္ဆုံး ရက္ေတြ မွာ ကြၽန္ေတာ္ စကားေျပာစရာ ရွိတာေၾကာင့္ သူတို႔ ကြၽန္ေတာ္နဲ႔အတူ ရွိေန ရမွာ ျဖစ္ပါတယ္။

၄ ရက္က်န္ေနေသးၿပီး ဒီမွာ ၃ ရက္ သူတို႔ ေနပါလိမ့္မယ္။ သူတို႔ ျပန္သြားလို႔ မရဘူး။ ဒီမွာ ေနရမွာ။ သူတို႔ကို ႏိုင္ငံလက္ေ႐ြးစင္အသင္း ေတြအတြက္ လုံး၀ ေပးနားတာမ်ိဳး မလုပ္ပါဘူး။ လုံးဝကို မလုပ္ဘူး။

အဲဒီလို မ်ိဳး လုပ္ဖို႔လည္း ကြၽန္ေတာ့္ကို ေျပာထားတာမ်ိဳး မရွိပါဘူး။ ကြၽန္ေတာ့္ကို ေျပာဆိုဖို႔လည္း မလိုအပ္ဘူးေလ။ ကြၽန္ေတာ့္ကို မေျပာဖို႔လည္း အႀကံေပးပါ တယ္’’ လို႔ ဂြါဒီယိုလာက

ေသာၾကာေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲ မွာ ေျပာဆိုသြားခဲ့တာျဖစ္ပါတယ္။ ဘရန္ဖို႔ဒ္ပြဲစဥ္ၿပီးသြားတဲ့ေနာက္မွာေတာ့ သူဟာ

ဘာစီလိုနာကို ရက္အနည္းငယ္ေလာက္ ျပန္သြားမွာျဖစ္ၿပီး သူ႔ရဲ႕ အေဖ၊ သားသမီးေတြနဲ႔ ေဆြမ်ိဳးေတြကို ေတြ႕ဆုံဖို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲကိုလည္း ႐ုပ္သံကတစ္ဆင့္ပဲ တိုက္႐ိုက္ ၾကည့္ရႈ မွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။