ကမ္ဘာ့ဖလားနဲ့ အာဂျင်တီးနားအတွက် ဒွိဟဖြစ်စရာ မက်ဆီ

ဒီနေ့ ယှဉ်ပြိုင်ကစားမယ့် လိုရီယန့်နဲ့ ပွဲစဉ်မှာ ကြံ့ခိုင်မှု ပြဿနာကြောင့် ပီအက်စ်ဂျီနဲ့အတူ မပါဝင်နိုင်ဘူးလို့ သတင်းထွက်လာတဲ့ တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့ဖလား

ပြိုင်ပွဲဝင်မယ့် အာဂျင်တီးနားအသင်းအတွက်လည်း စိုးရိမ်စရာ ဖြစ်လာရပြီလို့ နောက်ဆက်တွဲ သတင်းတွေက ရေးသားဖော်ပြနေပါတယ်။ အာဂျင်တီးနားအဓိပတိ

ကစားသမားဖြစ်တဲ့ မက်ဆီဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဒဏ်ရာပြဿနာမျိုးစုံ ကို ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ သူဟာ ခြေဖနောင့်ကြော

ဒဏ်ရာ ရထားတာ မျိုး ရှိနေသလို ပေါင်ခြံဒဏ်ရာတွေလည်း ရှိနေတာကြောင့် အသင်းနဲ့အတူ ပုံမှန်လုပ်နေကျ လေ့ကျင့်ခန်းမျိုးတွေ မလုပ်နိုင်ဘူးလို့ Sportkeeda

သတင်း ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားပါတယ်။ ဒါပေမဲ့ အဒီ ဒဏ်ရာတွေဟာ အကြီးစားဒဏ်ရာမျိုးတွေတော့ မဟုတ်ဘဲ အပေါ့စား ဒဏ်ရာမျိုးအဆင့်သာ

ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် သီတင်းပတ်မှာတော့ မက်ဆီဟာ အသင်းနဲ့အတူ ပုံမှန်လေ့ကျင့်ခန်းတွေ ပြန်ဆင်းနိုင်ဖို့ နည်းပြ ဂယ်တီယာတစ်ယောက်

မျှော်လင့်ကောင်း မျှော်လင့်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ လက်ရှိ ပီအက်စ်ဂျီအသင်းတိုက်စစ်မှာ အမ်ဘာပီ၊ နေမာ၊ မက်ဆီ တိုက်စစ်အတွဲဟာ အတောက်ပဆုံးအချိန်ကို

ရောက်နေတဲ့အတွက် မက်ဆီ မပါဝင်နိုင်ဘူးဆိုတဲ့ သတင်းဟာ ပဲရစ်ကလပ်အတွက်တော့ ကြီးမားတဲ့ ထိုးနှက်ချက်တစ်ရပ်ဖြစ် ပါတယ်။ အလားတူပါပဲ။ နှစ်ပတ်အကြာမှာ

ကျင်းပတော့မယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ပါဝင်ယှဉ်ပြိုင်မယ့် အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက်လည်း ရတက်မအေးဖြစ်ရတဲ့ အခြေအနေမျိုးကို

ရောက်လာနေတာမျိုး ရှိပါတယ်။ မက်ဆီဟာ ပေါင်ခြံဒဏ်ရာရခဲ့တာကြောင့် ဒီရာသီရဲ့ ပီအက်စ်ဂျီ ပွဲစဉ် ၂ ပွဲကို လွဲချော်ခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ မက်ဆီရဲ့

ဒဏ်ရာအခြေအနေဟာ မပြောပ လောက်ဘူးဆိုပေမယ့် ဒဏ်ရာပြဿနာမျိုးစုံ ရှိနေတဲ့ ကစားသမား တစ်ယောက်အတွက် ပင်လယ်ကွေ့နိုင်ငံဆီကို သွားရောက်ရမယ့်

ကမ္ဘာ့ဖလားခရီးကြမ်းက သာယာဖြောင့်ဖြူးဖို့ ရှိမနေတော့ဘူးဆိုတာ သေချာနေပြီ ဖြစ်သလို ဒွိဟဖြစ်စရာလည်း ကောင်းနေပါတယ်။

(Zawgyi)

ကမာၻ႔ဖလားနဲ႔ အာဂ်င္တီးနားအတြက္ ဒြိဟျဖစ္စရာ မက္ဆီ

ဒီေန႔ ယွဥ္ၿပိဳင္ကစားမယ့္ လိုရီယန႔္နဲ႔ ပြဲစဥ္မွာ ႀကံ့ခိုင္မႈ ျပႆနာေၾကာင့္ ပီအက္စ္ဂ်ီနဲ႔အတူ မပါဝင္ႏိုင္ဘူးလို႔ သတင္းထြက္လာတဲ့ တိုက္စစ္မႉး မက္ဆီဟာ

ကမာၻ႔ဖလား ၿပိဳင္ပြဲဝင္မယ့္ အာဂ်င္တီးနားအသင္းအတြက္လည္း စိုးရိမ္စရာ ျဖစ္လာရၿပီလို႔ ေနာက္ဆက္တြဲ သတင္းေတြက ေရးသားေဖာ္ျပေနပါတယ္။ အာဂ်င္တီးနားအဓိပတိ

ကစားသမားျဖစ္တဲ့ မက္ ဆီဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ဒဏ္ရာျပႆနာမ်ိဳးစုံ ကို ရင္ဆိုင္ခဲ့ရသူျဖစ္ပါတယ္။ သူဟာ ေျခဖေနာင့္ေၾကာ

ဒဏ္ရာ ရထားတာ မ်ိဳး ရွိေနသလို ေပါင္ၿခံဒဏ္ရာေတြလည္း ရွိေနတာေၾကာင့္ အသင္းနဲ႔အတူ ပုံမွန္လုပ္ေနက် ေလ့က်င့္ခန္းမ်ိဳးေတြ မလုပ္ႏိုင္ဘူးလို႔ Sportkeeda

သတင္း ဝက္ဘ္ဆိုက္က ေရးသားေဖာ္ျပထားပါတယ္။ ဒါေပမဲ့ အဒီ ဒဏ္ရာေတြဟာ အႀကီးစားဒဏ္ရာမ်ိဳးေတြေတာ့ မဟုတ္ဘဲ အေပါ့စား ဒဏ္ရာမ်ိဳးအဆင့္ သာ ရွိတယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ လာမယ့္ သီတင္းပတ္မွာေတာ့ မက္ဆီဟာ အသင္းနဲ႔အတူ ပုံမွန္ေလ့က်င့္ခန္းေတြ ျပန္ဆင္းႏိုင္ဖို႔ နည္းျပ ဂယ္တီယာတစ္ ေယာက္ ေမွ်ာ္လင့္ေကာင္း

ေမွ်ာ္လင့္ေနတာမ်ိဳးလည္း ရွိႏိုင္ပါတယ္။ လက္ရွိ ပီအက္စ္ဂ်ီအသင္းတိုက္စစ္မွာ အမ္ဘာပီ၊ ေနမာ၊ မက္ဆီ တိုက္စစ္အတြဲဟာ အေတာက္ပဆုံးအခ်ိန္ကို ေရာက္ေနတဲ့အတြက္ မက္ဆီ

မပါဝင္ႏိုင္ဘူးဆိုတဲ့ သတင္းဟာ ပဲရစ္ကလပ္အတြက္ေတာ့ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ရပ္ျဖစ္ ပါတယ္။ အလားတူပါပဲ။ ႏွစ္ပတ္အၾကာမွာ က်င္းပေတာ့မယ့္ ကမာၻ႔ဖလား

ၿပိဳင္ပြဲႀကီးကို ပါဝင္ယွဥ္ၿပိဳင္မယ့္ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းအတြက္ လည္း ရတက္မေအး ျဖစ္ရတဲ့ အေျခအေနမ်ိဳးကို ေရာက္လာေနတာမ်ိဳး ရွိပါ တယ္။ မက္ဆီဟာ

ေပါင္ၿခံဒဏ္ရာရခဲ့တာေၾကာင့္ ဒီရာသီရဲ႕ ပီအက္စ္ဂ်ီ ပြဲစဥ္ ၂ ပြဲကို လြဲေခ်ာ္ခဲ့ၿပီးျဖစ္ပါတယ္။ လက္ရွိမွာ မက္ဆီရဲ႕ ဒဏ္ရာအေျခအေနဟာ မေျပာပ ေလာက္ဘူးဆိုေပမယ့္

ဒဏ္ရာျပႆနာမ်ိဳးစုံ ရွိေနတဲ့ ကစားသမား တစ္ေယာက္အတြက္ ပင္လယ္ေကြ႕ႏိုင္ငံဆီကို သြားေရာက္ရမယ့္ ကမာၻ႔ ဖလားခရီးၾကမ္းက သာယာေျဖာင့္ျဖဴးဖို႔

ရွိမေနေတာ့ဘူးဆိုတာ ေသခ်ာေနၿပီ ျဖစ္သလို ဒြိဟျဖစ္စရာလည္း ေကာင္းေနပါတယ္။