ကမ္ဘာ့ဖလားဒိုင်လက်စွမ်းပြခဲ့တဲ့ အနီကတ် ၁၀ ကတ်နဲ့ ပွဲကြမ်းခဲ့တဲ့ အာဂျင်တီးနားဖလားလုပွဲ

ဘိုကာဂျူနီယာနဲ့ ရေးဆင်းတို့ရဲ့ အာဂျင်တီးနားရှုံးထွက်ဖလားဗိုလ်လုပွဲဟာ ကွင်းလယ်ဒိုင်လူကြီးလက်စွမ်းပြတဲ့ပွဲ ဖြစ်သွားပါတယ်။

အဲဒီပွဲမှာ ရေးဆင်းဟာ နာကျင်အချိန်ပိုအရောက် ၂-၁ နဲ့ ဘိုကာဂျူနီယာကို အနိုင်ရဗိုလ်စွဲခဲ့ပေမယ့်

ကွင်းလယ်ဒိုင်တယ်လိုကသာ ဗိုလ်လုပွဲရဲ့အဓိကအာရုံစိုက်စရာဖြစ်ခဲ့တာပါ။

၁-၁ ဖြစ်နေခဲ့တဲ့ သာမန်ပွဲချိန်ရဲ့နာကျင်အချိန်ပိုအရောက်မှာ ပင်နယ်တီတောင်းရာကနေ ခိုက်ရန်ဖြစ်ပွားခဲ့ကြလို့

တစ်ဖက် တစ်ယောက်စီ စတင်အထုတ်ခံခဲ့ရပါတယ်။

အဲဒါနဲ့ အချိန်ပို မိနစ် ၃၀ ဆက်ကန်တော့ အချိန်ပိုဒုတိယပိုင်းပြီးခါနီးဖြစ်တဲ့ ၁၁၈ မိနစ်မှာ ဧည့်သည်ရေးဆင်းအသင်းက အနိုင်ဂိုးရရှိသွားခဲ့ပါတယ်။

အနိုင်ဂိုးသွင်းခဲ့တဲ့ ရေးဆင်းကစားသမားအယ်ကာရက်ဇ်က အိမ်ရှင်ဘိုကာဂျူနီယာပရိသတ်ရှေ့မှောက်မှာ

သွားရောက်အောင်ပွဲခံခဲ့ကြလို့ အဲဒီမှာပဲ ပြႆနာအကြီးအကျယ်စတက်ခဲ့တာပါ။

ဒါကို မကျေနပ်ရာကနေ နှစ်ဖက်ကစားသမားတွေ ရုန်းရင်ဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။

အဲဒီမှာတင် ကာတာကမ္ဘာ့ဖလားမှာ ကိုင်တွယ်မယ့်ကွင်းလယ်ဒိုင်က အနီကတ်တွေ လက်မလည်အောင် ပြပါတော့တယ်။

အနိုင်ဂိုးသွင်းသူအယ်ကာရက်ဇ်ရော နောက်ထပ်ရေးဆင်းကစားသမားတစ်ယောက်ပါ ပွဲမပြီးခင် အနီကတ်နဲ့ထုတ်ပယ်ခံခဲ့ရတာပါ။

ဘိုကာဂျူနီယာဘက်ကဆို စုစုပေါင်း ၇ ယောက်တောင် ဖြစ်သွားပါတယ်။

အဲဒီမှာ နည်းပြအဖွဲ့ဝင်တစ်ယောက်လည်းပါပြီး ရေးဆင်းဘက်ကတော့ စုစုပေါင်း ၃ ယောက် အနီထိခဲ့တာပါ။

zawgyi

ကမာၻ႔ဖလားဒိုင္လက္စြမ္းျပခဲ့တဲ့ အနီကတ္ ၁၀ ကတ္နဲ႔ ပြဲၾကမ္းခဲ့တဲ့ အာဂ်င္တီးနားဖလားလုပြဲ

ဘိုကာဂ်ဴနီယာနဲ႔ ေရးဆင္းတို႔ရဲ႕ အာဂ်င္တီးနားရႈံးထြက္ဖလားဗိုလ္လုပြဲဟာ ကြင္းလယ္ဒိုင္လူႀကီးလက္စြမ္းျပတဲ့ပြဲ ျဖစ္သြားပါတယ္။

အဲဒီပြဲမွာ ေရးဆင္းဟာ နာက်င္အခ်ိန္ပိုအေရာက္ ၂-၁ နဲ႔ ဘိုကာဂ်ဴနီယာကို အႏိုင္ရဗိုလ္စြဲခဲ့ေပမယ့္ ကြင္းလယ္ဒိုင္တယ္လိုကသာ ဗိုလ္လုပြဲရဲ႕အဓိကအာ႐ုံစိုက္စရာျဖစ္ခဲ့တာပါ။

၁-၁ ျဖစ္ေနခဲ့တဲ့ သာမန္ပြဲခ်ိန္ရဲ႕နာက်င္အခ်ိန္ပိုအေရာက္မွာ ပင္နယ္တီေတာင္းရာကေန ခိုက္ရန္ျဖစ္ပြားခဲ့ၾကလို႔ တစ္ဖက္ တစ္ေယာက္စီ စတင္အထုတ္ခံခဲ့ရပါတယ္။

အဲဒါနဲ႔ အခ်ိန္ပို မိနစ္ ၃၀ ဆက္ကန္ေတာ့ အခ်ိန္ပိုဒုတိယပိုင္းၿပီးခါနီးျဖစ္တဲ့ ၁၁၈ မိနစ္မွာ ဧည့္သည္ေရးဆင္းအသင္းက အႏိုင္ဂိုးရရွိသြားခဲ့ပါတယ္။

အႏိုင္ဂိုးသြင္းခဲ့တဲ့ ေရးဆင္းကစားသမားအယ္ကာရက္ဇ္က အိမ္ရွင္ဘိုကာဂ်ဴနီယာပရိသတ္ေရွ႕ေမွာက္မွာ သြားေရာက္ေအာင္ပြဲခံခဲ့ၾကလို႔ အဲဒီမွာပဲ ျပႆနာအႀကီးအက်ယ္စတက္ခဲ့တာပါ။

ဒါကို မေက်နပ္ရာကေန ႏွစ္ဖက္ကစားသမားေတြ ႐ုန္းရင္ဆန္ခတ္ျဖစ္ခဲ့ၾကပါတယ္။

အဲဒီမွာတင္ ကာတာကမာၻ႔ဖလားမွာ ကိုင္တြယ္မယ့္ကြင္းလယ္ဒိုင္က အနီကတ္ေတြ လက္မလည္ေအာင္ ျပပါေတာ့တယ္။

အႏိုင္ဂိုးသြင္းသူအယ္ကာရက္ဇ္ေရာ ေနာက္ထပ္ေရးဆင္းကစားသမားတစ္ေယာက္ပါ ပြဲမၿပီးခင္ အနီကတ္နဲ႔ထုတ္ပယ္ခံခဲ့ရတာပါ။

ဘိုကာဂ်ဴနီယာဘက္ကဆို စုစုေပါင္း ၇ ေယာက္ေတာင္ ျဖစ္သြားပါတယ္။

အဲဒီမွာ နည္းျပအဖြဲ႕ဝင္တစ္ေယာက္လည္းပါၿပီး ေရးဆင္းဘက္ကေတာ့ စုစုေပါင္း ၃ ေယာက္ အနီထိခဲ့တာပါ။