





အင်္ဂလန်ကြယ်ပွင့်ကယ်ဗင်ဖိလစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကပြန်လာချိန်မှာ
အဝလွန်ပြီးလေ့ကျင့်ခန်းမဆင်းနိုင်ဘူးလို့ မန်စီးတီးနည်းပြဂွါဒီယိုလာက





ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကယ်ဗင်ဖိလစ်ဟာ လီဗာပူးနဲ့ကစားခဲ့တဲ့
ကာရာဘောင်းဖလား ၁၆ သင်းအဆင့်ပွဲစဉ်လူစာရင်းမှာ အံ့အားသင့်ဖွယ်
မပါဝင်ခဲ့တာဖြစ်တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့





ဝေါ်လ်ကာ၊ ဂျွန်စတုန်း၊ ဂျက်ဂရီလက်ရှ်နဲ့ ဖိုဒန်တို့အားလုံး
အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမဲ့ ကယ်ဗင်ဖိလစ်မပါဝင်ခဲ့နိုင်ပါဘူး။





လိဒ်ယူနိုက်တက်ကနေ မန်စီးတီးကိုပြောင်းရွှေ့လာခဲ့တဲ့
ကယ်ဗင်ဖိလစ်ဟာ ဂွါဒီယိုလာရဲ့အသင်းအတွက် ၅၃မိနစ်သာ
ကစားခွင့်ရထားပြီး ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက်





မိနစ် ၄၀ သာပါဝင်ကစားခွင့်ရထဲ့တာပါ။ အစောပိုင်းမှာတော့
ကြံ့ခိုင်မှုအားနည်းတယ်လို့ သတင်းထွက်ခဲ့ပေမဲ့ ပွဲကြိုသတင်းစာ





ရှင်းလင်းပွဲမှာတော့ ဂွါဒီယိုလာက “သူဒဏ်ရာမရခဲ့ပါဘူး၊
ဝိတ်တက်ပြီးပြန်ရောက်လာတာပါ။ ဘာကြောင့်အဝလွန်နေတာလည်း
မသိပါဘူး။ လေ့ကျင့်ရေးကွင်းထဲမှာပါဝင်ကစားနိုင်လောက်တဲ့





အခြေအနေကိုမရောက်ခဲ့ပါဘူး။ အဲ့ဒါကြောင့် သူမကစားနိုင်ဘူး။
အဆင်သင့်ဖြစ်ရင် သူပြန်ကစားမှာဖြစ်ပေမဲ့ ငါတို့သူ့ကိုလိုအပ်နေတယ်။





အများကြီးကိုလိုအပ်နေတာ” လို့ အသိပေးပြောဆိုခဲ့ပါတယ်။
zawgyi





ကမာၻ႔ဖလားၿပိဳင္ပြဲကေနျပန္လာခ်ိန္မွာ ဝိတ္တက္ေနတဲ့ကီဗင္ဖိလစ္ကို ဂြါဒီယိုလာ ေဝဖန္လိုက္
အဂၤလန္ၾကယ္ပြင့္ကယ္ဗင္ဖိလစ္ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲကျပန္လာခ်ိန္မွာ





အဝလြန္ၿပီးေလ့က်င့္ခန္းမဆင္းႏိုင္ဘူးလို႔ မန္စီးတီးနည္းျပဂြါဒီယိုလာက
ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ကယ္ဗင္ဖိလစ္ဟာ လီဗာပူးနဲ႔ကစားခဲ့တဲ့
ကာရာေဘာင္းဖလား ၁၆ သင္းအဆင့္ပြဲစဥ္လူစာရင္းမွာ အံ့အားသင့္ဖြယ္





မပါဝင္ခဲ့တာျဖစ္တယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ အဂၤလန္ၾကယ္ပြင့္ေတြျဖစ္တဲ့
ေဝၚလ္ကာ၊ ဂြၽန္စတုန္း၊ ဂ်က္ဂရီလက္ရွ္နဲ႔ ဖိုဒန္တို႔အားလုံး





အရန္လူစာရင္းမွာ ပါဝင္ခဲ့ေပမဲ့ ကယ္ဗင္ဖိလစ္မပါဝင္ခဲ့ႏိုင္ပါဘူး။
လိဒ္ယူႏိုက္တက္ကေန မန္စီးတီးကိုေျပာင္းေ႐ႊ႕လာခဲ့တဲ့
ကယ္ဗင္ဖိလစ္ဟာ ဂြါဒီယိုလာရဲ႕အသင္းအတြက္ ၅၃မိနစ္သာ





ကစားခြင့္ရထားၿပီး ကာတာကမာၻ႔ဖလားမွာ အဂၤလန္အတြက္
မိနစ္ ၄၀ သာပါဝင္ကစားခြင့္ရထဲ့တာပါ။ အေစာပိုင္းမွာေတာ့





ႀကံ့ခိုင္မႈအားနည္းတယ္လို႔ သတင္းထြက္ခဲ့ေပမဲ့ ပြဲႀကိဳသတင္းစာ
ရွင္းလင္းပြဲမွာေတာ့ ဂြါဒီယိုလာက “သူဒဏ္ရာမရခဲ့ပါဘူး၊
ဝိတ္တက္ၿပီးျပန္ေရာက္လာတာပါ။ ဘာေၾကာင့္အဝလြန္ေနတာလည္း





မသိပါဘူး။ ေလ့က်င့္ေရးကြင္းထဲမွာပါဝင္ကစားႏိုင္ေလာက္တဲ့
အေျခအေနကိုမေရာက္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ သူမကစားႏိုင္ဘူး။





အဆင္သင့္ျဖစ္ရင္ သူျပန္ကစားမွာျဖစ္ေပမဲ့ ငါတို႔သူ႔ကိုလိုအပ္ေနတယ္။
အမ်ားႀကီးကိုလိုအပ္ေနတာ” လို႔ အသိေပးေျပာဆိုခဲ့ပါတယ္။