ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲမအောင်ခဲ့ပေမယ့် Play-offs ပွဲတွေအထိ နည်းပြဆန်းတို့စ်နဲ့လမ်းခွဲဖို့ မရှိ

ဥရောပထိပ်သီးပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုတွင်းမှာ

ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပြီး တိုက်ရိုက်ခြေစစ်ပွဲအောင်မယ့်အခွင့်အရေးကို

လက်လွှတ်ခဲ့ရပေမယ့်လည်း လာမယ့် Play-offs ပွဲတွေအထိ နည်းပြအဖြစ်

ဖာနန်ဒိုဆန်းတို့စ် ဆက်ရှိနေဦးမှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု

နောက်ဆုံးပွဲဖြစ်တဲ့ ဆားဘီးယားနဲ့အိမ်ကွင်းပွဲမှာ ပေါ်တူဂီအသင်းဟာ

သရေတစ်မှတ်ရရုံနဲ့တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှုမှာဖြစ်ပေမယ့်

(၂-၁)ဂိုးနဲ့ရှုံးနိမ့်ခဲ့တာကြောင့် Play-offs ဆက်လက်ကစားရတော့မှာပါ။

အဲဒီပွဲမှာ ပေါ်တူဂီအသင်းအတွက် ကွင်းလယ်လူရီနာတိုဆန်းချက်ဇ်က

အဖွင့်ဂိုးသွင်းခဲ့ပေမယ့် ဦးဆောင်ဂိုးကို မထိန်းထားနိုင်ဘဲ (၃၃)မိနစ်မှာ

တာဒစ်က ဆားဘီးယားအသင်းအတွက်ချေပဂိုးသွင်းယူခဲ့ပြီး ပွဲပြီးခါနီးမှာ

မီထရိုဗစ်က အိမ်ရှင်ပရိသတ်တွေအသည်းကွဲစေမယ့်

အနိုင်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီအသင်းရဲ့ အုပ်စုတွင်းမှာ ဆားဘီးယား၊ အိုင်ယာလန်၊

လူဇင်ဘတ်၊ အဇာဘိုင်ဂျန်စတဲ့အသင်းတွေသာ ပါဝင်ခဲ့ပေမယ့်

အုပ်စုဗိုလ်နေရာမရခဲ့တဲ့အတွက် နည်းပြဖာနန်ဒိုဆန်းတို့စ်ဟာ

ဖိအားတွေနဲ့ရင်ဆိုင်နေရပါပြီ။ ဒါပေမဲ့လည်း ဖာနန်ဒိုဆန်းတို့အနေနဲ့

လာမယ့်မတ်လအတွင်းကစားမယ့် Play-offs ပွဲမှာ အသင်းကို

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်စွမ်းဆောင်နိုင်ဖို့

အခွင့်အရေးရှိနေတာကြောင့် သူ့ရဲ့နည်းပြရာထူးက စိတ်ချရတဲ့

အနေအထားမှာရှိနေဆဲဖြစ်တယ်လို့ ပေါ်တူဂီသတင်းစာ A Bola က

ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ကလည်း

ဖာနန်ဒိုဆန်းတို့စ်အပေါ် ယုံကြည်မှုရှိနေဆဲဖြစ်ပြီး ပေါ်တူဂီအသင်းကို

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ရရှိအောင်စွမ်းဆောင်နိုင်မယ်ဆိုတာ

ယုံကြည်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

zawgyi

ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲမေအာင္ခဲ့ေပမယ့္ Play-offs ပြဲေတြအထိ နည္းျပဆန္းတို႔စ္နဲ႔လမ္းခြဲဖို႔ မရွိ

ဥေရာပထိပ္သီးေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စုတြင္းမွာ

ဒုတိယေနရာနဲ႔သာေက်နပ္ခဲ့ရၿပီး တိုက္႐ိုက္ေျခစစ္ပြဲေအာင္မယ့္အခြင့္အေရးကို

လက္လႊတ္ခဲ့ရေပမယ့္လည္း လာမယ့္ Play-offs ပြဲေတြအထိ နည္းျပအျဖစ္

ဖာနန္ဒိုဆန္းတို႔စ္ ဆက္ရွိေနဦးမွာျဖစ္ပါတယ္။ ကမာၻ႔ဖလားေျခစစ္ပြဲအုပ္စု

ေနာက္ဆုံးပြဲျဖစ္တဲ့ ဆားဘီးယားနဲ႔အိမ္ကြင္းပြဲမွာ ေပၚတူဂီအသင္းဟာ

သေရတစ္မွတ္ရ႐ုံနဲ႔တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မႈမွာျဖစ္ေပမယ့္

(၂-၁)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တာေၾကာင့္ Play-offs ဆက္လက္ကစားရေတာ့မွာပါ။

အဲဒီပြဲမွာ ေပၚတူဂီအသင္းအတြက္ ကြင္းလယ္လူရီနာတိုဆန္းခ်က္ဇ္က

အဖြင့္ဂိုးသြင္းခဲ့ေပမယ့္ ဦးေဆာင္ဂိုးကို မထိန္းထားႏိုင္ဘဲ (၃၃)မိနစ္မွာ

တာဒစ္က ဆားဘီးယားအသင္းအတြက္ေခ်ပဂိုးသြင္းယူခဲ့ၿပီး ပြဲၿပီးခါနီးမွာ

မီထ႐ိုဗစ္က အိမ္ရွင္ပရိသတ္ေတြအသည္းကြဲေစမယ့္

အႏိုင္ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။ ေပၚတူဂီအသင္းရဲ႕ အုပ္စုတြင္းမွာ

ဆားဘီးယား၊ အိုင္ယာလန္၊ လူဇင္ဘတ္၊ အဇာဘိုင္ဂ်န္စတဲ့အသင္းေတြသာ

ပါဝင္ခဲ့ေပမယ့္ အုပ္စုဗိုလ္ေနရာမရခဲ့တဲ့အတြက္ နည္းျပဖာနန္ဒိုဆန္းတို႔စ္ဟာ

ဖိအားေတြနဲ႔ရင္ဆိုင္ေနရပါၿပီ။ ဒါေပမဲ့လည္း ဖာနန္ဒိုဆန္းတို႔အေနနဲ႔

လာမယ့္မတ္လအတြင္းကစားမယ့္ Play-offs ပြဲမွာ အသင္းကို

ကမာၻ႔ဖလားေျခစစ္ပြဲေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္ဖို႔

အခြင့္အေရးရွိေနတာေၾကာင့္ သူ႔ရဲ႕နည္းျပရာထူးက စိတ္ခ်ရတဲ့

အေနအထားမွာရွိေနဆဲျဖစ္တယ္လို႔ ေပၚတူဂီသတင္းစာ A Bola က

ေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ေပၚတူဂီေဘာလုံးအဖြဲ႕ခ်ဳပ္ကလည္း

ဖာနန္ဒိုဆန္းတို႔စ္အေပၚ ယုံၾကည္မႈရွိေနဆဲျဖစ္ၿပီး ေပၚတူဂီအသင္းကို

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဝင္ခြင့္ရရွိေအာင္စြမ္းေဆာင္ႏိုင္မယ္ဆိုတာ

ယုံၾကည္တယ္လို႔ထုတ္ျပန္ခဲ့ပါတယ္။