ဖီဖာဥက္ကဌအင်ဖန်တီနိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃နှစ် တစ်ကြိမ်ကျင်းပဖို့
ဆန္ဒရှိလာပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကာတာနိုင်ငံမှာ
အောင်မြင်စွာကျင်းပနိုင်ခဲ့တာက အင်ဖင်တီနိုကို ခွန်အားဖြစ်စေခဲ့သလို
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို
ကမ္ဘာ့ဖလားပုံစံကျင်းပဖို့ရှိနေတယ်လို့ အတည်ပြုထားခဲ့ပါတယ်။
ဥရောပရဲ့ဆောင်းရာသီအလယ်မှာ ကစားပွဲတွေကိုကျင်းပခြင်းနဲ့အတူ
အပြောင်းအလဲတစ်ခုပြုလုပ်နိုင်ခဲ့တာကြောင့် အင်ဖန်တီနိုဘက်က
ဒီအခြေအနေကိုဆက်လက်သယ်ဆောင်သွားဖို့အလိုရှိနေတာဖြစ်တယ်။
ကာတာနိုင်ငံရဲ့အပူဒဏ်ဟာ ကစားသမားတွေကိုလောင်ကျွမ်းစေပြီး
ဒဏ်ရာပြဿနာတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပေမဲ့ စွဲဆောင်မှုရှိအောင်
လုပ်နိုင်ခဲ့သလို စံချိန်တင်ဝင်ငွေ ပေါင် ၆.၂ ဘီလီယံအထိရရှိခဲ့တာဖြစ်တယ်။
ဒါဟာ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားထက် ပေါင် ၈၄၀ သန်းအထိ
ဝင်ငွေပိုတိုးလာခဲ့တာပါ။ ဒါကြောင့် အင်ဖန်တီနိုဘက်က
ဘောလုံးနဲ့ပတ်သတ်တဲ့ ရေရှည်စက်ဝန်းတစ်ခုကိုအသစ်တဖန်
တည်ဆောက်ဖို့ကြိုးစားလာတာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို
၃နှစ် တစ်ကြိမ်ကျင်းပဖို့ရှိနေပြီး ကြားကာလထဲမှာ ကလပ်ကမ္ဘာ့ဖလား၊
ယူရိုပြိုင်ပွဲတွေကို ကျင်းပဖို့ စီစဉ်လာတာဖြစ်တယ်။
ဒါပေမဲ့ ဒီအပြောင်းအလဲတွေဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲပြီးမှသာ ဖြစ်လာနိုင်ခြေရှိပါတယ်။
zawgyi
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၃နှစ် တစ်ကြိမ်ကျင်းပပြီး ကလပ်ကမ္ဘာ့ဖလားနဲ့ ယူရိုကိုကြားညှက်ကစားဖို့ အင်ဖန်တီနို ဆန္ဒရှိလာ