





လူဆေးလ်ကွင်းထဲမှာ ပြင်သစ်ကိုအနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံဆု
အရယူနိုင်ခဲ့တာကို မယုံနိုင်ဘူးဖြစ်နေတယ်လို့ မက်ဆီက





အင်စတာဂရမ်စာမျက်နှာကနေ သူ့ရဲ့ခံစားချက်ကို ပရိသတ်သိအောင်
မျှဝေခဲ့ပါတယ်။ သူ့ရဲ့တောက်ပတဲ့ကစားသမားဘဝအတွက်
တစ်ခုတည်းသောလက်ကျန်ဆုဖလားကို ကာတာနိုင်ငံမှာ





အရယူနိုင်ခဲ့တာဖြစ်ပြီး အာဂျင်တီးနားနိုင်ငံရဲ့ဂုဏ်ကျက်သရေကို
မြှင့်တင်ပေးနိုင်ခဲ့တာဖြစ်တယ်။ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက်





အကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးခဲ့တဲ့ မက်ဆီက
“ကမ္ဘာ့ချန်ပီယံများ…အကြိမ်ပေါင်းများစွာမက်ခဲ့တဲ့ အိပ်မက်၊
ဒါကိုလိုချင်ခဲ့ပြီး ပြုတ်ကျမသွားခဲ့တဲ့အတွက် ယုံတောင်မယုံနိုင်ပါဘူး။





ကျွန်တော့်ကိုယုံယုံကြည်ကြည် အားပေးခဲ့ကြသူတွေနဲ့ မိသားစုဝင်တွေကို
ကျေးဇူးတင်ပါတယ်။ စည်းစည်းလုံးလုံးနဲ့တိုက်ပွဲဝင်လိုက်တဲ့အခါ





ရည်မှန်းချက်ပန်းတိုင်ကိုအရောက်လှမ်းနိုင်တယ်ဆိုတာကို
အာဂျင်တီးနားသားတွေက သက်သေပြနေပါတယ်။ အာဂျင်တီးနားသား
အားလုံးရဲ့ တူညီတဲ့အိပ်မက်အတွက် တိုက်ပွဲဝင်ခဲ့သူတိုင်းရဲ့





အစွမ်းသတ္တိပြခဲ့တာပါ။ ငါတို့လုပ်နိုင်ခဲ့ပြီ…အာဂျင်တီးနားရေဆက်သွားစို့၊
ငါတို့မကြာခင်ပြန်တွေ့ကြမယ်နော်” လို့ အင်စတာဂရမ်စာမျက်နှာမှာ





ရေးသားသွားခဲ့တာဖြစ်တယ်။ မက်ဆီဟာ နိုင်ငံအသင်းနဲ့ သမိုင်းဝင်
အောင်မြင်မှုရခဲ့ပြီဖြစ်လို့ လာမယ့် ၂၀၂၃ ဘလွန်းဒီအော်ဆုကလည်း သူ့တွက်ဖြစ်ဖို့သေချာသွားခဲ့ပါပြီ။





zawgyi
ကမာၻ႔ဖလားနဲ႔ပတ္သတ္တဲ့ သူ႔ရဲ႕ရင္တြင္းခံစားခ်က္ကို အင္စတာဂရမ္ကတစ္ဆင့္ မက္ဆီ မွ်ေဝေပးခဲ့





လူေဆးလ္ကြင္းထဲမွာ ျပင္သစ္ကိုအႏိုင္ယူၿပီး ကမာၻ႔ခ်န္ပီယံဆု
အရယူႏိုင္ခဲ့တာကို မယုံႏိုင္ဘူးျဖစ္ေနတယ္လို႔ မက္ဆီက
အင္စတာဂရမ္စာမ်က္ႏွာကေန သူ႔ရဲ႕ခံစားခ်က္ကို ပရိသတ္သိေအာင္





မွ်ေဝခဲ့ပါတယ္။ သူ႔ရဲ႕ေတာက္ပတဲ့ကစားသမားဘဝအတြက္
တစ္ခုတည္းေသာလက္က်န္ဆုဖလားကို ကာတာႏိုင္ငံမွာ





အရယူႏိုင္ခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားႏိုင္ငံရဲ႕ဂုဏ္က်က္သေရကို
ျမႇင့္တင္ေပးႏိုင္ခဲ့တာျဖစ္တယ္။ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္
အေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးခဲ့တဲ့ မက္ဆီက





“ကမာၻ႔ခ်န္ပီယံမ်ား…အႀကိမ္ေပါင္းမ်ားစြာမက္ခဲ့တဲ့ အိပ္မက္၊
ဒါကိုလိုခ်င္ခဲ့ၿပီး ျပဳတ္က်မသြားခဲ့တဲ့အတြက္ ယုံေတာင္မယုံႏိုင္ပါဘူး။





ကြၽန္ေတာ့္ကိုယုံယုံၾကည္ၾကည္ အားေပးခဲ့ၾကသူေတြနဲ႔ မိသားစုဝင္ေတြကို
ေက်းဇူးတင္ပါတယ္။ စည္းစည္းလုံးလုံးနဲ႔တိုက္ပြဲဝင္လိုက္တဲ့အခါ
ရည္မွန္းခ်က္ပန္းတိုင္ကိုအေရာက္လွမ္းႏိုင္တယ္ဆိုတာကို





အာဂ်င္တီးနားသားေတြက သက္ေသျပေနပါတယ္။ အာဂ်င္တီးနားသား
အားလုံးရဲ႕ တူညီတဲ့အိပ္မက္အတြက္ တိုက္ပြဲဝင္ခဲ့သူတိုင္းရဲ႕





အစြမ္းသတၱိျပခဲ့တာပါ။ ငါတို႔လုပ္ႏိုင္ခဲ့ၿပီ…အာဂ်င္တီးနားေရဆက္သြားစို႔၊
ငါတို႔မၾကာခင္ျပန္ေတြ႕ၾကမယ္ေနာ္” လို႔ အင္စတာဂရမ္စာမ်က္ႏွာမွာ
ေရးသားသြားခဲ့တာျဖစ္တယ္။ မက္ဆီဟာ ႏိုင္ငံအသင္းနဲ႔ သမိုင္းဝင္





ေအာင္ျမင္မႈရခဲ့ၿပီျဖစ္လို႔ လာမယ့္ ၂၀၂၃ ဘလြန္းဒီေအာ္ဆုကလည္း သူ႔တြက္ျဖစ္ဖို႔ေသခ်ာသြားခဲ့ပါၿပီ။